ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည့် အစိုးရအဖွဲ့ ၀င်ဝန်ကြီးများအနေဖြင့် အစိုးရ အဖွဲ့မှ နုတ်ထွက်ရန်မလိုဘဲ ခေတ္တတာဝန်လွှဲပြောင်း၍ ရွေး ကောက်ပွဲတွင် မဲဆွယ်နိုင် ကြောင်း သတင်းရရှိသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥပဒေတွင် မပြဋ္ဌာန်းထားဘဲ အကြမ်းဖျင်း အားဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါကမဲဆွယ်ကာလတွင် အစိုးရအဖွဲ့တာဝန်
များကို ခေတ္တလွှဲပြောင်း၍ ရွေး ကောက်ပွဲဝင်နိုင်သည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်မှ ညွှန်ကြားရေးမှူး ဦးလှ မောင်ချိုကပြောသည်။
‘‘ဘယ်ပါတီကပဲဖြစ်ဖြစ် အစိုးရအဖွဲ့က နုတ်ထွက်စရာ မလိုပါဘူး။ ရွေးကောက်ပွဲမတိုင် ခင် မဲဆွယ်ကာလနှစ်လအတွက် အစိုးရအဖွဲ့မှာ တာဝန်ခေတ္တလွှဲ ပြောင်းပြီး လုပ်နိုင်ပါတယ်။ ရွေး ကောက်ပွဲပြီး အာဏာလွှဲပြောင်း မှပဲ အစိုးရအဖွဲ့က နုတ်ထွက်ရ မှာပါ’’ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယ၀န် ကြီး ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။
အစိုးရအဖွဲ့ဝင်ပြည်ထောင် စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီး များ၏ ရာထူးသက်တမ်းသည် ပုံမှန်အားဖြင့် သမ္မတ၏ ရာထူး သက်တမ်းနှင့် အတူတူသာဖြစ် သည့်အတွက် ရွေးကောက်ပွဲအပြီးအာဏာလွှဲပြောင်းသည့်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
‘‘ပြန်ရွေးကောက်ခံမယ့် ၀န် ကြီးကလည်း နုတ်ထွက်စရာမလို ပါဘူး။ ဒါပေမဲ့သက်တမ်းက ကုန်မှာ ဖြစ်တဲ့အတွက် အကုန်လုံးက နောက်အစိုးရအဖွဲ့မှာ ပြန်ပါ၊ မပါဆိုတာကတော့ နောက်ခံပါတီအဖွဲ့အစည်းနဲ့ပဲ သက်ဆိုင်ပါ တယ်’’ဟု ရွေးကောက်ပွဲတွင် အာဏာရမည့်ပါတီ ကျောထောက်နောက်ခံရှိသည့် ၀န်ကြီးများက ရာထူးပြန်လည်ရရှိနိုင်ပုံကို ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင် ဥပဒေပညာရှင် ဦးသန်းမောင်က ပြောသည်။
လက်ရှိအစိုးရအဖွဲ့၏ ပြည် ထောင်စုဝန်ကြီးများသည် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်အများစုဖြစ်နေသော ကြောင့် ပြည်ထောင်စုဝန်ကြီးများ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မည်ဆိုပါက လာမည့်ဇွန်လတွင် အစိုးရအဖွဲ့မှ နုတ်ထွက်ရမည်ဟု သတင်းများထွက်ပေါ်နေသည်။
Credit - 7DAY DAILY
No comments:
Post a Comment