Tuesday, January 27, 2015

ဆန္ဒပြမှု ရပ်ဆိုင်းပေးရန် မြင်းခြံ ပါချုပ်တားမြစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် သပိတ်မှောက်နေသည့် ကျောင်းသားသပိတ် စစ်ကြောင်းကို မြင်းခြံ ဒီဂရီကောလိပ် ပါမောက္ခချုပ်က ဆန္ဒပြမှုကို ရပ်ဆိုင်းပေးရန် ဇန်နဝါရီ ၂၇ ရက် နေ့လည်က လာတားခဲ့သည်ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားသူများ အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က မဇ္ဈိမကို ပြောသည်။

Student-Strike-Mandalay-Began-Marching-03
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသား ၁၀၀ ခန့်က မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝန်းမှ စတင်ကာ ဇန်နဝါရီ ၂၀ ရက် နံနက်က ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)



"ကျွန်တော်တို့ကို ပါချုပ်က လွှတ်တော်မှာ နည်းဥပဒေကို ပြင်ဆင်ဖို့ သမ္မတထံကိုလည်း သဝဏ်လွှာ ပို့ထားတယ်။ ပြင်ဆင်ဖို့ လုပ်နေတဲ့အချိန်ကို ဆန္ဒပြမှုကို ခဏရပ်ထားပေးဖို့ စိတ်ရှည်ရှည် စောင့်ကြည့်ဖို့ လာပြောတယ်၊ ကျွန်တော်တို့ ယုံကြည်ချက်နဲ့ပဲ ဆက်လက်ဆန္ဒပြမှာပါပဲ"ဟု ၎င်းက ပြောသည်။

မန္တလေးမှ သပိတ်မှောက် ကျောင်းသားများကမူ လေးပွင့်ဆိုင်တွေ့ဆုံမှုကိုသာ လိုချင်ကြောင်းနှင့် ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER ) မှ ထုတ်ပြန်ထားသည့် အချက် (၁၁) ကို သာလိုချင်ပါတယ်ဟု မြင်းခြံဒီဂရီ ကောလိပ်မှ ပါမောက္ခချုပ်ကို ပြန်လည်ရှင်းပြခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဇန်နဝါရီ ၂၆ ရက်က သပိတ်မှောက် ကျောင်းသားများက မြင်းခြံ ဒီဂရီကောလိပ်မှ နိုင်ငံတော်အလံအား ဖြုတ်ယူကာ ခွပ်ဒေါင်းအလံ လဲလှယ်လွှင့်ထူးခဲ့သည်။

ထိုသို့ ပြုလုပ်ခဲ့သည့် ကျောင်းသားများကိုလည်း မြင်းခြံရဲစခန်းတွင် အမှုဖွင့်ထားပြီး ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Credit - Mizzima News

No comments:

Post a Comment