Friday, January 30, 2015

မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ဆုတ်ယုတ်ကျဆင်းနေဟု HRW ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) ၏ ကမ္ဘာ့အစီရင်ခံစာ ၂ဝ၁၅ အရ မြန်မာ့ လူ့အခွင့်အရေး အခြေအနေမှာ ၂ဝ၁၄ ခုနှစ်တွင် ဆုတ်ယုတ်ကျဆင်းခဲ့သည်ဟု ဖော်ပြထားသည်။

လွန်ခဲ့သည့် သုံးနှစ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စတင်ခဲ့ပြီးနောက်ပိုင်း တိုးတက်မှု နောက်ပြန်ဆုတ်ခဲ့ခြင်းဖြစ်ကာ ပြုပြင်ပြောင်းလဲမှုများ လမ်းကြောင်းပေါ်ရောက်ရှိရန်
အလှူရှင်များနှင့် သြဇာကြီးသော အစိုးရများက မြန်မာနိုင်ငံ၏ စစ်တပ်နှင့် အစိုးရကို ဖိအားမပေးနိုင်သေးဟုလည်း အစီရင်ခံစာတွင် ပါဝင်သည်။

စစ်တပ်ကြီးစိုးသော အစိုးရသည် လူနည်းစု ရိုဟင်ဂျာမွတ်စလင် (HRW ၏ မူရင်းအသုံးအနှုန်း) များကို ဖိနှိပ်၍ လျင်မြန်စွာ ကြီးထွားလာသည့် မီဒီယာလွတ်လပ်ခွင့်များကို လျှော့ချခဲ့သည့်အပြင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲများ မတိုင်မီ အရေးကြီးသည့် အခြေခံဥပဒေဆိုင်ရာပြုပြင်ပြောင်း လဲမှုများကို ပိတ်ဆို့ထားသည်ဟုလည်း ပါဝင်သည်။

HRW ၏ အာရှဒါရိုက်တာ ဘရက်ဒ်အာဒမ်က မတူညီတဲ့ တစ်ဖက်စောင်းနင်း တိုးတက်မှုက နှစ်နှစ်ကြာတဲ့ နောက် ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက ကားတိုက်မှုတစ်ခုဖြစ်လိုက်သလို ပါပဲ ''ဟု ပြောကြားခဲ့သည်။

''အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာတွေ စီးဝင်ရေးအတွက် တခြားနိုင်ငံတွေကို ကျေနပ်အောင်လုပ်ရာမှာ အစိုးရက ယုံကြည်ဟန်ရှိနေပေမဲ့ စစ်တပ်က အခုချိန်အထိ အရေးပါတဲ့ကိစ္စတွေမှာ ဦးစီးဦးဆောင်လုပ်နေ တုံးပါ''ဟုလည်း ၄င်းက ပြောကြားခဲ့သည်။

စာမျက်နှာ ၆၅၆ မျက်နှာပါ ယင်းအစီရင်ခံစာတွင် နိုင်ငံပေါင်း ၉ဝ ကျော်မှ လူ့ အခွင့်အရေးအခြေအနေများ သုံးသပ်ထား ခြင်းဖြစ်သည်။

အာဏာပိုင်များသည် မီဒီယာပြုပြင် ပြောင်းလဲရေးနှင့်ပတ်သက်၍ နောက်ကြောင်းပြန်လှည့်မှုရှိခဲ့ပြီး မီဒီ ယာလွတ်လပ်ခွင့်ကို လျှော့ချသော ဥပဒေများကို ပြဋ္ဌာန်းခဲ့သည့်အပြင် ဂျာနယ်လစ်ငါးဦးနှင့် အယ်ဒီတာ တစ်ဦးကို မတရားပြစ်ဒဏ်ချမှတ်ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် ပါဝင်ရေး သားထားသည့် အကြောင်းအရာများအတွက် ထုတ်ဝေမှုအချို့ကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

၂ဝ၁၄ခုနှစ်၊ စက်တင်ဘာလ ကလည်း မွန်ပြည်နယ်အရှေ့ပိုင်းတွင် စစ်တပ်က ထိန်းသိမ်းထားသော ဂျာနယ်လစ်တစ်ဦးကို သေဆုံးစေခဲ့သည်။

သုံးနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများစွာ လွှတ်ပေးခဲ့သော်လည်း မလွှတ်သေးသည့် နိုင်ငံရေးအကျဉ်း သားမှာ ၂၇ ဦးမှ ၇၂ဦးအထိ ရှိနိုင်သည်ဟုလည်း HRW က ခန့်မှန်းထားသည်။ အာဏာပိုင်များသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးမှုများပြားလာသည်ဟုလည်း ပါဝင်သည်။

ယင်းအပြင် စစ်တပ်နှင့် အစိုးရသည် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရန် တောင်းဆိုမှုများကို ပယ်ချ ထားသည်။ အထူးသဖြင့် ပြင်ဆင်ရန်တောင်းဆိုမှုမှာ သမ္မတဖြစ်ခွင့်ဆိုင်ရာ ဥပဒေပြင်ဆင်ရေး နှင့် လွှတ် တော်တွင် စစ်တပ်က ၂၅ ရာခိုင် နှုန်းပါဝင်မှုမရှိရေး တို့ဖြစ်သည်။ ယင်းသို့ အခြေအနေက ၂ဝ၁၅ ရွေးကောက်ပွဲများမှာ တရားမျှတမှုရှိ၊ မရှိနှင့် ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်နိုင်ခြေရှိ၊ မရှိမှာ မေးခွန်း ထုတ်စရာဖြစ်သည်ဟုလည်း အစီရင်ခံစာက ရေးသားခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment