ရန်ကုန် (မဇ္ဈိမ)။ ။ ကျောင်းသား သပိတ်စစ်ကြောင်းအား တားဆီးရန်
တောင်သာမြို့ နန်းမြင့်ရွာ လမ်းခွဲ တံတားထိပ်တွင် ရဲအင်အား ၂၅၀ ခန့်နှင့်
မီးသတ်ကား၊ ရဲကား၊ လူနာတင်ယာဉ်များ အသင့်ချထားသည့်ဟု ဒီမိုကရေစီ ပညာရေး
ဦးဆောင်လှုပ်ရှားသူများ အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က
မဇ္ဈိမကို ပြောသည်။

အမျိုးသား
ပညာရေး ဥပဒေကို ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသား ၁၀၀ ခန့်က မန္တလေးမြို့
အိမ်တော်ရာ ဘုရားဝန်းမှ စတင်ကာ ဇန်နဝါရီ ၂၀ ရက် နံနက်က ရန်ကုန်မြို့သို့
လမ်းလျှောက်ချီတက်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)
"ကျွန်တော်တို့ နောက်နာရီဝက်လောက်ဆို တံတားထိပ်ရောက်တော့မယ်။ ကျွန်တော်တို့ကို ရေဖြန်းမယ်၊ မျက်ရည်ယိုဗုံးခွဲမယ်လို့ ကျွန်တော်တို့ ထယ်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဆက်ချီတက်မယ်။ ပြန်လည်ကာကွယ်ဖို့ကို အခုအစည်းအဝေးလုပ်နေပါတယ်" ဟု ၎င်းက ဆိုသည်။
ညနေ ၂နာရီ ၄၀ခန့်တွင် ဆန္ဒပြကျောင်းသားများက ပထမစည်း၏ နှစ်မိုင်အကွာသို့ ရောက်ရှိနေပြီဟုလည်း ဆိုသည်။
ကျောင်းသားသပိတ် စစ်ကြောင်းကို စည်းသုံးစည်းချ ထားမြစ်မှုများ ရှိနေပြီး ပထမစည်းသည် တောင်သာမြို့အဝင်တွင်ဖြစ်ပြီး၊ ဒုတိယ စည်းသည် ထမံသီရွာအနီးတွင် တားထားပြီး တတိယစည်းမှာ နဗြင်းရွာအနီးတွင် ရှိသည်။ စည်းတစ်ခုချင်းစီ၌ ရဲကားများ၊ သံဆူးကြိုးများဖြင့် ကာစီးထားသည်ဟု ဒေသခံများက ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment