ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်သည့်ဥပဒေမူကြမ်း တွင် ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ ၄၃၆ တို့အား အတိုက်အခံအင်အားစု များ လိုလားသည့်အတိုင်း ပြင် ဆင်ပေးထားကြောင်း သတင်းရရှိ သည်။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော မိဘ နှစ်ပါးနှင့် ကိုယ်တိုင်က နိုင်ငံသား ဖြစ်လျှင် သမ္မတအဖြစ် ရွေးချယ် ခံနိုင်သည်ဆိုသည့် သတ်မှတ် ချက်အတိုင်းသာ ပြင်ဆင်ထား ကြောင်း သိရသည်။
ထို့အပြင် မဖြစ်မနေပြင်ဆင် ရမည်ဟု အများကတောင်းဆို ထား သည့် ပုဒ်မ ၄၃၆ ကိုလည်း ၇၅ ရာခိုင်နှုန်းကျော်ဟူသော သတ် မှတ်ချက်အစား သုံးပုံနှစ်ပုံဆန္ဒမဲ ဖြင့်ဆိုသည့် သတ်မှတ်ချက်ဖြင့် ပြင်ဆင်ထားသည်ဟု သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်သည့် ဥပဒေမူ ကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ်ရေးကော် မရှင်က ရေးဆွဲခြင်းဖြစ်ပြီး ဥပဒေမူကြမ်း တစ်ခုလုံး ရေးဆွဲပြီးစီးပြီဖြစ်ကြောင်း သိရသည်။
‘‘ဒီအထဲမှာ အများစိတ်ဝင်စားတဲ့ နှစ်ချက်စလုံးကိုပြင်ထား တယ်။ တကယ်မဲခွဲတဲ့အခါမှာ ပြင်နိုင်တာ၊မပြင်နိုင်တာတစ် ကဏ္ဍ၊ ဒီအထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်နိုင်ခွင့်ရှိအောင် ဥက္ကဋ္ဌက ပြင်ပေးထားတယ်လို့ပြောနိုင်တယ်’’ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
သို့သော် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပါက အနိုင်ရမည်၊ မရမည် မခန့်မှန်းနိုင်သေးကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
‘‘ဦးရွှေမန်းက ပြင်ပေးထား တယ်ဆိုပေမယ့် တကယ်တမ်းမဲခွဲ ရင် နိုင်၊ မနိုင်ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ တပ်ကလည်း ကန့် ကွက်နိုင်တာပါပဲ။ ပြည်ခိုင်ဖြိုး တချို့လည်း ကန့်ကွက်နိုင်တာပဲ။ နောက်ဆုံး နာမည်ကောင်းဝင်ယူ တာမျိုးတောင်ဖြစ်နိုင်တယ်’’ ဟု အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆို သည်။
လွှတ်တော်တွင် ဆုံး ဖြတ်ပေးနိုင်သည့် အဓိကအင်အားစုပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အဆိုပါပုဒ်မ ၅၉(စ)ကို အခြေအနေ၊ အချိန်အခါအရ စဉ်းစားဆောင်ရွက်သင့်သည့် ပုဒ်မအဖြစ်သာ တင်ပြထားခြင်းဖြစ်သည်။
မကြာမီ ရက်ပိုင်းတွင် အဆိုပါဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက လွှတ်တော်သို့တင်သွင်းတော့မည်ဖြစ်ကြောင်း သိရသည်။
Credit - 7DAY DAILY
No comments:
Post a Comment