ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ဆန္ဒပြကျောင်းသားတွေ တောင်းဆိုနေတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို အစိုးရက မနေ့က လက်ခံလိုက်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အစိုးရဘက်က လက်ခံနိုင်ဖွယ်ရှိလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ခြောက်ပွင့်ဆိုင်ဆိုတာ လုပ်သင့်တယ်ပေါ့နော်၊ လုပ်မယ် မလုပ်မယ်
ဆိုတာကတော့ထားလိုက်၊ အဓိကကတော့ သမ္မတအပေါ်မှာ မူတည်တယ်၊ ဒါပေမဲ့ ကျမကတော့
ရှင်းရှင်းလင်းလင်းပြောချင်တယ်၊ ဒီလိုဆွေးနွေးညှိနှိုင်းသင့်တဲ့ကိစ္စတွေကို စောစောစီးစီးလုပ်တာ အကောင်းဆုံးပဲ၊ အခုလိုဖိအားပေးမှ မကျေနပ်မှုတွေက အရှိန်တက်လာမှ ညှိနှိုင်းဆွေးနွေးတိုင်ပင်မှုတွေ လက်ခံတယ်ဆိုတာဟာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ဘူးလို့ပဲ ဒီလိုပဲမြင်တယ်"
ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲကို အမြန်ဆုံးကျင်းပပေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာပေးပို့ထားပါတယ်။
Credit - RFA Burmese
No comments:
Post a Comment