![]() |
ကျောက်စာကို ဆရာတော်ဘုရားမှကြည့်ရှု (ဓာတ်ပုံ − Sitagu/Thegon Sayadaw Facebook) |
![]() |
လှူဒါန်းမည့် ကျောက်စာ ဒီဇိုင်း (ဓာတ်ပုံ − Sitagu/Thegon Sayadaw Facebook) |
မော်ကွန်းကမ္ပည်းကျောက် စာကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အဓိပတိသီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ဗိုလ်ချုပ်နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အ ဖြစ် လှူဒါန်းခြင်းဖြစ်သည်။
‘‘လှူမယ်လို့ အကြမ်းဖျင်း သိထားတယ်။ ကုန်ကျငွေ မတွက်ချက်ရသေးဘူး’’ဟု ဆရာတော် ၏ တပည့်အရှင်ကောဝိဒက မိန့် သည်။
မန္တလေးမြို့ ကျောက်ဆစ် တန်းတွင် ဗိုလ်ချုပ်အောင်ဆန်း (ရာပြည့်) မော်ကွန်း ကမ္ပည်း ကျောက်စာကို အပ်ထားပြီး မွေး နေ့အမီ နတ်မောက်မြို့၌ လှူ ဒါန်းမည်ဟု ဆရာတော်ကြီး၏ ကပ္ပိယ တစ်ဦးက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) နှစ်(၁၀၀)ပြည့် မော်ကွန်းကမ္ပည်းကျောက်စာတွင် မြန်မာနိုင်ငံ၏ သားကောင်းရတနာ၊ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်၊ မြန်မာ့လွတ်လပ်ရေးသမိုင်း၏ မျိုးချစ်ခေါင်း ဆောင်၊မြန်မာ့တပ် မတော်မျိုးစေ့ကို စတင်စိုက်ပျိုးခဲ့သူ၊ ရဲဘော်သုံးကျိပ် ခေါင်း ဆောင်၊ မြန်မာ့လွတ်လပ် ရေး တပ်မတော်ကို ဖွဲ့စည်းတည် ထောင်ခဲ့သူ၊ မြန်မာ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းတည် ထောင်သူ၊ မြန်မာ့မျိုးချစ်တပ်မ တော်ကို ဖွဲ့စည်းတည်ထောင်သူ၊ မြန်မာ့တပ်မတော်ကြီး တစ်ခုလုံး ၏ ဖခင်၊ ကိုလိုနီစနစ် တော်လှန် ရေးခေါင်းဆောင်၊ ဖက်ဆစ်စနစ် တော်လှန်ရေးခေါင်းဆောင်၊ ဖဆ ပလအဖွဲ့အစည်းကြီး ဥက္ကဋ္ဌ၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ အသက်နှင့် ခန္ဓာကို စွန့်လွှတ်၍ မြန်မာ့လွတ်လပ်ရေးကို အရယူ ပေးခဲ့သော အာဇာနည်ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟု ညွှန်းဆိုဖော်ပြမည် ဖြစ်သည်။
Credit - 7DAY DAILY
No comments:
Post a Comment