နိုင်ငံရေးတက်ကြွလှုပ် ရှားသူ ဦးဝင်းချိုတည်ထောင်မည့်
ပြည်သူ့အကျိုးပြုလှုပ်ရှားမှုပါတီ တွင် ပါဝင်မည့်သူ ၁၉ ဦးအနက် ခြောက်ဦးမှာ
ဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိသည်။
ပြည်သူ့အကျိုးပြုလှုပ်ရှားမှု ပါတီတည်ထောင်လိုကြောင်း ဦး ၀င်းချိုအပါအ၀င် လူပုဂ္ဂိုလ် ၁၉ ဦးတို့၏ လျှောက်ထားမှုနှင့် ပတ် သက်၍ ယင်းပါတီတည်ထောင် လိုသူများသည် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီသူများဟုတ်၊ မဟုတ် စိ စစ်ရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပြည်ထဲရေးဝန် ကြီးဌာနသို့ ပေးပို့ထားသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ စိစစ်တွေ့ရှိချက်များအရ ဦးဝင်း ချိုနှင့် ဦးဝေဠု(ခ) ဇော်မင်းဝေတို့ သည် ပြစ်ဒဏ်ကျခံနေရခြင်း၊ ဒေါ်မြမင်းသိန်းသည် ကျား၊မ အမည် လွဲမှားနေခြင်း၊ ဦးရန်ပိုင်စိုး(ခ) ရှိုးရှိုးသည် တရားရုံးတွင် အမှုဖွင့် အရေးယူခံနေရခြင်း၊ ဒေါက်တာ ပန်းအိဝင်းချိုသည် ပါတီမှ နုတ် ထွက်လိုကြောင်းနှင့် ဦးကြည်ထွန်း(ခ) ကြည်လွင်သည် လိပ်စာ အတည်ပြုနိုင်ခြင်းမရှိကြောင်း တင်ပြလာသဖြင့် ပါတီတည် ထောင်လိုသူ ၁၉ ဦးအနက်ခြောက် ဦးမှာ သက်ဆိုင်ရာဥပဒေပြဋ္ဌာန်း ချက်များနှင့် မညီညွတ်ဟု သတ် မှတ်သည်။ ထို့ကြောင့် သတ်မှတ် ပြဋ္ဌာန်းချက်များနှင့် အညီ ပါတီ တည်ထောင်လိုသူ ၁၅ ဦးစုစည်း၍အသစ်ပြန်လည်လျှောက်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၉ ရက် ရက်စွဲဖြင့် အကြောင်းပြန် ထားသည်ဟု ဆိုသည်။
ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ် ဖော်မှုကြောင့် ဦးဝင်းချိုနှင့် ဦးဝေ ဠုတို့မှာ ပြစ်ဒဏ်ကျခံနေရပြီး ဦး ရန်ပိုင်စိုးသည် စီမံကိန်းနယ်မြေ အတွင်း ကျူးကျော်မှုအား မြေနေ ရာချထားပေးရန် သတ်မှတ်မြေ နေရာများတွင် တာဝန်ရှိသူများကိုအသိမပေးဘဲ ကျောက်တိုင်များ စိုက်ထူထားသဖြင့် ပဲခူးမြို့၊ အမှတ် (၃) နယ်မြေရဲစခန်းမှ ပုဒ်မ ၃၅၃/၄၄၇ ဖြင့် အမှုဖွင့် အရေးယူခံထားရကာ ပဲခူးမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံးတွင် စစ်ဆေးနေဆဲဖြစ် သည်ဟု ဆိုသည်။
ထို့အပြင် ဒေါက်တာပန်းအိ ၀င်းချိုသည် ဆွစ်ဇာလန်အခြေ စိုက် နယ်စည်းမခြားဆရာဝန် များအဖွဲ့(MSF)တွင် ၀န်ထမ်း အဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ် ကြောင်း သိရှိရပြီး ၎င်းကိုယ်တိုင် က ပြည်သူ့အကျိုးပြုလှုပ်ရှားမှု ပါတီဝင်အဖြစ် လျှောက်ထားခြင်း အပေါ် ပယ်ဖျက်ပေးပါရန် နှုတ် ဖြင့် တင်ပြလာသည့်အတွက် ပါတီမှ ကိုယ်တိုင်ခံဝန်ချက်တောင်းခံခဲ့ သော်လည်း ပေးအပ်ခြင်းမရှိ သေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းပြန်ကြားချက်တွင်ပါရှိသည်။
‘‘ပြည်ထဲရေးက အချက်အ လက်တွေကို စိစစ်တဲ့အချိန်တုန်း ကတော့ ကျွန်တော်ကိုယ်တိုင် လည်း ထောင်ထဲမှာလေ။ ဒါပေမဲ့ ပြည်ထဲရေးကစစ်ပြီး ရွေးကောက် ပွဲကော်မရှင်ကို ပို့တယ်။ နောက် ရွေးကောက်ပွဲကော်မရှင်က ကျွန် တော့်ဆီပြန် အကြောင်းကြားတဲ့ အချိန်မှာ ကျွန်တော်က လွတ်လာပြီးနောက် ဒီလထဲမှာ ဝေဠုလည်း လွတ်ဖို့ရှိတယ်’’ဟု ဦးဝင်းချိုကပြောသည်။
အသစ်ပြန်လည် လျှောက်ထားရန် ရှိ၊ မရှိ ဆွေးနွေးဆုံးဖြတ်မည်ဟု ၎င်းကဆိုသည်။
နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေတွင် ပါတီတည် ထောင်လိုသူများသည် ပုဒ်မခွဲ (င)၌ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်းဟုပါရှိကာ ပုဒ်မ (၆) တွင် စောင့်ထိန်းလိုက်နာရမည့် အချက်များ ဖော်ပြထားရာ ပုဒ်မ ၆ (စ)တွင် နိုင်ငံခြားတိုင်းပြည်တစ်ခု၏အစိုးရ(သို့) ဘာသာရေးအဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်းတစ်ခု(သို့)ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူသုံးစွဲခြင်း(သို့)ယင်းတို့၏ သြဇာခံယူခြင်းမပြုရဟု သတ်မှတ်ထားသည်။

Credit - 7DAY DAILY
No comments:
Post a Comment