အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာက အမိန့်စာအမှတ်၁၃၄၄၈အရ စက်မှု ၁ ၀န်ကြီးဟောင်းဖြစ်သူ လက်ရှိလွှတ်တော်ကိုယ်စားလှယ်နှင့် ကြံ့ /ဖွံ့ပါတီအကြံပေး ဦးအောင်သောင်းအား နာမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ယနေ့ နိုဝင်ဘာ ၁ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် အဆိုပါ စီးပွားရေးအရဒဏ်ခတ်ပိတ်ဆို့မှုသည် ဦးအောင်သောင်းတဦးတည်းကိုသာ ဦးတည်ကြောင်း၊ လက်ရှိအစိုးရအဖွဲ့ မပါဝင်ကြောင်း ဖော်ပြထားသည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးကို
အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေး၍ စောင့်ကြည့်လျက်ရှိကြောင်း၊
အချို့သော ပုဂ္ဂိုလ်များက ပြုပြင်ပြောင်းလဲရေးနှင့်
ဆန့်ကျင်ဘက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းအပေါ် စိုးရိမ်နေကြောင်းလည်း
ဖော်ပြထားသည်။
ဦးအောင်သောင်းသည် ဖြစ်ထွန်းလျက်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ
လျော့ပါးသွားစေရန် ရည်ရွယ်၍ ပဋိပက္ခများ၊ ဖိနှိပ်မှုများ၊ လာဘ်ပေးလာဘ်ယူ
အကျင့်ပျက်ခြစားမှုများ ကိုလုပ်ဆောင်နေသူ ဖြစ်သည်ဟု
ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး(OFAC) ဒါရိုက်တာ Adam J. Szubin ကပြောသည်။ OFAC သည် အမေရိကန်နိုင်ငံခြားရေးမူဝါဒအပေါ်မူတည်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့ခြင်းများကို လုပ်ကိုင်သည့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးတခုဖြစ်သည်။
အမိန့်စာအမှတ် ၁၃၄၄၈အရ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးသည် မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေးကို ပျက်ပြားအောင်လုပ်ဆောင်သူ
ထိပ်သီးအစိုးရအဖွဲ့ဝင်များနှင့် အခြားပုဂ္ဂိုလ်များအား နာမည်ပျက်စာရင်းသွင်း၍ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ပြုခွင့်ရှိကြောင်း သိရသည်။
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment