Monday, November 3, 2014

ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင် အပြည့်အဝ ပါဝင်ဆောင်ရွက်နေဟု ကာချုပ်ပြော

ရဲလင်းထက် | ရန်ကုန်၊ နိုဝင်ဘာ ၁

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင် အပြည့် အဝပါဝင် ဆောင်ရွက် နေကြောင်း အောက်တိုဘာ ၃၁ က နိုင်ငံတော်သမ္မတအိမ်တော်တွင်ကျင်းပ သည့် အမျိုးသားအင်အားခုငါးစုတွေ့ဆုံရာတွင် ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃၁ရက်က နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် အမျိုးသားမ ဟာ မိတ်အင်အားစုငါးစု ပထမဆုံးအကြိမ်တွေ့ဆုံ ရာတွင် ကာကွယ်ရေးဦးစီးချုပ်ပြောဆိုဆွေးနွေး မှုကို သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ်က ယခုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

တွေ့ဆုံပွဲအပြီးကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ ဆွေးနွေးမှုနှင့်ပတ်သက်ပြီး ''တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကတော့ ပထမဆုံးပြောတာ ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ တပ် မတော်အနေနဲ့ အပြည့်အဝပါဝင်နေတယ်လို့ပြော ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တပ်မတော် အနေနဲ့ စိတ်ရှည်သည်းခံပြီး ဆောင်ရွက်တယ်။ သို့သော်အားလုံးကလဲ တစ်ဖက်က စည်းကမ်းကို လိုက်နာဖို့လိုတယ်လို့ ပြောတယ်။ ဒီကိစ္စတွေ ဆောင် ရွက်တဲ့အခါမှာ နိုင်ငံရေးပြဿနာများကို နိုင်ငံ ရေးနည်းနဲ့ဖြေရှင်းပြီး ထိပ်တိုက်တွေ့ဆုံမှုတွေကို ရှောင်ရှားဖို့၊ ဥပဒေများ ပြုသည့်အခါမှာလဲ မဲဆန္ဒ အများစုရဲ့အနိုင်ယူခြင်း အစားလူနည်းစုရဲ့ သဘော တူညီချက်တွေ၊ လူနည်းစုရဲ့ဆန္ဒတွေကို ဥပဒေနဲ့ ညီညွတ်လို့ရှိရင် အလေးဂရုပြုပြီးတော့မှ တူညီ သောဆန္ဒကိုရယူဆောင်ရွက်ဖို့ပြောပါတယ်''ဟု ဦးရဲထွဋ်က ရှင်းလင်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့အချိန်တွင် တိုင်းပြည်အတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးသည် အဓိကကျသည့်အတွက် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းဆောင် ရွက်ကြရန်၊ နိုင်ငံရေး အမြင်ကွဲပြားမှုအပေါ် လက် နက်ကိုင်သောနည်းဖြင့် ဖိအားပေးအသာစီးယူခြင်း နှင့် လက်နက်ကိုင်ပဋိပက္ခသည် ပြည်တွင်းငြိမ်း ချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကိုထိခိုက်စေကြောင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် တပ်မတော်အနေနဲ့ ငြိမ်းချမ်း ရေးနဲ့ပတ်သက် လို့မူဝါဒခြောက်ရပ်ကို ထုတ်ပြန် ထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၏ ဆွေးနွေးချက်များအပေါ် တပ်မ တော်၏ သဘောထားနှင့်ပတ်သက်ပြီး မအံ့ သြမိ ကြောင်း၊ ယခုတွေ့ဆုံပွဲသည် NLD တောင်းဆို ထားသည့် လေးပွင့်ဆိုင် တွေ့ဆုံပွဲမျိုး မဟုတ် ကြောင်း သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ပြော ကြားသည်။
''တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကလဲ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် သဘော တူပါတယ်။ လိုအပ်ရင်ပြင်ရမယ်။ သို့သော် အားလုံး ဆွေးနွေးသလို ဒီအခြေခံဥပဒေမှာပါတဲ့ ပြဋ္ဌာန်း ချက်များအတိုင်း ဖွဲ့စည်းပုံကို လွှတ်တော် အတွင်း မှာပြင်ဖို့လဲ ဆွေးနွေးသဘောတူပါတယ်''ဟု ဦးရဲ ထွဋ်ကပြောသည်။
ပထမဆုံးအကြိမ် ကျင်းပသည့် အမျိုး သားအင်အားစုငါးစုတွေ့ဆုံပွဲတွင် သမ္မတဦးသိန်း စိန်ကကဏ္ဍသုံးရပ်ကိုတင်ပြဆွေးနွေးခဲ့ပြီး အမျိုး သားနိုင်ငံရေး အင်အားစုများအနေဖြင့် နိုင်ငံတည် ငြိမ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် ၂ဝ၁၅ရွေးကောက်ပွဲတို့အတွက် ပွင့် ပွင့်လင်း လင်းအဖြေရှာကြရန် တိုက်တွန်းပြောကြားခဲ့သော် လည်း မည်သည့်ရလဒ်မှ ထွက်ပေါ်လာခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
၂-၁၁-၂၀၁၄ တနင်္ဂနွေနေ့ | Flower News Journal အတွဲ(၁၀) အမှတ် (၄၃)
==========================================
‪#‎YangonMediaGroup‬™ | ‪#‎MZK‬ | #www.yangonmedia.com
==========================================
Photo credit : သမ္မတရုံး

Credit - Yangon Media Group

 

 

 

No comments:

Post a Comment