Monday, November 3, 2014

အာဆီယံထိပ်သီးအစည်းအဝေး လုံခြုံရေးချထားမှု ပထမဆုံးအကြိမ်စစ်ဆေး

အာဆီယံထိပ်သီးအစည်းအဝေး ကြိုတင်ပြင်ဆင်မှုလုံခြုံရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 
အာဆီယံထိပ်သီးအ စည်းအဝေးအတွက် ရဲတပ်ဖွဲ့၏ နေပြည်တော်တစ်ဝိုက်လုံခြုံရေး ချထားမှုအခြေအနေကို ပြည်ထဲ ရေးဝန်ကြီးက ပထမဆုံးအကြိမ် စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
  နိုဝင်ဘာ ၂ရက်က ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီးများလိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးကျင်းပမည့် MICCခန်းမနှစ်ခုအပြင် နိုင်ငံတကာဧည့်သည်များ တည်းခိုရန်စာရင်းပေးထားသည့် ဟိုတယ် ၁၁ လုံးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။

‘‘လုံခြုံရေးကို စအသက် သွင်းပြီပေါ့။ ၀န်ကြီးက စိတ်ကျေ နပ်တဲ့အထိ အကြိမ်ကြိမ်စစ်ဆေး တယ်။ နေပြည်တော်တစ်ခုလုံး ပေါ့။ သွားမယ့် လာမယ့်နေရာ တွေအားလုံးစစ်တာပါ’’ဟု ပြည် ထဲရေးဝန်ကြီးစစ်ဆေးစဉ် လိုက်ပါခဲ့သော ရဲမှူးချုပ်စိုးမြိုင်ကပြောသည်။

အမေရိကန်သမ္မတအိုဘား မား တည်းခိုဖွယ်ရှိသည့် ဟိုတယ် ကို အထူးစစ်ဆေးခဲ့ပြီး အိုဘား မား၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ ၀င်အင်အားနှစ်သောင်းထက်မ နည်း ချထားပြီး  နေပြည်တော်အ ပြင်အနီးပတ်ဝန်းကျင်မြို့များတွင်ပါလုံခြုံရေးစောင့်နေ ကြောင်း မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

နိုင်ငံတကာအဆင့် ပွဲများ လက်ခံကျင်းပရာတွင် ပွဲမကျင်းပ မီခုနစ်ရက်အလို၌ လုံခြုံရေး ရဲအင် အားပြည့်အနေအထားဖြစ်ရန် သတ်မှတ်ထားသည်။ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နိုဝင် ဘာ ၉ ရက်တွင် စတင်မည်ဖြစ်၍ နိုဝင်ဘာ ၂ရက်တွင် ပြည်ထဲရေးဝန်ကြီးက စစ်ဆေးခြင်းဖြစ်ကြောင်း  သတင်းရရှိသည်။

ပြည်ထဲရေးဝန်ကြီး မစစ် ဆေးမီ နိုဝင်ဘာ ၁ရက်က ရဲချုပ်ဇော်ဝင်း စစ်ဆေးခဲ့ပြီး နိုဝင်ဘာ၎ရက်တွင် သမ္မတဦးသိန်းစိန်ကလုံခြုံရေး တာဝန်ယူထားသည့် အနေအထားကို နေပြည်တော်တစ်ခွင်လှည့်လည်၍ လေ့လာဖွယ်ရှိကြောင်း သတင်းရရှိသည်။

Credit - 7DAY DAILY
 

No comments:

Post a Comment