Monday, November 3, 2014

ကြီးလေးကြီးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များတွေ့ဆုံပွဲအပေါ် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့အချို့၏သဘောထားအမြင်များ

- သီဟ(မြစ်မခ)၊ Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၃)။

အောက်တိုဘာ ၃၁ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ကြီးလေးကြီးနှင့် ထိပ်ပိုင်းခေါင်းဆာင်များ တွေ့ဆုံပွဲအပေါ် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ နှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့မှ တာဝန်ရှိသူများ ကို တွေ့ဆုံမေးမြန်းဖြစ်သည်များအားဖော်ပြအပ်ပါသည်။


  နိုင်ဟံသာ(တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) ကိုယ်စားပြု)
*************************************************
သမ္မတအိမ်တော်မှာ နိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံပွဲ အပေါ်ဦးရဲ့အမြင်လေးပြောပါဦး။

ဒါကဒီလိုရှိတယ်။ အခုဖြစ်နေတဲ့အနေအထားပေါ်မှာ ဒီလိုအများနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ နည်း လမ်းတွေရှာတာကတော့ ကောင်းတဲ့လုပ်ရပ်ပါပဲ။ အဖြေ ကဘယ်လိုထွက်မယ်ဆိုတာကတော့ ပြောလို့မတတ်ဘူး လေ။ ဘက်ပေါင်းစုံကလူတွေ ဒီလိုတွေ့ဆုံတယ်ဆိုတာ ကတော့ ကောင်းတဲ့ လုပ်ရပ်ပဲလို့အန်ကယ်တို့မြင်တယ်။

ဒီလိုတွေ့ဆုံတာ နိုဝင်ဘာလထဲမှာ အမေရိကန်သမ္မတလာ မှာမို့လို့ နိုင်ငံရေးလှည့်ကွက်တစ်ခု အနေနဲ့တွေ့ဆုံကြတယ် လို့လည်းကောလာဟလတွေထွက်နေတယ် အဲဒီအပေါ် အန်ကယ့်အမြင်လေးပြောပါဦး။

အေးဒါကလည်း တစ်ဖက်ကလည်း ပြဖို့လို တယ်လေ။ တစ်ဖက်ကလည်းကိုယ့်နိုင်ငံကောင်းဖို့တွက် လုပ်တာဆိုတော့ အပြစ်ပြောဖို့ထက်ကောင်းတဲ့လက္ခဏာ လို့ပဲပြောချင်ပါတယ်။

အခုတက်ရောက်တဲ့အထဲမှာ NCCT ကခေါင်းဆောင် ပိုင်းတွေမပါဘူးလေ။ တက်ရောက်တဲ့လူတွေကလည်း အစိုးရ ပိုင်းကများတော့ ဦးအနေနဲ့ဘယ်လိုပြောချင်ပါသလဲ။

အေးဒါတော့ အစိုးရက သူတို့အဝန်းအဝိုင်း ဘက်နေပြီးတော့မှ အဓိကအခြေခံပြီးတော့ နည်းလမ်း ရှာတာလေ။ သူ့နည်းလမ်းကိုအထောက်အကူပြုဖို့ပဲလေ။ ဒါကအန်ကယ်တို့နဲ့ တိုက်ရိုက်မသက်ဆိုင်သေးတဲ့အ ပေါ်သူတို့ ဒီလိုလုပ်တယ်လေ။ ဒါလည်းတစ်မျိုးကောင်း ပါတယ်။ အထိုက်အလျောက်တော့ဖြစ်တာပေါ့။

ငြိမ်းချမ်းရေးအတွက် အခုဆွေးနွေးပွဲက ဘယ်လိုရလဒ် တွေထွက်လာမယ်လို့ မျှော်လင့်ထားလဲ။

မျှော်လင့်တာတော့မရှိပါဘူး။ ဒါပေမဲ့အမြင် ပေါင်းစုံ ဖလှယ်မှာဆိုတော့ တစ်မျိုးတော့ကောင်းမှာပါ။ တစ်ဖက်က ဒေါ်အောင်ဆန်းစုကြည်တို့ ဆိုရင်လည်း လက် ရှိအနေအထားပေါ်မှာ နိုင်ငံရေးအရ မြန်မြန်ဆန်ဆန် ပြီးဖို့တောင်းဆိုကြမယ်လေ။ ဒီမိုကရေစီအသွင်ဆောင် တဲ့ အပြောင်းအလဲမြန်မြန်လုပ်ဖို့ပေါ့။ သူ့အမြင်ကိုတင် ပြမယ်လေ။ တစ်ဖက်ကဦးခွန်ထွန်းဦးတို့ဆိုရင်လည်း တိုင်းရင်းသားတွေဘက်ကပုံစံနဲ့ အခွင့်အရေးတွေလိုချင် တယ်။ တိုင်းရင်းသား တွေဘက်ကဘယ်လိုဆန္ဒရှိတယ် ဆိုတာတွေကိုတင်ပြနိုင်မယ့်အတွက် အထိုက်အလျောက် တော့ကောင်းမှာပါ။

တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးဦးရဲ့ကိုယ်ပိုင်သုံးသပ်ချက်လေး ပြောပါဦး။

အခုအနေအတားမှာအစိုးရက ပြီးခဲ့တုန်းက အန်ကယ်တို့နဲ့ဆွေးနွေးတဲ့အနေအထားမှာ မပြေလည် သေးတဲ့အချက်တွေရှိတယ်လေ တစ်ဆို့နေတဲ့အပိုင်း တွေရှိနေတယ်လေ။ အဲဒါကဘယ်သူကြောင့်ရယ်လို့ တော့ အန်ကယ်တို့မပြောချင်ပါဘူး။ ဒါပေမဲ့ အဲဒီလို တစ်ဆို့နေတဲ့အနေအထားမှာကျွန်တော်တို့နိုင်ငံအနေ နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဒီလိုတစ်ဆို့နေရင်ကြန့် ကြာသွားနိုင်မယ်လေ။ အခုကတိုက်ပွဲတွေကပိုပြီး ပြင်း ထန်လာတဲ့အနေအထားတွေရှိနေတော့ တစ်ဖက်က ဒီလိုနည်းလမ်းရှာပြီး မြန်မြန်ပြေလည်အောင် လုပ်တဲ့အ တွက် အန်ကယ်အမြင်ကတော့ ကောင်းတဲ့တွေ့ဆုံပွဲလို့ မြင်တယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေတောင်းဆိုထားတာက သုံးပွင့်ဆိုင်တွေ့ဆုံဖို့။ အခုတွေ့တာက ကိုးပွင့်ဆိုင်တွေ့ တော့ အဲဒီပေါ်အမြင်လေးပြောပါဦး။

ဒါကတကယ့်နိုင်ငံရေးဆွေးနွေးပွဲကြီးမဟုတ် သေးဘူးလေ။ သုံးပွင့်ဆိုင်နဲ့တော့ မဆိုင်သေးဘူးဗျ။ ဒါကသက်ဆိုင်ရာခေါင်းဆောင်တွေတွေ့ပြီးတော့ နည်း လမ်းရှာကြတာပါ။ တကယ်နိုင်ငံရေးဆွေးနွေးပွဲကြီး မဟုတ်သေးပါဘူး။

ဒေါက်တာတူးဂျာ(ကချင်ဒီမိုကရေစီပါတီဥက္ကဋ္ဌ)
********************************

တွေ့ဆုံပွဲမှာ ပါဝင်တဲ့သူတွေကိုကြည့်ရင် အစိုးရပိုင်းက လူတွေများနေတဲ့အပေါ် ဦးအမြင်လေးပြောပါ။

တိုင်းရင်းသားတွေဘက်က ပါဝင်မှုနည်းနေ တယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ခေါင်းစဉ်က ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပေါ့နော်။ ပြည်တွင်းပြဿနာက အဓိကဖြစ်လာနိုင်တယ်လေ။ တိုင်း ရင်းသားပါတီဘက်က ပါသင့်ပါထိုက်တဲ့ပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားအရင်းနဲ့ သွားတွေ့ပြီးမှ လူကြီးပိုင်းခေါင်း ဆောင်တွေရဲ့ သဘောထားတွေကိုသိနိုင်မှာပေါ့။ တိုင်း ရင်း သားပါတီတွေဘက်က ခေါင်းဆောင်တွေပါဝင်မှု အားနည်းနေတာတွေ့ရတယ်လို့ ရှမ်းပါတီကပါတယ်။ တခြားပါတီကတော့မပါဘူး။အားလုံးကိုတော့ပါသင့် ပါထိုက်တဲ့ တိုင်းရင်းသားဘက်က ဒီထက်ပါလို့ရှိရင်ပိုပြီး ထိရောက်နိုင်မလားပေါ့နော်၊ ပိုပြီးတော့လည်းအောင် မြင်နိုင်မလားပေါ့နော်။

ခူးဦးရယ်(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဒုတိယ ဥက္ကဋ္ဌ)
***********************************************

နေပြည်တော်မှာကြီးလေးကြီးတွေ့ဆုံတဲ့အပေါ် KNPP သဘောထားသိပါရစေ။

ကျွန်တော်တို့ လက်ခံရမယ်ပေါ့။ ဒါပေမဲ့ တစ်ခုတော့ရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြုပြင် ပြောင်းလဲရေး ပြန်သင့်မြတ်ရေးလုပ်တယ်ဆိုတာအား လုံးပါဝင်မှပဲပြောလို့ဆိုလို့ ဖြစ်မယ့်ကိစ္စလေ။ ဒါပေမဲ့ ဒါက ပထမခြေလှမ်းပေါ့။ အမှန်ကတော့ ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်ရမယ့်ကိစ္စပါပဲ။ သမ္မတကိုယ်တိုင် ဦး စီးပြီး ဒါတွေကို လုပ်နေတာဆိုတော့ကောင်းတာပေါ့။ ကောင်းတဲ့ ရှုထောင့်ကနေပဲပြောရမှာဖြစ်တယ်။

အခုလိုတွေ့ဆုံပွဲကတစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ဆို နိုင်ဖို့အတွက် ဘယ်လောက်အထိအကျိုးသက်ရောက်မှု ရှိမလဲ။

တကယ်တမ်းပြီးပြည့်စုံတဲ့ အနေအထားတစ် ခုကိုရောက်ဖို့ဆိုတော့ သက်ဆိုင်ရာအားလုံးကပါဝင် ဖို့တော့ လိုတာပေါ့..ဒါပေမဲ့ အခုလောလောဆယ်မှာ တော့ အဲဒီအဆင့်ကိုရောက်ဖို့ဆိုတာတော့ လိုသေးတာ ပေါ့လေ။ အဲဒီကိုရောက်ဖို့ကလည်းတစ်ဆင့်ချင်းတစ် ဆင့်ညှိနှိုင်းတွေ့ဆုံပြီးတော့ အဖြေရှာဖို့ တော့လိုတာ ပေါ့။ ငြိမ်းချမ်းရေးအပေါ်သက်ရောက်မှု တစုံတရာတော့။

သက်ရောက်မှုရှိမှာပေါ့လေ..တကယ်ရှင်း ရှင်းပြောရရင်တော့ အာဏာရှိတဲ့ လူတွေရောနိုင်ငံရေး ပါတီကခေါင်းဆောင်တွေရောပါဝင်ပတ်သက်သူတွေ ရဲ့လက်ထက်မှာအဓိကကျတယ်လေ။

အဓိကကျတဲ့သူတွေရဲ့ တွေ့ဆုံဆွေးနွေးမှုဆို တော့ တကယ်လုပ်ငန်းအကောင်အထည်ဖော်ဖို့အတွက် အခရာကျတဲ့နေရာပဲဖြစ်တယ်။ အဓိကကျတဲ့ ပုဂ္ဂိုလ် တွေတွေ့တဲ့အခါကျတော့လည်း ကျွန်တော်တို့ ငြိမ်းချမ်း ရေးဖြစ်စဉ်အတွက်တော့ နည်းမှန်လမ်းမှန်နဲ့ သွားနိုင်ဖို့ အတွက်ကတော့ အများကြီးအကျိုးရှိလိမ့်မယ်လို့မြင်ပါ တယ်။ ဒါပေမဲ့ ဒါကတော့တိကျတဲ့ကိစ္စတော့ မဟုတ်ဘူး ပေါ့နော်..အတိုင်းအတာတစ်ခုထိတော့ ကျွန်တော်တို့ ရောက်မှာပါ။ ဒါပေမဲ့အရေးကြီးတာတစ်ခုကတော့ စေတနာမှန်ဖို့အရေးကြီးပါတယ်။ သက်ဆိုင်သူအားလုံး ကပေါ့နော်။ ရိုးသားဖို့ ပွင့်လင်းဖို့ထင်သာမြင်သာရှိဖို့။ ပြီးရင်စေတနာမှန်ဖို့ အရေးကြီးပါတယ်။

#TheFlowerNews


Credit - Yangon Media Group

 
 

No comments:

Post a Comment