Monday, November 3, 2014

စပါးပေါ်ချိန်တွင် ဈေးထိုးမကျစေရန် ဧည့်မထစပါးတင်းတစ်ရာလျှင် ကျပ်သုံးသိန်းခွဲဖြင့် ၀ယ်ယူရန်စီစဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ခင်းများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

တရုတ်နိုင်ငံသို့ ဆန် တင်ပို့နိုင်ခြင်းမရှိသဖြင့် မိုးစပါး ပေါ်ချိန်တွင် ဈေးနှုန်းထိုးကျခြင်းမှ ကာကွယ်ရန် ဧည့်မထတင်းတစ် ရာလျှင် ကျပ်သုံးသိန်းခွဲဖြင့် ၀ယ် ယူရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှသတင်းရရှိသည်။

‘‘မြန်မာ့လယ်ယာစီးပွားအ များပိုင် ကော်ပိုရေးရှင်းနဲ့ မြန်မာ့ ရှေ့ဆောင်ဘဏ်က ပေါင်းဝယ် တာပါ။ ကျပ်ငွေတစ်ဘီလီယံဖိုး လောက်နဲ့ စ၀ယ်မယ်’’ဟု အဆိုပါ အဖွဲ့ချုပ်ဥက္ကဋ္ဌဦးချစ်ခိုင်ကပြော ကြားသည်။
တရုတ်နိုင်ငံမှ ဖမ်းဆီးမှုများ ကြောင့် ဆန်ရောင်းချမရခြင်း၊ပင် လယ်ရေကြောင်း ကုန်သွယ်ရေး ဖြင့် အာဖရိကသို့ ရောင်းချမှုများ မှာ တင်ပို့နိုင်ခြင်းမရှိသေးခြင်းတို့ ကြောင့် မိုးစပါးပေါ်ချိန်တွင် စပါး ဈေးသည် တင်းတစ်ရာလျှင် ကျပ် သုံးသိန်းအောက် ကျဆင်းလာခဲ့ သည်။

တရုတ်နိုင်ငံသည် ဆန်ဝယ် ယူမှုကို အောက်တိုဘာ ၂၀ကပင်  ရပ်နားထားသဖြင့် ပြည်တွင်းဆန် ဈေးနှုန်းများ ပြန်လည်ကျဆင်း လာသည်။ မြန်မာနိုင်ငံတွင် မိုးစ ပါးများစတင်ရိတ်သိမ်းနေပြီး မ ကြာမီတွင် အလုံးအရင်း ထွက်ရှိ လာတော့မည်ဖြစ်သည်။တောင် သူလယ်သမားများသည် လုပ် သားအင်အား ရှားပါးမှုကြောင့် ရိတ်သိမ်းခြွေလှေ့စက်များအသုံး ပြုလာသဖြင့် စပါးပေါ်ချိန်တွင် ဒေသ တစ်ခုချင်းစီ၌ တစ်ပြိုင် တည်းပေါ်သကဲ့သို့ ဖြစ်လာသည်။

တရုတ်နိုင်ငံသို့ ဇန်န၀ါရီ တွင် တရားဝင်ဆန်ရောင်းချရန် ကမ်းလှမ်းထားသဖြင့် စပါးအလုံး အရင်းဖြင့် ထွက်ပေါ်လာချိန်၌ ယခုဈေးထက်ပိုကျမည်ကို စိုးရိမ်နေရ၍ ၀ယ်ယူရန် စီစဉ်ရခြင်းဟု တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြော ကြားသည်။

လယ်သမားများထံမှ အာမခံစနစ်ဖြင့် စပါးဝယ်ယူရာတွင် စိုထိုင်းစ ၁၈ ရာခိုင်နှုန်းရှိသော တင်းတစ်ရာလျှင် ကျပ်သုံးသိန်းခွဲဖြင့်ဝယ်ယူမည်ဖြစ်သည်။

ထို့ကြောင့် တောင်သူလယ်သမားများအနေဖြင့် ကျပ်သုံးသိန်းခွဲအောက်ဈေးနှင့် မရောင်းချရန် တောင်သူလယ်သမား အသင်းဥက္ကဋ္ဌက ပြောကြားသည်။

‘‘သူတို့ဘက်က ဒီလိုဝယ် ပေးမယ်ဆိုတော့ ၀မ်းသာရတာ ပေါ့။ လယ်သမားတွေက ဈေးကို တော့ လန့်နေကြတယ်’’ ဟု ဓနုဖြူမြို့နယ်မှ တောင်သူလယ်သမား ဦးသိန်းအောင်က ပြောကြားသည်။

အာမခံစနစ်ဖြင့် စပါးဝယ် ယူသည့် စနစ်အပြင်သီးနှံအာမခံ စနစ်ဖြင့် တောင်သူများ၊ဆန်စက် ပိုင်ရှင်များ၊ဆန်ကုန်သည်များကို ငွေထုတ်ချေးရန်စီစဉ်ထားသည်။

ထို့အပြင် တပ်မတော်ကလည်း ရိက္ခာစပါး ၀ယ်ယူတော့ မည်ကိုလည်း သတိထားသင့်ကြ ကြောင်း မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ သတင်း ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆန်ဈေးကွက်သည် တရုတ်တစ်နိုင်ငံတည်းကို မှီခိုနေရသဖြင့် ယင်းနိုင်ငံမှအ၀ယ်ရပ်ပါက ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးကျဆင်းလေ့ရှိသည်။

 ယခုဘဏ္ဍာနှစ် ခုနစ်လကျော်အတွင်း ပြည်ပသို့ ဆန်တင်ပို့ရာ၌ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးနှင့် ဆန်တင်ပို့မှုသည် တန်ချိန် ငါးသိန်းကျော်ရှိနေပြီး ယခင်နှစ်ကာလတူထက် တန်ချိန်နှစ်ဆနီးပါး ပိုမို တင်ပို့ထားသည်။

Credit - 7DAY DAILY

No comments:

Post a Comment