ယခုရက်ပိုင်းအတွင်း ရာသီဥတုအပြောင်းအလဲများ ကြောင့်
တုပ်ကွေးဖြစ်ပွားသူဦးရေ မှာ ၂ ရက်၊ ၃ ရက်အတွင်း ပိုတိုး လာကြောင်း
ရန်ကုန်မြို့ရှိ ဆေး ခန်းအချို့မှသတင်းရရှိသည်။
ယခုရာသီသည် မိုးအကုန် ဆောင်းဦးရာသီဖြစ်သော်လည်း မိုးရွာသွန်းနေခြင်း၊
ရာသီဥတုပူ ပြင်းခြင်း စသည့်ရာသီပျက်ယွင်းမှု ကြောင့် ယခုကဲ့သို့
တုပ်ကွေးဖြစ်ပွားသူဦးရေ တိုးလာခြင်းဖြစ်သည်။
‘‘အခု ၂ ရက်၊ ၃ ရက်အတွင်း နည်းနည်းပိုလာတယ်။ ပြီးခဲ့တဲ့ လကတောင်
တုပ်ကွေးဖြစ်တဲ့သူ လျော့သွားတယ်။ ဒါပေမဲ့ ခု ၂ ရက်အတွင်းမှာ ပြန်တက်လာ တယ်။
မိုးကရွာလိုက်၊ နေကပူ လိုက်ဖြစ်နေပြီး ရာသီပျက်နေတာ ဆိုတော့
ပုံမှန်ထက်များစပြုလာ တယ်’’ဟု ရန်ကုန်မြို့၊ အလုံမြို့ နယ်ရှိ
ဝင်းဆေးခန်းမှ အထွေ ထွေရောဂါကုဆရာဝန်ဦးမြင့်ဦး ကပြောသည်။
ဆေးခန်းအချို့၌ စက်တင် ဘာလက တုပ်ကွေးဖြစ်ပွား၍ လာပြသူဦးရေမှာ တစ်နေ့လျှင်
ပျမ်းမျှအားဖြင့် ၅၀ ဦးခန့်ရှိခဲ့ပြီး အောက်တိုဘာ ဒုတိယပတ်တွင်မူ ၃၀
ဦးခန့်လျော့ကျခဲ့ရာမှ ယခု အောက်တိုဘာနောက်ဆုံးပတ် တွင် တစ်နေ့လျှင် ၄၅
ဦးခန့်ပြန် လည်တိုးလာခြင်းဖြစ်သည်။
အလားတူ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိဆေးခန်းအချို့၌ လည်း
အသက်အရွယ်မရွေး၊ ကျားမ မရွေး တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေမှာ ယခင်ကထက်
မြင့်တက်နေကြောင်း ယင်းမြို့ရှိ ဆေးခန်းအချို့မှသတင်းရရှိသည်။
‘‘ရာသီဥတုအပြောင်းအလဲ ကြောင့် နှာစေး၊ ချောင်းဆိုးအဖြစ် များတယ်။
ဖြစ်တာက ကလေး၊လူကြီးအကုန်လုံးဖြစ်ကြတယ်။ အရင်ကထက်တော့ ပိုများလာ တယ်။
နေပူထဲကပြန်လာရင် ရေ ခဲရေသောက်ကြတယ်။ ရေချိုး မှားကြတယ်။ နေပူထဲသွားရင်
ဦးထုပ်မဆောင်းတာတွေကြောင့် ပါ’’ဟု နေပြည်တော်၊ ပျဉ်းမနား မြို့ရှိ
ဆေးခန်းတစ်ခုမှ အထွေ ထွေရောဂါကုဆရာဝန် ဒေါက်တာ မာမာဝင်းကပြောသည်။
လက္ခဏာများမှာ နှာစေး ခြင်း၊ နှာရည်ယိုခြင်း၊ နှာပိတ် ခြင်း၊
ချောင်းဆိုးခြင်း၊ အဖျားငွေ့ ငွေ့ရှိခြင်း၊ လည်ချောင်းနာခြင်း
တို့ဖြစ်တတ်သည်။
ထို့ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေရန် ဂရုစိုက်ခြင်း၊
ဝမ်းမချုပ်အောင်နေထိုင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်
အောင်ဆေးခြင်းတို့အပြင် နေပူ ထဲထွက်ပါက အင်္ကျီလက်ရှည်
များနှင့်ပွပွများဝတ်ဆင်ခြင်း၊ ထီး၊ဦးထုပ်များဆောင်းခြင်းတို့အပြင်
ဖျားရက်တာရှည်နေပါက နီးစပ် ရာဆေးခန်းများ၌ ဆေးကုသမှု ခံယူသင့်ကြောင်း
အထွေထွေ ရောဂါကု ဆရာဝန်ကြီးများက အကြံပြုပြောကြားသည်။
ယခုလက်ရှိတွင် ရာသီတုပ် ကွေးမှာ အဖြစ်များလျက်ရှိပြီး မျက်စိနာခြင်း၊
ဝမ်းရောဂါဖြစ်ပွား ခြင်းနှင့် အသက်(၈)နှစ်မှ ၁၅ နှစ်ကြားကလေးသူငယ်များ၌
တံတွေးဂလင်းရောင်ခြင်းများဖြစ် ပွားလျက်ရှိကြောင်း ရန်ကုန်မြို့ရှိ
ဆေးခန်းအချို့မှ စုံစမ်းသိရှိရ သည်။
Credit - 7DAY DAILY
No comments:
Post a Comment