ပြည်သူ့အကျိုးပြု ဆိုသည်မှာ ဟစ်ကြွေးရုံနှင့်မရ။ အလုပ်သမား၊
လယ်သမားနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး စကားလုံးများ ထပ်တလဲလဲ
ပြောနေရုံနှင့် ပြည်သူ့အကျိုးပြု ဖြစ်လာမည် မဟုတ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(နိဒါန်း)
…မြန်မာပြည်မှာရှိတဲ့ တောင်သူလယ် သမားတွေ၊ ဥပဒေမဲ့ (လယ်၊ လက်လွတ်
ဆုံးရှုံး) သွားပြီး ဥပဒေမဲ့ (လယ်၊ လိုက်သိမ်း) နေတဲ့သူတွေကြောင့် ဖြစ်
လာမယ့် နောက်ဆက်တွဲပြဿနာရပ်က စိုက်ပျိုးကုန်ထုတ်လုပ်မှုနဲ့ ပတ် သက်ပြီး
ထိခိုက်နိုင်တယ်။
…နောက်တစ်ချက်ကတော့ လယ်ယာမြေအငြင်းပွားမှုဆိုင်ရာ
ကော်မတီတွေ၊ လယ်ယာမြေစီမံခန့်ခွဲ မှုဆိုင် ရာ ကော်မတီတွေဟာ
တရားသူကြီးတွေကဲ့သို့ ဆုံးဖြတ်ရန် တာဝန်ရှိပါလျက် မဆုံးဖြတ်တဲ့အတွက်ကြောင့်
မို့လို့ မျှတတဲ့ဆုံးဖြတ်ချက် ဆုံးဖြတ်ပေးဖို့ တင်သွင်းထားတာတွေ ရှိပေမယ့်
မဆုံးဖြတ်ကြဘူး။
…စစ်ကြောကြားနာတဲ့ နည်းလမ်း တွေ၊
လုပ်ထုံးလုပ်နည်းတွေ မရှိခဲ့ခြင်း ကြောင့် အငြင်းပွားနေတဲ့ တောင်သူ
လယ်သမားများအတွက် မျှတတဲ့ ဆုံးဖြတ် ချက်တစ်ရပ်ချမှတ်ခြင်းခံယူရဖို့ အလွန်ခဲ
ယဉ်းနေဦးမယ်လို့ ထင် တယ်။
(လယ်ယာမြေအရေးလိုက်လံ ဆောင်ရွက်နေသူ ဥပဒေအတိုင်ပင်ခံ ကိုဖိုးဖြူ)…
ပြောရလျှင် မိုးအောက်မြေပြင်ဘုံ လယ်တစ်ခွင်၏ လယ်ယာမြေအသိမ်းခံရမှု ပြဿနာများကား တိုင်းပြည် တစ် ၀န်းမှာ ညံစီနေသလိုပင်။
လျှောက်လှမ်းစပြုပြီဟု မယုံရဲယုံရဲ ထင်ရသော ဒီမိုကရေစီခရီးလမ်းအစမှာပင် လူမှုတိုက်ပွဲသည် ထက်မြက် ပြင်း ထန် လျက်ရှိနေသလိုပင်။
လူ့ဘောင်၏ တောင်းဆိုချက်မှာ လူမှု တိုက်ပွဲအဟုန်ကို တိုးတက်မြှင့်တင်ပြီး လူမှုပြဿနာများ အား ဖြေရှင်း ပေး ရန်ဖြစ်၏။
ပြည်သူ့အကျိုးပြုဆိုသည်မှာ ဟစ်ကြွေးရုံနှင့်မရ။ ပြည်သူ့အကျိုးပြုဆိုသည်မှာ
အလုပ်သမား၊ လယ် သမား နှင့်ဆင်းရဲ နွမ်းပါးမှုပပျောက်ရေးစကားလုံးများ ထပ်
တလဲလဲပြောနေရုံနှင့် ပြည်သူ့ အကျိုးပြု ဖြစ်လာမည် မဟုတ်။
ခါတော်မီပင်မင်းပေးကာ အ၀တ်လဲလိုက်ခြင်းဖြင့် အတွင်းအနှစ်သာရပြောင်း လဲသွားမည်မဟုတ်။
တကယ်အားဖြင့် အသိတရားသာလျှင် အရေးကြီး၏။
အသိတရားဆိုသည်မှာ မှန်ကန်သော အသိတရား။ လူထု၏လူမှုလက်တွေ့ဘ၀အား မှန်ကန်စွာသုံးသပ်နိုင် သော အသိတရား။
လူ့ကျင့်ဝတ်ဆိုသည်မှာ လူသားတို့က ဖန်တီးသောအရာ။
ယင်းမှာတကယ်ရှိနေသော လူသား တို့၏ လိုအပ်ချက်၊ လိုအင်ဆန်္ဒ၊ မျှော်လင့်
ချက်စသည်တို့ကို အမှီပြုဖြစ် ပေါ်လာသည့် စိတ်ဓာတ်၏အရောင်ရိုက်ခတ်မှု။
ယင်းအရောင်ရိုက်ခတ်မှုသည် ဘ၀၏ ဒိဋ္ဌရှိနေသော လက်ငင်းအခြေအနေအတွင်းမှ အမြဲသဖြင့် ပေါ်ထွက် လာလေ့ ရှိသည်ကို တွေ့ရ၏။
မိမိတို့ဘ၀အတွက် မရှိလျှင်မဖြစ် သောအရာဝတ္ထုများကို (ဥပမာ စပါးစိုက် ခြင်း၊
စက်ရုံကုန်ထုတ်လုပ်ငန်းများ လုပ် ကိုင်ခြင်းစသည့်)လူသားတို့ထုတ်လုပ်သည့်
တကယ့်ဖြစ်စဉ်နှင့် လူမှုဆက်ဆံရေး၏ အရောင်ရိုက်ခတ်မှု။
ထို့ကြောင့်လူတို့၏ စိတ်ဓာတ်နှင့် အသိတရားခံယူချက်သည် ဘ၀၏ရုပ်ဝတ္ထု အခြေအနေပြောင်းလဲသည်နှင့် အမျှ လိုက်လံပြောင်းလဲလေ့ရှိ၏။
လူ့လောက၏ စီးပွားရေးအဆောက်အအုံတွင် ကုန်လုပ်စွမ်းအားစုနှင့်
ကုန်လုပ်ဆက်ဆံရေးပြောင်းလဲ သည် နှင့်အမျှ လူတို့ ၏အသိတရားနှင့်
လူ့ကျင့်ဝတ်အသွင် သဏ္ဌာန်သည် ပြောင်းလဲလာ၏။
အဓမ်္မ၀ါဒီ၊ အဓမ်္မသမားတို့
ကြွားဝါ နေသည့်လူ့ကျင့်ဝတ်ဆိုသည်မှာ တကယ် အားဖြင့် ၎င်းတို့အကျိုးအတွက်
အသုံးချ ခြင်းသာ ဖြစ်ကြောင်း၊ အများအရေးအား လုံးဝထည့်တွက်ခြင်းမရှိကြောင်း
၎င်းတို့၏ လုပ်ကိုင်ဆောင် ရွက်နေမှုဖြစ်ရပ်၊ သာဓက များက သက်သေဖြစ်နေ၏။
ခုလက်ရှိ လူ့ဘောင်၊ လူ့အဖွဲ့အစည်းမှာ ပြည်သူတို့ခံစားနေရသည်ကို ထင်ဟပ်ထားသော ကဗျာတစ်ပုဒ် အား ကျွန်တော် ဒီနေရာမှာ သတိရဖြစ်သည်။
ကဗျာအမည်က ပုရွတ်ဆိတ်။ ကဗျာ ဆရာက အောင်ထက်။ ကဗျာကိုထည့် သွင်းဖော်ပြခဲ့တာက
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ်္ဂများအဖွဲ့ချုပ်မှ ထုတ် ဝေသော
အိုးဝေမဂ်္ဂဇင်းအတွဲ ၁၊ အမှတ် ၁၀၊ ကဗျာကို ဦးစွာ ဖော်ပြလိုသည်။
ပုရွတ်ဆိတ်။
…ခင်ဗျားရဲ့ခြေထောက် တွင်းဝက
မဖယ်သေးသမျှ
အဆက်ဆက် ဆက်ပြီး အုံကြွ
ကိုက်နေရဦးမှာ။
ယင်းကဗျာအား ဖတ်ရှုညွှန်းဖွဲ့ရေးသား တင်ပြလာသူက ဆရာဇော်ဇော်အောင်။
ဆရာဇော်ဇော်အောင် က အောင်ထက်ဟာ ဒီနေ့မဂ္ဂဇင်းကြီးတွေရဲ့ စာမျက်နှာပေါ်မှာ
အမြဲတွေ့နေရတဲ့ ကဗျာဆရာတွေထဲက တစ် ယောက်တော့ ဟုတ်မယ်မထင်။ ဗ.က.သ
အဖွဲ့ချုပ်က ကျောင်းသားတစ် ယောက်ဖြစ်ပါလိမ့်မယ်။ လှုပ်ရှား တက်ကြွ သူ
ရဲဘော်(Activist) တစ်ယောက် ဖြစ်ပါလိမ့်မယ်။ သူ ကဗျာရေးတယ်။ သူရေး တဲ့ကဗျာဟာ
တန်ဖိုးရှိတယ်။ အဲဒီတန်ဖိုးက နိုင်ငံရေးတန်ဖိုး။
သည်ကဗျာဟာ နိမိတ်ပုံ (Image) ကဗျာပဲ။
ပုရွက်ဆိတ်ရယ်၊ ပုရွက်ဆိတ်တွင်းရယ်၊ တွင်းဝကိုနင်းဖိထားတဲ့ ခြေထောက် ရယ်၊ ၀ိုင်းအုံကိုက်ခဲနေကြတဲ့ ပုရွက်ဆိတ်တွေရယ်။
တွင်းဝကို ဖိနင်းထားတဲ့ ခြေထောက်ကြီးကို ၀ိုင်းအုံကိုက်ခဲနေကြတဲ့
မြင်ကွင်း ဟာ တိုက်ရိုက်ကျတယ်။ ကဗျာ ကပေးလိုက်တဲ့ အကြောင်းအချက် (Message)
ပေါ်လွင်တယ်။
..ကျုပ်တို့အပေါ်မှာ မတရားဖိနှိပ် ထားသမျှ
ကျုပ်တို့အဖိနှိပ်ခံတွေက အုံကြွတွန်း လှန်တိုက်ခိုက်နေဦးမှာ…။
ဆိုတဲ့ Message ဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် ခုကာလအလုပ်သမား အခွင့်အရေးရပိုင်မှု နစ်နာချက် တောင်းဆို
ဆန္ဒပြမှုများ လယ်သမားများ၊ မြေယာ အသိမ်းခံရမှု ပြဿနာများကား တစ်စ တစ်စ
အနာရင့်လာသလိုပင်။
ကုစားရန်ဖြစ်ရပ်များမှာ အများစု ခံရသည်မှာ အဖိနှိပ်ခံပြည်သူသာ။
(နိဂုံး)
…နိဂုံးအားဖြင့် ကျွန်တော့်စာစုအား ဗကသကျောင်းသားရေးသည့် ပုရွက်ဆိတ်
ကဗျာအပေါ် ဆရာဇော်ဇော် အောင်၏ ညွှန်းဆိုချက်ဖြင့် နိဂုံးပြုလိုသည်။
သူ့ကဗျာဟာ ကဗျာမဟုတ်ဘူး။ နိုင်ငံရေးဖြစ်တယ်။ ပြောရရင် နေရာတိုင်းမှာ အားကြီးသူက အားနည်းသူကို ရက်ရက်စက်စက် ဖိနှိပ်နေတယ်။
ကျေးလက်တောရွာတွေမှာ လယ်တဲ ယာတဲမှာ မြို့ပေါ်မှာ စက်ရုံအလုပ်ရုံတွေမှာ
ဈေးထဲမှာ ကုန်တင်ကုန်ချ ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ ကားဂိတ်မှာ
ရုံးခန်းထဲမှာ ကုမ္ပဏီအစည်းအဝေး အခန်းထဲမှာ အနှေးယာဉ် ဆိုက်ကားဂိတ်မှာ
လှေဆိပ်၊ လှည်းဆိပ်၊ ကားဂိတ် တွေမှာ။…မိတ်ဆွေစဉ်းစားကြည့်ပါ။
စဉ်းစားလို့ရသမျှ နေရာတိုင်းမှာ အားကြီးသူက အားနည်းသူကို ဖိနှိပ်နေတယ်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment