~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့ စာနယ်ဇင်းသမား၊ ဓာတ်ပုံ သတင်းထောက် ကိုပါကြီး ဖမ်းဆီးခံထားရတယ်လို့ သတင်း ကြားရကတည်းက စိုးရိမ်မကင်းဖြစ်နေခဲ့ ကြရတယ်။
သူဟာ မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီအကျိုးပြု “ဒီကေဘီအေ” တို့ဖြစ် ပွားတဲ့ တိုက်ပွဲသတင်းကို သတင်းသွားယူ ဓာတ်ပုံ ရိုက်ပြီး ပြန်အလာမှာ မွန်ပြည်နယ် ထဲရောက်တော့ ရဲတပ်ဖွဲ့က ဖမ်းတာ ခံလိုက်ရတယ်။ ကျိုက်မရောမြို့ ရန်မျိုးအောင် ရပ်ကွက်မှာရှိတဲ့ စက်ဝ လမ်းအရောက်မှာ အဖမ်းခံခဲ့ရတာ ပဲ ဖြစ်ပါတယ်။ စာနယ်ဇင်း သမားကို ဖမ်းတဲ့ရဲက စစ်တပ်ကို ထပ်ပြီး ဘာလို့ လွှဲပြောင်းရတာလဲ။ ဒါကို ကျွန်တော် တို့ သိချင်ပါတယ်။ ဘာဖြစ်လို့ ဖမ်းတာလဲ။ ဒါကိုလည်းသိချင်ပါ တယ်။ ဖမ်းတာက စက်တင်ဘာ ၂၉ ရက်၊ ၂၀၁၄ နေ့။… အောက်တိုဘာလ ၄ ရက် ၂၀၁၄ ညနေ မှာ ကိုပါကြီး(ခ) ကို အောင်ကျော်နိုင် ပစ်ခတ်ခံရပြီး သေဆုံး သွားပြီလို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို မြန်မာစစ်တပ် ကာကွယ်ရေးဝန်ကြီးဌာနက အကြောင်း ကြားလာတာက အောက်တိုဘာလ ၂၃ ရက် ၂၀၁၄ နေ့။ ဖမ်းတုန်းက ရဲနဲ့ စစ်တပ်က ဖမ်းတာ။ ၁ လကြာတော့မှ ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ သိကြရပြန်တယ်။ ဖမ်းဆီးထားတဲ့ စာနယ်ဇင်းသမား တစ်ယောက်ကို ပစ်ခတ်တာ ဘယ်သူတွေ က ပစ်ခတ်တာလဲ။ သူ့မှာ လုံခြုံမှု ဘာကြောင့် မရှိခဲ့ရတာလဲ။ ဒါကိုလည်း သိချင် ပါတယ်။ ကျိုးကြောင်းဆက်စပ်မှုတွေ အားလုံး ပီပီပြင်ပြင် သိခွင့်ရချင် ပါတယ်။ သိချင်ပါတယ်။ ကျွန်တော်တို့ဟာ စာနယ် ဇင်းသမားတွေပါ။ စာနယ်ဇင်းသမားတိုင်း ဟာ ဘယ် သတင်းမျိုးကိုမဆို သတင်းရယူ ခွင့်၊ တွေ့ဆုံခွင့်၊ မေးမြန်း ခွင့်၊ ရေးသားခွင့် အပြည့်အ၀ရှိရပါမယ်။ ဒါဟာ နိုင်ငံ တကာ စာနယ်ဇင်းသမားတိုင်းရဲ့ အခွင့်အရေးဖြစ်ပါတယ်။ စာနယ်ဇင်းသမားဆိုတာ တိုက်ပွဲ သတင်းလည်း အသက်နဲ့ရင်းပြီး သွားယူ ကြရရိုးထုံးစံ နိုင်ငံတကာမှာ ရှိပါတယ်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေက စပြီး ဒီနေ့အထိ ပြည်တွင်းပြည်ပစစ်ပွဲ သတင်းမှန်သမျှကို ပြည်သူလူထုက သိ ချင်နေကြတာပဲ။ ဘယ်စစ်ပွဲမျိုးမဆို ပြည် သူလူထုတိုင်းနဲ့ သက်ဆိုင်ခဲ့တာပါပဲ။
သတင်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ ပြည်သူလူထု တိုင်းသာမကဘဲ နိုင်ငံတကာ အစိုးရတိုင်းက သိပြီးသားပါ။ ပထမကမ္ဘာ စစ်ကြီးဖြစ်ဖို့ ဟိုတုန်းကတည်းက အစပျိုး နေခဲ့ကြတဲ့ ပြင်သစ်နဲ့ဂျာမနီ (၂)နိုင်ငံဟာ စီးပွားရေးရော စစ်ရေးမှာပါ တစ်ဖက်နဲ့ တစ်ဖက် ပြိုင်ဆိုင်နေ ခဲ့ရာက ဂျာမနီဟာ အာဖရိကတိုက်မှာ သူ့အတွက် အမြတ်ထွက်စရာနေရာကောင်းတွေရ
အဲဒီပြဿနာကစပြီးဖြစ်တဲ့ ပထမကမ္ဘာစစ်။ အဲဒီတုန်းကလည်း သူရိယ၊ မြန်မာ့ အလင်း သတင်းစာတွေက စာနယ်ဇင်း တာဝန်တွေ ကျေပွန်ခဲ့ကြတယ်။ ကမ္ဘာ့စစ် သတင်းတွေကို နိုင်ငံတကာ စစ် သတင်း ထောက်တွေ၊ ဓာတ်ပုံ သတင်းထောက်တွေရဲ့ သက်စွန့်ဆံဖျားသတင်းရ ယူချက်တွေ ကတစ်ဆင့် မြန်မာပြည်သူလူ ထုသိအောင် ဖော်ပြပေးနိုင်ခဲ့ကြတယ်။ ပထမကမ္ဘာစစ် (၄)နှစ်တိတိဖြစ်တာ စစ်စရိတ် ဘယ် လောက်ကုန်ကျပြီး စစ်သား(၈)သန်းကျ ဆုံးသွားတာကအစ သိခွင့်ရခဲ့ကြတယ်။ ဂျာမနီစစ်တပ်တွေက ပိုလန် ကို ကျူးကျော် ၀င်တိုက်တာကစပြီး ဖြစ်ခဲ့ရတဲ့ ၁၉၃၉ ခုနှစ်က ဒုတိယကမ္ဘာစစ်ကြီးမှာလည်း ဒီအတိုင်းပါပဲ။ စစ်မြေပြင်သတင်းေ ထာက် တွေကြောင့် စာနယ်ဇင်းတွေက စစ်သတင်းတွေ မပြတ်မလပ်ထည့် ဖော်ပြပေး နိုင်ကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ဒဏ်ကိုအလူး အလဲခံစား ခဲ့ကြရသလို လွတ်လပ်ရေးရပြီး နောက်ပိုင်းကစလို့ ဒီနေ့အထိ ပြည်တွင်းစစ်ရဲ့ဒဏ်ကိုလည်း လှိမ့်ခံနေကြရ တုန်းပါပဲ။
အခုဖြစ်နေတဲ့ မပြီးဆုံးနိုင်သေးတဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ စစ်သတင်းတွေကို ကျွန်တော်တို့ မြန်မာ ပြည်သူ လူထုသိဖို့ စာနယ်ဇင်းတွေက မျက်စိ ဖွင့်နားဖွင့်ပေးချင်ကြပေမယ
ဖြေ ရှင်းပိုင်ခွင့်လုံးဝမရှိတေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/

No comments:
Post a Comment