Monday, November 3, 2014

တရားစွဲဆိုခွင့်ပြုမိန့် ““Sanction””လိုအပ်သည့်၊ မလိုအပ်သည့်အမှုများ – မြိုင်-တင်လှိုင်

မြို့နယ်တရားသူကြီးအချို့ကို ဥပဒေဘွဲ့ရခါစ၊ မဟာဘွဲ့ရခါစ အသက် ၂၀ မှ ၂၅ နှစ်အတွင်း ရှိသေးသူများကို ခန့်ထား … ၀ါရင့်ဥပဒေအရာရှိကြီးများ၊ ၀ါရင့်ရှေ့နေအိုကြီးများက တရားခွင်ဝင်တဲ့အခါ နိုင်ငံတော်တံဆိပ်ကြီး က တရားသူကြီးခေါင်းပေါ်မှာ ရှိနေတော့ အရိုအသေပြုဝင်ကြပါသည်။ အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်နေ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● ဖုန်းခေါ်သံ
မြန်မာသံတော်ဆင့်အပတ်စဉ် သတင်းထွက်ပြီးပြီးချင်း နေ့ခင်းအချိန်တွင် ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ၀၉၂၃၀၂၀၆၅ ကို တွေ့ရပါသည်။ ဟဲ..လို လို့ ထူးလိုက်ပါတယ်။ တစ်ဖက်ကအသံက မြန်မာသံတော်ဆင့် ဂျာ နယ် အတွဲ၃၊ အမှတ်(၃၁)မှာ မင်းဆောင်းပါး ဖတ်ရတယ်ကွ။ တာဝန်နှင့်မအပ်စပ်လျှင်
ဝန်ထမ်းဖြစ်ပေမယ့် Sanction မပါဘဲ တရားစွဲနိုင်သည် ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ။ အဲဒီမှာ ဒုရဲအုပ် စခန်းမှူးကြီးရွှေပါ ၄ဦးနှင့် ပြည်ထောင် စုမြန်မာနိုင်ငံတော်ပါ ၂- အမှုစီရင်ထုံး၊ ၁၉၉၃ ခုနှစ် ဆိုတာ ဖတ်ရတယ်။ ဒီတော့ကွာ ရဲတွေတော့ တရားစွဲလို့ ရတဲ့ စီရင်ထုံးရှိပြီး စစ်တပ်ကဗိုလ်တွေတော့ မရှိဘူး လားကွလို့ မေးပါတယ်။ ရှိရင် ပြည်သူတွေ ဗဟုသုတရ အောင် ထပ်ရေးစမ်းပါဦးကွလို့ ပြောပါတယ်။ နောက်ထပ်ပြီး ပြောတာက ငါကြားဖူးတာက ပြည်သူ့ဝန်ထမ်းကို တရားစွဲရင် ဆိုင်ရှင်ယူရတယ်လို့ ကြားဖူးပါတယ်။ မင်းရေး နေတာကြည့်လည်း ရေးပါ။ အခုချိန်မှာ မီဒီယာ လောကက လူတွေကို တရားစွဲထောင်ချနေတာ မင်းလည်းအသိသားနဲ့၊ ခိုင်လုံမှ ရေးကွာဟု ပြောပါသည်။ ဒီတော့ ကျွန်တော်က စေတနာနဲ့ သတိပေးတာ ကျေးဇူးတင်ပါတယ်။ ခင်ဗျားသိချင်တာလည်း ခိုင်လုံစွာ နဲ့ ရေးလိုက်ပါမယ်။ မြန်မာသံတော်ဆင့်မှာ ဖော်ပြတဲ့နေ့ကိုသာ စောင့်ဖတ်ပါလို့ ပြောပြီး ဖုန်းကိုပိတ် လိုက်ပါ တော့တယ်။…
● ပြည်သူ့ဝန်ထမ်း
အများပြည်သူသိစေလိုသော ဆန္ဒ ဖြင့် ပြည်သူ့ဝန်ထမ်းဆိုသည်မှာနှင့် တရား စွဲဆိုခွင့်ပြုမိန့် အဓိပ္ပာယ်၊ တရား စွဲဆိုခွင့် ပြုမိန့်မည်သည့်အခါ လိုအပ်သလဲ၊ တရားစွဲခွင့်တောင်းခံရခြင်းရဲ့ ရည်ရွယ်ချက်တို့ကို အသိပေးလို ပါတယ်။ ပြည်သူ့ဝန်ထမ်း ဆိုတာကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁ မှာ အစိုးရ ပဋိညာဉ်ခံအမှုထမ်း၊ နိုင်ငံတော် ကြည်း၊ ရေ၊ လေ တပ်ဆိုင်ရာရေးရာ ပိုင်အရာရှိ၊ တရားသူကြီး၊ ဥပဒေနှင့် သက်ဆိုင်တဲ့ အကြောင်း အရာကိုဖြစ် စေ၊ ဖြစ်ပျက်ပုံ အခြင်းအရာကိုဖြစ်စေ၊ ရာထူးအလျောက် မေးမြန်းစုံထောက်ရန် ဒါမှ မဟုတ် အစီရင်ခံရန် ဒါမှမဟုတ် စာတမ်း အမှတ်အသားကိုပြုရန်၊ ဒါမှမဟုတ် မှန် ကြောင်းလက်မှတ်ရေးထိုးရန်၊ ဒါမှမဟုတ် ထား ရှိရန်၊ ပစ္စည်းကို ရယူထိန်းသိမ်းရန်၊ စီမံထုခွဲရန်၊ တရားစီရင်မှုဆိုင်ရာ အမိန့် ဆင့်စာများကို အတည်ဖြစ်အောင် ဆောင်ရွက်ရန်၊ ကျမ်းသစ်္စာတိုက်ရန်၊ ဘာသာ ပြန်ဆိုရန်၊ ရုံးတော်တွင်ငြိမ်ဝပ်ေ စရအောင် စောင့်ရှောက်ရန် တာဝန်ဝတ္တရားရှိသော တရားရုံးအရာရှိ၊ ဒါ့အပြင် ဆိုခဲ့တဲ့တာဝန် ၀တ္တရားအရပ် ရပ်ကိုဆောင်ရွက်ရန် တရားရုံး၏ အထူးသီးခြားအာဏာလွှဲပြောင်းခြင်း ခံရသူ နောက်ပြီး၊ တရားရုံးကိုဖြစ်ေ စ၊ ပြည်သူ့ဝန်ထမ်းကိုဖြစ်စေ ကူညီသော ဂျူရီလူကြီး၊ ဒါမှ မဟုတ် ကျေးရွာကော်မတီ စတဲ့ ၁၀ မျိုးရှိပါသည်။ အဲသလို ပြည်သူ့ ၀န်ထမ်းများမှာ အခကြေးငွေရရှိတဲ့ ၀န်ထမ်းနဲ့စေတနာ့ ၀န်ထမ်းတို့ဖြစ်ပါတယ်။ အရန်မီးသတ် တပ်ဖွဲ့နှင့် သီးသန့် မီးသတ် တပ်ဖွဲ့ဝင်တို့သည် မီးသတ်တပ်ဖွဲ့ ဥပဒေ ပုဒ်မ ၄၀အရ ပြည်သူ့ဝန်ထမ်းဖြစ်ပါ တယ်။
● တရားစွဲဆိုခွင့်ပြုမိန့်
တရားစွဲဆိုခွင့်ပြုမိန့်ရဲ့ အဓိပ္ပာယ်ကတော့ တစ်စုံတစ်ယောက်ကို ပြစ်မှုတစ်ခုခုဖြင့် အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ အခွင့်အာဏာပိုင်ထံက ဥပဒေနဲ့အညီ တရားဝင်ရယူထားတဲ့ ခွင့်ပြုချက်ပါပဲ။ အဲသလို တရားစွဲ ဆိုခွင့်ပြုမိန့် တောင်းခံရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူ့ကိုယ်စားလှယ်များ၊ ပြည်သူ့ဝန်ထမ်းများကို အကြောင်းမဲ့ စွပ်စွဲခံရမည့် အန္တရာယ်က အကာအကွယ်ပေးဖို့နဲ့ သူတို့ကို တရားစွဲဆိုမှု မပြုမီသက်ဆိုင်ရာ အစိုး ရဌာနများ၊ အဖွဲ့အစည်းများအနေနဲ့ အလေးအနက် ဝေဖန်ချိန်ဆဖို့ဖြစ်ပါတယ်။ ဒီတော့ တရားစွဲဆိုဖို့ ခွင့်ပြု မိန့်က ဘယ်အခါမှာလိုအပ်သလဲ ဆိုလျှင် တရားစွဲဆိုခံရတဲ့ လူပုဂ်္ဂိုလ်အပေါ်မူတည်ပြီး တရားစွဲဆိုခွင့်ပြုမိန့် လိုအပ်ခြင်း၊ တရားစွဲဆိုမည့် ပုဒ်မပေါ် မူတည်ပြီး တရားစွဲဆိုဖို့ ခွင့်ပြုမိန့်လိုအပ် ခြင်းတို့ပဲဖြစ်ပါတယ်။ လူပုဂ်္ဂိုလ် အပေါ် မူတည်ပြီး တရားစွဲဆိုဖို့ ခွင့်ပြုမိန့်လိုအပ်တာကို အတိုချုပ်ပြောရရင် ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေးကို လူစုခွဲရာမှာ ဆောင်ရွက်တဲ့ တရားသူကြီး၊ ရဲအရာရှိနဲ့ တပ်မတော်အရာရှိများကို တရားစွဲမယ်ဆို ရင် နိုင်ငံတော် သမ္မတရဲ့ ခွင့်ပြုမိန့်မရှိဘဲ တရားစွဲဆိုနိုင်ခြင်းမရှိကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၃၂မှာ ပြဋ္ဌာန်း ထားပါတယ်။ ဒါပေမဲ့ တာဝန်နှင့်လုံးဝ အပ်စပ်ခြင်းမရှိတဲ့ ပြစ်မှုများအတွက် တရားစွဲဆိုဖို့ ခွင့်ပြုမိန့်မလိုပါ။
● ပုဒ်မအရစွဲဆိုခွင့် အမိန့်
တရားစွဲဆိုမည့် ပုဒ်မအပေါ်မူတည်၍ ခွင့်ပြုမိန့်တောင်းခံရပါသည်။ ဥပမာအားဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ -က (နိုင်ငံတော်ကို အကြည်ညိုပျက်အောင်ပြု ခြင်း)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၉၄-က (အစိုးရ၏ အခွင့် အမိန့် မရဘဲ ထီရုံထောင် ခြင်း)တို့ဖြစ်ပါသည်။ ၁၇-၁၀-၂၀၁၄နေ့ က အမိန့်ချမှတ်ခဲ့သည့် သာသနာရေးဝန်ကြီး (ဟောင်း) ဦးဆန်းဆင့်အား စွဲဆိုခဲ့သည့် ပုဒ်မတစ်ခုဖြစ်သော ပုဒ်မ ၁၂၄-ကသည် ပုဒ်မအရ တရားစွဲဆိုခွင့်ပြုမိန့် Sanction လိုအပ်ပါသည်။ သမ်္မတမှ ခွင့်မပြုဘဲ တရားစွဲ၍မရပါ။ လူပုဂ်္ဂိုလ်အရလည်း ၀န်ကြီးတစ်ဦးဖြစ်၍ တရားစွဲဆိုရန် ခွင့်ပြု မိန့်လိုအပ်ပါသည်။ ထိုအမှုကို ပြည်ထောင် စုတရားလွှတ်တော်ချုပ်အထိ တက်ရောက် ပါက စီရင်ထုံးအမှုတစ်မှုဖြစ်နိုင်ပါသည်။
● စီရင်ထုံး
ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သော ဗိုလ်ကြီးဘဌေးနှင့် ပြည်ထောင်စုဆိုရှယ် လစ်သမ်္မတမြန်မာနိုင်ငံတော် (ဦးအောင်သန်း) ၁၉၇၅ခုနှစ် ပြစ်မှုဆိုင်ရာ အထွေ ထွေလျှောက်လွှာအမှတ် ၂၆၊ ဗဟိုတရား ရုံးအမှုမှ ၁၉၇၅ ခုနှစ်တွင် တရားစီရင်ထုံး များ စာအုပ်စာမျက်နှာ ၇၂ (ပြစ်မှု)ရှိ အမှုဖြစ်စဉ်နှင့်ဆုံးဖြတ်ချက်ကို ဥပဒေ လေ့လာ သူများအကျိုးငှာ ရေးသားလိုက်ရပါသည်။
● ဖြစ်စဉ်ဖြစ်ရပ်
အမှုဖြစ်စဉ်အကျဉ်းမှာ ဗိုလ်ကြီးဘဌေးသည် မြိတ်အနောက်မြို့နယ် လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့စဉ်က ကာဆင်ဆိုသူအား ၁၉၇၂ခုနှစ် မေလ ၂၆ရက်နေ့မှ ၁၉၇၂ ခုနှစ် ဇွန်လ ၄ရက်နေ့ အထိ ၁၀ရက်တိုင် တိုင် အကြောင်းမဲ့ မတရားဖမ်းဆီးချုပ် နှောင်ထားစေခဲ့သဖြင့် ဗိုလ်ကြီးဘဌေးအား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၄၄ (မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို၊ ဆယ် ရက်သော်လည်းကောင်း၊ ဆယ် ရက်ထက် ပို၍သော်လည်းကောင်း မတရားချုပ်နှောင် ထားလျှင် ထိုသူကို (သုံးနှစ်)ထိထောင် ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ မှတ်ချက် – ပုဒ်မ အဓိပ္ပာယ်သိရန် ဖော်ပြပါသည်။ စီရင်ထုံး တွင်မပါပါ။) အရ အရေးယူပေးပါရန် ပြည်ထောင်စုဆိုရှယ်လစ်သမ်္မတ မြန်မာ နိုင်ငံတော် ပြည်ထဲရေးနှင့် သာ သနာရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန မော်လမြိုင်ဌာနခွဲ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင် သန်း၏ တိုင်တန်းချက်အရ မြိတ်အနောက်မြို့နယ် တရားရုံးက ၁၉၇၄ခုနှစ် ပြစ်မှုဆိုင်ရာအမှု ကြီးအမှတ် ၁၇၂ ကို ဖွင့်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၄ အရ ဗိုလ်ကြီးဘဌေး အပေါ်တွင် အရေးယူသည်။ ၎င်းပြင် မိမိ ကိုယ် ကျိုးအတွက် အလွဲသုံးစားပြုခဲ့ ကြောင်း ၁၉၇၄ ခုနှစ် ပြစ်မှုဆိုင်ရာ အမှု ကြီးအမှတ် ၁၇၃မှ ၁၇၈တို့ကို ဖွင့်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉/၄၇၇ (က)/၃၄တို့အရ အရေးယူသည်။ ဗိုလ်ကြီးဘဌေးကပင် ယင်းအမှုအားလုံး (စုစုပေါင်း၇ မှု)ကို ပယ်ဖျက်ပေးရန် ဗဟိုတရားရုံး(ယခင်အခေါ်)သို့ လျှောက် ထားခြင်းဖြစ်သည်။
● သုံးသပ်ဆုံးဖြတ်
ဗဟိုတရားရုံးက ထိုအမှုများကို ယခုလို သုံးသပ်ခဲ့သည်။ ဗိုလ်ကြီးဘဌေးအပေါ်တွင် စွဲဆိုထားသည့် မူလရုံးမှ အမှုများကို စိစစ်ကြည့်ရှုသောအခါ မတရားချုပ်နှောင် ထားမှုဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၄ အရ စွဲဆိုသော ၁၉၇၄ ခုနှစ်ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၁၇၂ ၌ ဗိုလ်ကြီးဘဌေး အားတရားစွဲဆိုနိုင်ရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၉၇(၁)အရ (တရားသူကြီး ဖြစ်သူသို့မဟုတ် ရာဇ၀တ် တရားသူကြီး တစ်ဦး သို့မဟုတ် နိုင်ငံတော် သမ္မတ သို့ မဟုတ် အခြားအဆင့်မြင့်သောအာဏာပိုင် ၏ အခွင့်အမိန့်မရရှိဘဲ ရာထူးမှ ထုတ်ပယ်ခြင်း မပြုနိုင် သော ပြည်သူ့ဝန်ထမ်းတစ်ဦးသည် မိမိရာထူးအလျောက် တာဝန် ထမ်းဆောင်စဉ်ပြုလုပ်သော သို့မဟုတ် ပြု လုပ်သည်ဟု သဘောသက်ရောက်သော ပြစ်မှုတစ်စုံတစ်ရာနှင့် စွပ်စွဲခြင်းခံရသောအခါ နိုင်ငံတော်သမ္မတ၏ ကြိုတင်အခွင့် အမိန့်မရရှိဘဲ အဆိုပါပြစ်မှုကို မည်သည့် တရားရုံးကမျှ အရေးမယူရဟူ၍ ပြဋ္ဌာန်းထားပါသည်။) ခွင့်ပြုမိန့်တစ်ရပ်ကို ပြည် ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနက ပေး ခဲ့ပြီး ဖြစ်ကြောင်း တွေ့ရှိရပေသည်။ ဗိုလ် ကြီးဘဌေးသည် မြိတ်အနောက်မြို့နယ် လုံခြုံရေးနှင့်အုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ဝတ္တရားများကို ထမ်းဆောင် စဉ်ကာလက ကျူးလွန်ခဲ့သောပြစ်မှုအတွက် တရားစွဲဆိုခွင့်ပြု ကြောင်း ထိုအမိန့်၌ ဖော်ပြပါရှိသည်။ လိမ်လည်တင်ပြ၍ ငွေများကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ် မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉/၁၀၉/ ၄၇၇(က) /၃၄တို့အရ စွဲဆိုသောအမှုများ အတွက် ခွင့်ပြုမိန့်မလိုပေ။ အလွဲသုံးစား ပြုခြင်းပြစ်မှုသည် တာဝန်နှင့်အပ်စပ်ခြင်း မရှိ။ မိမိ၏ရာထူးကို အခွင့်အရေးယူ၍ ကျူးလွန်သော ပြစ်မှုသာ ဖြစ်သဖြင့် တရားစွဲဆိုရန် ခွင့်ပြုမိန့်မလိုဟု ကျွန်ုပ်တို့ယူဆသည်။ ထထထ သုံးသပ်ထားပါသည်။ ထို နောက်ဤသို့အမိန့်ချခဲ့ပါသည်။ ဗိုလ်ကြီး ဘဌေးအပေါ်တွင် စွဲဆိုထားသော အဆိုပါ ပြစ်မှုဆိုင်ရာအမှုများတွင် ဥပဒေအရ မှားယွင်းချက် တစ်စုံတစ်ရာမတွေ့ရှိရသဖြင့် ယင်းအမှုများကို ပယ်ဖျက်ရန်အကြောင်း မရှိလျှောက် လွှာကို ပယ်လိုက်သည်။
● အမှန်ကိုမဆုံးဖြတ်နိုင်ပေမယ့် ဥပဒေ နှင့်အညီဆုံးဖြတ်ပါ။
ဤစီရင်ထုံးကို ကြည့်ခြင်းအားဖြင့် တရားစွဲဆိုရန် ခွင့်ပြုမိန့်မှာ ဥပဒေပုဒ်မ ကိုလိုက်၍လည်းကောင်း၊ ၀န်ထမ်း၏ လုပ်ရပ်အရ လူပုဂိ္ဂုလ်ကိုလိုက်၍လည်း ကောင်းခွင့်ပြုမိန့ှ်ညေခအငသည လိုမလို ခွဲခြား ပြသွားသည်ကို တွေ့ မြင်နိုင်ပါသည်။ ပထမဦးစွာ တရားစွဲအဖွဲ့အစည်းက သိရန်လို ပါသည်။ ဒုတိယတရားရုံးက သိရန်လိုပါ သည်။ အရေးကြီးသူမှာ တရားသူကြီးဖြစ် သည်။ တရားစွဲအဖွဲ့အစည်းက မလိုဟု သဘောရ၍ ချန်ထားသည်ကိုလည်း ကောင်း၊ မလိုပါဘဲနှင့် လိုသည်ထင်၍ ခွင့်ပြုမိန့်တောင်းနေလျှင် လည်းကောင်း၊ တရားသူကြီးကသိမှသာ ဥပဒေ နှင့် အညီ စီရင်ဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ တရား သူကြီးများတွင် မြို့နယ်တရားသူကြီးသည် အဆင့် အနိမ့်ဆုံး ဖြစ်သည်ကို မြန်မာနိုင်ငံ တရားရုံးများ ဖွဲ့စည်းပုံအရ သိရပါသည်။ တရားသူကြီးဟု အခေါ်ခံလိုက်ရသည်နှင့် ခေါ်လိုက်သည်နှင့် ပြည်သူတွေ၏ပြဿနာ ပေါင်းစုံကို ဖြေရှင်းပေးရပါတော့မည်။ ပြည်သူတို့၏ အားကိုးရာ ဖြစ် ရပါတော့မည်။ ဗြဟ္မစိုရ်တရားလေးပါးနှင့် စိတ်ထားတတ်ရ ပါတော့မည်။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ အရည် အချင်းအချုပ်ဖြစ်ပါသည်။ ဥပဓိရုပ် ခန့်ညားရမည်။ တည်ကြည်မှုရှိရမည်။ သိက်္ခာရှိရမည်။ ဦးဆောင်နိုင်ရမည်။ ဥပဒေကို နှံ့စပ်အောင်လေ့လာထားရမည်။ သို့မှသာ ဥပဒေနှင့်အညီ ဆုံးဖြတ်နိုင်ပေ မည်။ အမှန်ကို ဆုံးဖြတ် နိုင်မည်ဟု မဆို လိုပါ။ အဘယ်ကြောင့်ဆိုသော် တရားခွင် ရှေ့၌နှစ်ဖက်သက်သေများသည် အမှန်ကို ထွက်ဆို မဆို မသိနိုင်။ ရုံးရှေ့ထွက်ချက်နှင့် ရုံးရှေ့တင်ပြသည့် သက်သေခံပစ်္စည်းကို ကြည့်၍ ကြားနာ၍ဆုံးဖြတ်ရ သောကြောင့် ဖြစ်သည်။ သို့သော် ပေါ်ပေါက်ချက်အရ ကိုမူ ပြဋ္ဌာန်းထားသည့်ဥပဒေများမှ သက် ဆိုင်ရာ ဥပဒေနှင့် အညီဖြစ်စေရန် ဆုံးဖြတ် နိုင်ပါသည်။ ပြင်ပ၌မှန်သည်၊ မှားသည် ဆိုသည်မှာ တရားခွင်၌ထိုအတိုင်း သက်သေက ထွက်ဆိုမှသာ အမှန်ကို တွေ့ရ မည်။ အမှန်ကို မဆုံးဖြတ်နိုင်သော်လည်း ဥပဒေနှင့်အညီ ဆုံးဖြတ်နိုင်ရန် လိုပါသည်။ ယခုအခါ မြို့နယ်တရားသူကြီးအချို့ကို ဥပဒေဘွဲ့ရခါစ၊ မဟာဘွဲ့ရခါစ အသက် ၂၀မှ ၂၅နှစ်အတွင်းရှိသေးသူများကို ခန့် ထားလိုက်ပါသည်။ ဥပဒေပြဋ္ဌာန်းစာများ ကို ကျက်မှတ်ဖြေ ဆို၍ အောင်မြင်ခဲ့ပြီး တရားသူကြီးခန့်၍ တရားခွင်ပေါ် တက်ထိုင်ရတော့သည်။ ၀ါရင့်ဥပဒေအရာရှိကြီးများ၊ ၀ါရင့် ရှေ့နေအိုကြီးများက တရားခွင် ၀င်တဲ့အခါ နိုင်ငံတော်တံဆိပ်ကြီးက တရားသူကြီးခေါင်းပေါ်မှာ ရှိနေတော့ အရိုအသေ ပြုဝင်ကြပါသည်။ တရားသူကြီးက မိခင်နို့နံ့မစင်သေးသူဖြစ်နေသည်။ အချို့ အမျိုးသမီးများဆိုလျှင် မနေတတ် မထိုင်တတ် ရှိုးတိုးရှန်းတန်းဖြစ်နေတာ တွေ့ရတတ်ပါသည်။ သည်တော့ အမြင်မတော် ဆင်တော် နဲ့ခလောက် ဖြစ်နေပါသည်။ တကယ်ဆိုလျှင် ထိုကလေးတရားသူကြီးများကို ကလေးသူငယ်တရားရုံးတွင် စတင်ခန့်သင့်ပါသည်။ အထက်တရားရုံးများတွင် ဦးစီးအရာရှိလိုမျိုး၊ ၀န်ထမ်းအဖွဲ့ အရာရှိနေရာမျိုးတွင် စတင် ခန့်ထားသင့်ပါသည်။ တရားခွင်ထိုင်ရသည့် တရားသူကြီးနေရာတွင် ၎င်းတို့ထက် စီနီယာသမား များမရှိတော့၍ ထိုစီနီယာများကို မခန့်ခြင်း ဖြစ်သလား မေးရပါတော့မည်။ စီမံ ခန့်ခွဲသူအထက်အရာရှိများ၏ ဆင်ခြင်တုံ တရား မှာ အရေးကြီးပါသည်။ ဖြစ်နိုင်မည်ဆိုက အမျိုးသမီးတရားသူကြီးကိုပင် မခန့်သင့်ပါ။ မြန်မာနိုင်ငံတွင် မြန်မာ့ ယဉ်ကျေးမှုရှိပါသည်။
ခန်္တီစ မနိုင်၍ သည်းခံရခြင်း၊ ဂါရ၀ဝေါ စကြောက်၍ ရိုသေရခြင်းမှ ကင်းဝေးလိုပါ၏။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment