အမေ့ရဲ့ပရိဒေ၀မီးတွေလည်း ငြိမ်းအေးသလောက်ရှိတဲ့အချိန် မိမိ လည်း
ကျောင်းစတက်သည့်အ ချိန်တွင် အထိုက်အလျောက်တည်ငြိမ်နေသည့်
မိမိတို့မိသားစုဆီသို့ အကုသိုလ်သည် ထီး ထီးကြီး ရောက်ရှိလာ တော့သည် … အဲဒီ
အကုသိုလ်သည် မိမိတို့ညီအစ်ကိုသုံးယောက် အပါ အ၀င် အဖေနဲ့အမေတို့ရဲ့ဘ၀ကိုပါ
တစ်မျိုး တစ်ဖုံ ပြောင်းလဲလိုက်တော့သည်…
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခင်တစ်ပတ်မှအဆက်
အမေလှမ်းခေါ်လိုက်သည်နှင့် အမေ့ဆီအပြေးရောက်သွား၊ အမေ့က မိမိပခုံး
ကိုဖက်လျက်က ““ကိုကိုရေ ””လို့ ခေါ်ခိုင်း သည်။ ““ကိုကိုရေ မေမေနဲ့သားတို့
လာပြီ၊ ကိုကိုဘယ်မှာလဲ””ဆိုသည့် စကားများ သည်
ထိုအချိန်ထို အခါက
မိမိအပြောရဆုံး စကားများဖြစ်သည်။ တစ်နေ့တစ်နေ့““ကိုကိုရေ မေမေနဲ့သား
တို့လာပြီ””ဆိုသည့် သင်္ချိုင်းကုန်းကစကားသည် တစ်နေ့တာ လုံး မိမိ
အပြောရဆုံးစကားဖြစ်သည်။
သင်္ချိုင်းကုန်းများတွင် သာမက ဗေဒင် ဆရာ၊
နတ်ဆရာ၊ ဘိုးတော်၊ လူစုံဂိုဏ်းစုံ အောင်အမေသွားသည်။ သူ့ သားကြီး
ဘယ်ရောက်နေသည် ဆိုသည်ကို မေးသည်။ သူ့ ဆီပြန်ဝင်စား နိုင်မလားဆိုသည်ကအစ ဘယ်
အခြေအနေမျိုးတွင် မိမိတို့မိသားစုထဲသို့ ပြန်ဝင်လာနိုင် မလားဆိုသည့်
အချက်များလည်း ပါဝင်သည်။ အမေ သည် အိမ်မှု ကိစ္စဘာမှ မလုပ်နိုင်တော့။
ဘာမျှလုပ်ချင် ကိုင်ချင်စိတ်မရှိတာလည်း ဖြစ်မည်ထင်သည်။ မနက်မိုး
လင်းသည်နှင့် သားအမိနှစ်ယောက် သင်္ချိုင်းကုန်းအသစ်အသစ်ဆီသို့ ဦးတည်ကြသည်။
တစ်ခါတစ်ရံ မိမိစားဖို့ တစ်လုံးချိုင့်လေးနှင့် ထမင်းထည့်ပြီး
ယူလာခဲ့လေရှိသည်။ အမေကိုယ်တိုင်ကတော့ ဘာမှမစားဖြစ်။ တစ်ခါတ လေ တစ်နေ့တည်း
သင်္ချိုင်းကုန်းနှစ်နေရာ၊ သုံးနေရာခန့် ရောက်မိကြသည်
ကြုံတဲ့အရိပ်ကောင်းကောင်း တစ် နေရာရာမှာ ကျွန်တော့်ကို
ထမင်းခွံ့ကျွေးခဲ့သည်။ မိမိယခုထိ အမှတ် ရနေသည်ကတော့ ““သားရေ လူလေးရေ
ခွေးညိုရေ အညိုရေ””ဆိုသည့် အမေ့ရင်ထဲက ငိုသံရောနေ သည့် အော်ခေါ် သံများ
ဖြစ်တော့သည်။…
အိမ်ပြန်ရောက်သည်နှင့် အမေအငို မျက်နှာကို
ရေနှင့်သန့်စင်သည်။ ပြီးတော့ သနပ်ခါးလိမ်းသည်။ ဘယ်သူနဲ့မှ လည်း
စကားမပြောဖြစ်၊ မိမိတို့သားအမိ အိမ်ထဲ ၀င်လာသည်နှင့်အဖေကအိမ်ပေါက်ဝ ပန်း
ထိမ်ဖိုစားပွဲတွင် လက်ကောက်၊ ခြေချင်း ပွတ်လုံးဆွဲရင်း မျက်မှန်ပေါ်ကနေ မျက်
မှောင်ကုတ်ပြီး တစ်ချက်လှမ်းကြည့်သည်။ ဒါပဲ နောက်ထပ်ဘာတစ်ခုမှ အမေ့ကို
ကောင်းသည် ဆိုးသည်မပြောတော့ချေ။ မိမိထင်သည်၊ အမေလည်း ၃လ ခန့် လောက်
သားဇောနှင့် မပဋာမြေလူးပြီးမှာတော့ သောကပရိဒေ၀ ငြိမ်သက် သွားပြီဖြစ်
တော့သည်။ မကြာခင် မှာပဲ မိမိကျောင်းနေရွယ် ရောက်ခဲ့ပြီဖြစ် သည်။
မိမိတို့အိမ်ရှေ့တွင် စကော့ဈေး မြောက်ဘက်တန်း မိမိတို့၏
ဓားလွယ်ခုတ်လောက်တွင် ရှူးဖိနပ်ဆိုင်တစ်ခုရှိသည် (ဆိုင်နာမည်
မမှတ်မိတော့ချေ)။ အဲဒီမှာသူငယ်ချင်း တစ်ယောက်ရှိသည်။ ဟန်စိန်က(တရုတ်ကပြား)
မနက်မနက်ကျလျှင် သူတို့အိမ်ရှေ့တွင် ကျောင်း ကားလာ ခေါ်သည်။ ““ဟန်စိန်ရေ
ဟန်စိန်လိုင်းလော်””ခေါ်သံကို နားထဲစွဲနေသည်။ ဟန်စိန်တို့ အခန်းဘေးတွင်
ခင်ကြီး ကျယ်ကဲ့သို့ အမျိုးသမီးကြီး ဦးဆောင်တဲ့ မိသားစုနေသည်။ သူ့သားက
မိမိတို့နှင့်ကလေး သဘာဝ လာရောက် ဆော့ကစားသည်ကို မကြိုက်သည့်အပြင်
မိမိကိုပါမှိုချိုး၊ မျှစ်ချိုးပြောသည့်အတွက် အမေနဲ့ တည်ကြသည်။ ထိပ်
တိုက်တွေ့သည်။ သူတို့နှင့် ဘေးချင်းကပ်တွင်မြင့်မြင့်သိန်း ဇာဘော်လီ ဆိုင်၊
နောက်အောင်ဗမာ ကုမ္ပဏီ ရှိ သည်။ ပိုင်ရှင်၏ သားဖြစ်သူသည် မိမိအစ်ကိုနှင့်
ရွယ်တူသူငယ်ချင်း၊ သူ့မှာ ညီမနှစ်ယောက် ရှိသည်။ အကြီးမ က အေမီ၊ အငယ်က ကေသီ၊
ကုမ္ပဏီပိုင်ရှင် သားသမီးတွေပီပီ ၀တ်ကောင်းစားလှများဖြင့် အစဉ်သဖြင့် တင့်
တယ် နေကြသည်။ အောင်ဗမာကုမ္ပဏီ ဘေးခန်းတွင် ““ချစ်တ” ဆံသဆိုင်ရှိသည်။
သူ့ဘေးခန်းကတော့ ““မောင်မောင်မြင့်အပ် ချုပ်ဆိုင်”” ဖြစ်သည်။
သူတို့အားလုံးနှင့် တစ်ရပ်တည်း တစ်လမ်းတည်း နေဖြစ်ကြ သော် လည်း
ကျောင်းတက်ကြသည့်အခါ တွင်မတော့ တစ်ကျောင်းစီဖြစ်ကြသည်။ သူတို့သည်
စကော့ဈေးနှင့် နီးစပ် ရာ မနီး မဝေးကျောင်းများဖြစ်ကြသည့် စိန့်မေရီ,
Chinese Methodist, Methodist (အထက ၁ဒဂုံ) စသည်တို့ တွင် တက်ကြသည်။
မိမိတို့ ညီအစ်ကိုကတော့ သူတို့နှင့်ပိုမိုနီးသည့် ထန်းတောကွက်သစ်
အစိုးရမူလတန်း ကျောင်းတွင် မိမိ၏ မူလတန်းပညာရေး စတင်ခဲ့သည်။ စကော့ဈေး
မြောက်ဘက် တန်းဈေးအိမ်သာနှင့် မနီးမ ဝေး မီးရထား ခုံးကျော်တံတားက
ဆင်းလိုက် သည်ဆိုသည်နှင့် လှေကားအဆင်းတွင်ချိုးဖြူ မုန့် ဟင်းခါးဖို (ယခု
တော့ ရှိသေးလားမရှိဘူး လားမသိတော့ ဟိုစဉ်တုန်းကတော့ အမေ့
မုန့်ဟင်းခါးဆိုင်အတွက် လိုအပ်သော မုန့်ဟင်းခါးကို ယင်းဖိုမှ မိမိသွား
ဝယ်ပေးနေကျဖြစ်သည်) ဘေးချင်းကပ်လျက်တွင် ရှုမ၀မဂ္ဂဇင်းတိုက်ရှိသည်။
သူတို့တွေရဲ့ မျက်နှာချင်းဆိုင် ၂၅ပေ အကွာလောက် တွင် လမ်းကျယ်ကို
မျက်နှာမူထားသည့် လမ်းကျဉ်း ကလေးရှိသည်။
အဲဒီလမ်းကျဉ်းအတိုင်း
အထဲဝင်သွား ကွမ်းတစ်ရာမညက် ခင်လောက်မှာပဲ အဆောက် အအုံ ခပ်နုပ်နုပ် ထန်းတော
ကွက်သစ် မူလတန်းကျောင်းကို တွေ့ရှိရမည်ဖြစ်သည်။ ကျောင်းအုပ်ဆရာ ကြီးက ဦးလှ
မောင်၊ ကျောင်းစတက်သည့် နေ့တွင် ယခုခေတ် မိမိတို့ သားသမီးတွေကို
မိဘများဖြစ်ကြသည့် မိမိတို့က လိုက် ပို့ကြသလိုမျိုး မိမိတို့ကို
မိမိတို့မိဘများကလိုက် ပို့လေ့မရှိ၊ မိမိတို့ညီအစ်ကိုနှစ်ယောက်
လွယ်အိတ်ကိုယ်စီ၊ ထမင်းချိုင့်ကိုယ် စီနဲ့ ကျောင်းတက်ကြသည်။ နေ့လယ်
မုန့်စား ဆင်းလျှင် ထမင်းစားကြသည်။ စားပြီး ထမင်းချိုင့်
ကိုဆေးကြောပြီးတာနှင့် ကျောင်းက တိုက်သည့် Unicef နို့ကို သောက်ပြီး
အပိုကို အိမ်အပြန်ယူလာကြသည်။ မုန့်စားလွှတ်ချိန် ရှုမ၀မဂ်္ဂဇင်းတိုက်
ရှေ့မြက်ခင်းပြင်တွင် သူငယ်ချင်းတွေ တစ်ယောက်ကို တစ်ယောက် ကုန်းပိုး ပြီး
စီးချင်းထိုးကစား ကြသည်များကို အမှတ်ရနေသည်။ မိမိကို ကုန်းပိုးသူတွေကတော့
မိမိထက်အတန်း ကြီး သည့် ကိုမောင်မောင်နှင့် ကိုသန်းဦးတို့ဖြစ်ကြသည်။
နောင်တွင် ဗိုလ်ချုပ်အောင် ဆန်းဈေးကြီးတွင် ဆိုင်နှင့် ကနားနှင့်
ကုန်သည်တွေဖြစ် လာကြသော်လည်း ခုတော့ ဘယ်ဆီရောက်ကုန်ကြသည် မသိတော့။ ရှိလျှင်
လည်းအသက် ၇၀ ၀န်းကျင်လောက်တော့ ရှိကြရော့မည်။
ရှုမဝ
မဂ္ဂဇင်းတိုက်နေရာဟု ဆိုရာမှာ မိမိထန်းတောကွက်သစ် ကျောင်းတွင် မူလတန်း
စတင်သင်ကြားစဉ် ရှုမ၀မဂ္ဂဇင်းတိုက် ရှိ မရှိကိုလည်း မိမိအမှတ်မထားမိ၊
နောင်နှစ်အတော်အတန်ကြာမှ ရှုမ၀ မဂ္ဂဇင်းတိုက် ရှိရာကို
သိလာခဲ့ရသည်။သရဲကြောက်ခြင်း၊ မကြောက်ခြင်းသည် မိမိတို့
အပါအ၀င်မိသားစုတိုင်း အိမ်တိုင်းလောက်တွင် အရေးတ ယူ ပြောဆိုဆွေးနွေးကြသည်။
မိသားစုအရေးအကြောင်း အရာတစ်ခုဖြစ်သည်မှာ မိမိမမှန်းနိုင်သော နှစ်ပရိစ္ဆေဒ
အချိန်ကာလကတည်းက ဖြစ်သည်။ မိမိအိမ်တွင် မိမိအစ်ကိုကြီးသည်
သရဲအလွန်ကြောက်တတ်သည်။ မိမိအိမ် ထောင်ကျသည့်အခါ မိမိဇနီးသည်ရောမိမိ
သားသမီးများပါ သရဲ အလွန်ကြောက်တတ် သည်။ နောက်မျိုးဆက် သစ်ဖြစ်သည့်
မိမိမြေးများအလှည့်သို့ ရောက်သည့် တိုင် မြေးအားလုံး သရဲ ကြောက်ကြ သည်။
မိမိကား သရဲမ ကြောက်တတ်၊ သရဲမကြောက် တတ်သည့်အတွက် မိမိ၏အမေကို ကျေး
ဇူးတင်ရသည်။ အမေ့ရဲ့ ပရိဒေ၀မီး နှင့်အတူ မိမိတို့သားအမိ
သင်္ချိုင်းကုန်းပေါင်းစုံကို ၃၊ ၄လ ခန့် ဆက်တိုက်ရောက်ဖူးခဲ့သည်။
အမေသည် သွား လေသူ သူ့သားကြီးကို တွေ့လိုဇောဖြင့် သားကြီးရှိမည့်လို အယူ
စွဲနေသည့် နေရာရောက်တိုင်း အမေကိုယ် တိုင် ရွတ်ဖြစ်မရွတ်ဖြစ်ဆိုသည်ကို မိမိ
အမှုမထားမိခဲ့သော်လည်း မိမိအား အိမ်မှာသော်လည်းကောင်း၊ လမ်း သွားရာတွင်
သော်လည်းကောင်း ““သမ္ဗုဒ္ဓေဂါထာ””ကို သင်ပေးသည်။ မိမိအားလည်း ““သားလေး
သမ္ဗုဒ္ဓေရွတ် လေ – ရွတ်ပြီးပြီလား”” ခဏခဏမေးသည်။ ရွတ်ခိုင်းသည်။
သင်္ချိုင်းကုန်းများကအပြန် အိမ်ပေါက် ၀၀င်သည် ဆိုသည်နှင့် သမ္ဗုဒ္ဓေရွတ်ပြီးမှ
ဝင်ခိုင်းသည်။ သင်္ချိုင်းကုန်းကို ခဏခဏရောက် နေ့စဉ် သမ္ဗုဒ္ဓေကို အခေါက်
ပေါင်းများစွာ ရွတ်လေ့ရွတ်ထရှိသကဲ့သို့ အဖေနှင့်အမေတို့ရဲ့ ဘာသာတရားအပေါ်
ရိုသေကိုင်းရှိုင်းရေး အဆုံး အမများနှင့်အတူ နေ့စဉ် ပုတီးစိတ်၊
သမ္ဗုဒ္ဓေရွတ်လေ့ရှိတာကြောင့် သရဲမ ကြောက်တတ်သည့်စိတ် ခိုင်မြဲသွား လေသည်လား
မပြောတတ်တော့ချေ။ သို့ရာတွင် သရဲမကြောက်တတ်သူမို့လား မသိ။ မိမိခဏခဏ သရဲအ
ခြောက်ခံရသည်။ နောင်ကြုံလျှင် ရေးပြပါဦးမည်။
အမေ့ရဲ့
ပရိဒေ၀မီးတွေလည်း ငြိမ်းအေးသလောက်ရှိတဲ့အချိန် မိမိလည်း
ကျောင်းစတက်သည့်အချိန်တွင် အထိုက် အလျောက်တည်ငြိမ်နေသည့်
မိမိတို့မိသားစုဆီသို့ အကုသိုလ်သည် ထီးထီးကြီး ရောက်ရှိလာတော့ သည်။ အဲဒီ
အကုသိုလ်သည် မိမိတို့ညီအစ်ကိုသုံးယောက် အပါ အ၀င်အဖေနဲ့အမေတို့ရဲ့ဘ၀ကိုပါ
တစ်မျိုး တစ်ဖုံ ပြောင်းလဲလိုက်တော့သည်။
အဖေ့ပန်းထိမ်ဖိုတွင်
လက်တိုလက် တောင်းခိုင်းရအောင်ဆိုပြီး အဖေတပည့် တချို့ရဲ့
မိသားစုအကူအညီနှင့် အုန်းကြိုင်ဆိုသည့် ကောင်လေးတစ်ယောက်ကိုတောက
ခေါ်လာပါသည်။ သေးသေး ပုပုလေးပါပဲ။ ရွှေအမှိုက် တိုက်တာကအစ တစ်ခါတစ်ရံ
မိမိကိုကျောင်းပို့ပေးသည်အထိ အကုန် လုံးကူညီလုပ်ကိုင်ပေးသည့် ကလေးတစ်
ယောက်ဖြစ်သည်။ အနေအေးသည်၊ စကားနည်းသည်။ အလုပ်မရှိလျှင် တစ် ယောက်တည်း
ဘာသာလ၀ါနေ တတ်သည်။ မိမိတို့၏လက်ယာဘက် တစ်ခန်းကျော်တွင်ကို မိုက်ကယ်တို့
မိသားစုနေထိုင် ကြသည်။ ကိုမိုက် ကယ် (နောင် Post & Telecom ဘောလုံးသမား
ဖြစ်လာသူ) တို့အိမ် သို့မကြာသေးခင်ကပဲ သူတို့၏ ညီဝမ်းကွဲ တစ်ယောက်
လာရောက်နေထိုင် နေပါသည်။ ကပြားများဖြစ်ကြသူ ကိုမိုက်ကယ်၏ ညီဆိုသူကလည်း
ကပြား ခပ်ထွားထွားဖြစ်သည်။ ဆိုရင်တော့ဗျာ အဲဒီကိုမိုက်ကယ်ရဲ့ ညီက
မိမိတို့အိမ်က ကိုအုန်းကြိုင်ကို ဗိုလ်ကျ သည်။ ကန်ဟယ်၊ ကျောက်ဟယ် ထိုးရယ်၊
နှက်ရယ် မကြာခဏ လုပ်သည်။ တစ်ခါတ လေ ငိုပြီးပြန် လတတ် သည်။
ငိုပြီးပြန်လာသည့်အတွက် အဖေ့ရဲ့ဆူပူ ကြိမ်းမောင်းမှုကို ခံရသည်။
““ဒီတစ်ခါငိုပြီး ပြန်လာရင် မင်းကို ငါထပ်ရိုက်မယ်””ဟု အဖေက
ထပ်ဆင့်ကြိမ်းမောင်းသည်။ တစ်ဆက်တည်းမှာပဲ အဖေက အုန်းကြိုင်ကို အပြင်
ထွက်မခိုင်းတော့၊ အပြင်မှာ လုပ်စရာရှိတာ၊ ၀ယ်ခြမ်း စရာရှိတာ မြန်မြန်လုပ်၊
မြန်မြန်ဝယ်ခြမ်းပြီး အိမ်ထဲက အိမ်ပြင် မထွက်ခိုင်းတော့၊ ကိုမိုက်ကယ့်ညီသည်
မိမိတို့အိမ်နီးနားပတ် ၀န်းကျင်တွင် ဟိုလူနှင့်ရန်ဖြစ်၊ ဒီလူနဲ့ ရန်ဖြစ်
ဟိုလူကိုရိုက်ဒီလူကိုနှက်ဖြင့် ငပွကြီးဖြစ်နေသည်။ အရွယ်ကလည်း လူပျိုပေါက်
အကောင်ကြီးကြီး၊ နေရာတကာတွင် ဗိုလ်ကျချင် စိတ်က လွှမ်းမိုးနေသူဖြစ်သည်။
မိမိကိုလည်း တစ်ခါနှစ်ခါကန်လိုက်ကျောက် လိုက်၊
ရိုက်လိုက်နှက်လိုက်လုပ်ခဲ့ဖူးသည်။ ကိုအုန်းကြိုင်က မိမိဘက်မှဝင်ရောက်
ပြောဆိုသည့်အခါ သူက ကိုယ် အုန်းကြိုင်ကို ရန်လုပ်ရင်းက
ဗိုလ်ကျရင်ခံတော့မည့်လူ တစ်ယောက် တိုးလာတော့သည်။
ဒီလိုနဲ့တစ်ညနေ
မိုးချုပ်ခါစ အဖေ၊ အမေနဲ့ မိမိအကြောင်း ကိစ္စတစ်ခုအတွက် အပြင်ကိုသွားပြီး
ပြန်လာကြ သည်။ မိမိတို့အိမ်ရှေ့တွင် ရုံးစု ရုံးစုဖြစ်နေသည်။ လူအုပ်စုအတော်
အတန်ရှိနေသည်။ ရဲများကိုလည်း တွေ့ရ သည်။ ရဲအချို့က အိမ်မှာ ကျန်ခဲ့တဲ့
မိမိတို့အိမ်သားတွေကို မေးမြန်းနေတာ တွေ့ရသည်။ အိမ်ရှေ့နား နီး
ကပ်လာသည့်အခါ ဆိုက်ကားပေါ်မှာ လူတစ်ယောက် ပက်လက်အနေအထား နှင့်ရှိနေသည်။
ရင်ဘတ်မှာ လည်းသွေး ခြင်းခြင်းနီလျက် ခေါင်းကတစ်ဖက်သို့ ခွေကျနေသည်။
စကားမေးမရတော့။ ဆိုက်ကား အနား ရောက်ချိန်မှာ ကြည့်လိုက်တော့ လား ..လား
ကိုမိုက်ကယ့်၏ညီငပွကြီး။
မိမိကိုတော်ရာမှာ ထားကြသည်။ အဖေ၊
အမေနဲ့သက်ဆိုင်ရာ ရဲတွေ စကား ပြောနေကြသည်။ မိမိတို့မိသားစု ၀င်တွေ ထဲက
တချို့ကလည်းမေးသမျှ ဖြေနေရ သည်။အဲဒီအချိန်က မိမိတို့အိမ်တွင် အမေ့
အစ်ကိုကြီး ဘကြီး မောင်ရှိန်တို့ လင်မယား နေကြသည်။ သူတို့က မအူပင်မြို့နယ်၊
ရေလဲလေးဇာတိတွေဖြစ်ကြသည်။ မိမိတို့ မရှိ ခိုက်
အိမ်မှာအစောင့်ကျနေသူဖြစ်သည်။ အဲဒီနေ့ ညနေစောင်းမှာ အုန်းကြိုင်ကို
(စကော့ဈေးအနောက် ဘက် တန်းက ထောင့် ဆုံးဆိုင်ခန်း) မမလေးကဖီးကနေ
လက်ဖက်ရည်ဝယ်ခိုင်းလိုက်သည်။ လက်ဖက်ရည်ကို ခဏအကြာမှာ ပြန်လာပို့သည်။
ပြန်လာပို့ပြီး အမှတ်မထင် လှစ်ခနဲပြန်ထွက် သွားသည်။ အော်သံဆူသံ ငိုသံ
ရန်ဖြစ်သည့် အသံ ဘာသံမှ မကြားရ။ တစ်ဆယ့်ငါးမိနစ် ခန့်အကြာလောက်မှာ
အိမ်ရှေ့ကို ခွေးတိုး သံလို သံမျိုးကြားလိုက်သလိုရှိ ထွက်ကြည့်တော့
မိုက်ကယ့်ညီက အပေါ်ကနေခွပြီး အုန်းကြိုင်မျက်နှာကို ဘယ်ပြန် ညာပြန်
ထိုးနေတယ်။ ကလေးမျက်နှာလည်း ဖူးရောင်နေလိုက်တာ။ ဒါပေမဲ့ ဒီကောင်က
ကြိတ်မှိတ်ခံပြီး မခံနိုင် တဲ့အဆုံး ခါးကြားထဲက ကြက်သွန်လှီးဓားနဲ့
ထိုးထည့်လိုက်တယ်။ အဲဒီတစ်ချက်ပဲ””ဟု ဘကြီးမောင် ရှိန်က ပြောပြသည်။
လိုတိုရှင်းပြောရလျှင်တော့ အုန်းကြိုင်ထောင် ၇နှစ် ကျသွားရှာသည်။
မိမိကျေးဇူးဆပ်ပြီး ပြန် လည်ရေးပြချင်သည့် အမေ့အခန်းကဏ္ဍကို
ရောက်ရှိလာပြီဖြစ်သည်။ အမေသည် ကျုံမငေးတွင်အဖေ နိုင်ငံ ရေး လုပ်စဉ်ကာလကလည်း
ဈေးတောင်းခေါင်းရွက် သားသမီးတွဲလွဲနှင့် နိုင်ငံရေးပွဲတွေလည်းဆင်နွှဲခဲ့
သူဖြစ်သည်။ ခုရန်ကုန်ရောက်ပြီး ၄၊ ၅ နှစ်အတွက် သားဦးသေဆုံးပြီး
မကြာမတင်မှာပဲ မိမိ မိသားစုနှင့် လူသတ်မှုတွင် ပါဝင် ပတ်သက်
လက်ဝင်လျက်ရှိတာကြောင့် အကြောင်း ပေါင်းစုံတိုက်ခိုက်မှုတွေနဲ့အတူ အဖေ့ပန်း
ထိမ်ဖို ပြုတ်သွား ခဲ့ရသည်။ မိသားစုနှင့် အတူလာရောက် မှီခိုနေသူတစ်ပြုံတစ်မ
အတွက် အမေဟာသူ့ရဲ့ လက်ငုတ်လက်ရင်း အသက်မွေး ၀မ်းကျောင်းဆီ အမေပြန်
ရောက်ခဲ့ရပြီး ဈေးတောင်းခေါင်းရွက်၊ မုန့် ဟင်းခါးနှင့် ရာသီပေါ် သီးနှံ
များဖြစ်သည့် သြဇာသီး၊ လိမ္မော်သီး၊ သရက်သီး၊ မင်းဂွတ် သီးစသည်တို့ကို
ပွဲရုံအသီးသီးမှ ယူရောင်းရာတွင် အမေ့ဆိုင် နေရာများသည်စကော့ ဈေးဈေးရှေ့
ဗိုလ်ချုပ်အောင်ဆန်းလမ်း ပေါ်က ပလက်ဖောင်း များ ဖြစ်လာ
တော့သည်။““ကိုရွှေအောင် ရှင်သက်ကြီး တက္ကသိုလ်တက်၊ ရှင်ပညာတတ်မှ ကျွန်မသားတွေ
ပညာတတ်မှာ””
ဆက်လက်ဖော်ပြပါမည်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment