Sunday, November 2, 2014

ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်မှ တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေ့

ဦးဆန်းဆင့်ကို အမှုစစ်ဆေးဆဲ လေးလတာကာလတွင်ထားရှိခဲ့သော ရမည်းသင်း အကျဉ်းထောင်မှ တောင်ငူအကျဉ်းထောင်သို့ အောက်တိုဘာ၃၀ ရက်၌ ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၇ ရက် တွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နိုင်ငံတော်ပိုင် အလွဲသုံးစားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် နေပြည်တော်ဒက္ခိဏသီရိခရိုင်တရားရုံးထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေတစ်သိန်းကျခံစေရန် အမိန့်ချ မှတ်ခဲ့သည်။

ယင်းကဲ့သို့ အမိန့်ချမှတ်ပြီး နှစ်ပတ်အကြာတွင် အထက်ပါ အတိုင်းအကျဉ်းထောင်ပြောင်း ရွှေ့ခဲ့ခြင်းဖြစ်သည်။ ဦးဆန်းဆင့် အမိန့်ချမှတ်ခံရမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးတရားလွှတ်တော်သို့ အယူခံတက်ရန် အောက်တိုဘာ ၂၉ ရက်တွင် တင်ပြထား ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေ ဦးတင်ထွန်းထံမှ သိရသည်။

ဦးဆန်းဆင့်ကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က စတင်ဖမ်းဆီး စစ်ဆေးတရားစွဲဆိုပြီး လေးလ အကြာတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
 
Credit - 7DAY DAILY

No comments:

Post a Comment