
ရန်ကုန်၊ ဇူလိုင် ၂၉- ပါတီ၏ဆောင် ရွက်ချက်များကို ပွင့်လင်းမြင်သာ စွာ ချပြလိုသဖြင့် ဩဂုတ်လတွင် ကျင်းပ မည့် တောင်သူလယ်သမား၊ အလုပ်သမားနှင့်လူငယ်ဖိုရမ်တွင် မီဒီယာများကို လွတ်လပ်စွာသတင်း ယူခွင့်ပေးသွား မည်ဖြစ်ကြောင်း ပြည် ခိုင်ဖြိုးပါတီ၏ ရန်ကုန်တိုင်းဒေသ ကြီးပါတီကော်မတီမှ သိရသည်။
အဆိုပါ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်ကို ဩဂုတ် ၂ရက်နေ့မှ ၃ရက်နေ့အထိ တာမွေမြို့နယ် အနောက်မြင်းပြိုင် ကွင်းရှိ ပါတီရုံးချုပ်တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပါတီ ကော်မတီဝင်၊ ဖိုရမ်ကျင်းပရေးတာဝန် ခံနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်က ''ဒီဖိုရမ်က လျှို့ဝှက်လုပ်နေစရာ အ ကြောင်းမရှိတဲ့အတွက်ရော ပြည်သူ့ တွေကောင်းဖို့ လုပ်နေတာဖြစ်တဲ့ အတွက် ပြည်သူကိုချပြနိုင်အောင် လို့ ဖိုရမ်ရဲ့ဖွင့်ပွဲပိတ်ပွဲကို သတင်းယူ ခွင့်ပြုခဲ့တာပါ။ ပထမဌာနချုပ်မှာ ပြုလုပ်တဲ့ ဖိုရမ်မှာတော့ သတင်း မထုတ်ပြန်တာရော သတင်းယူခွင့် မရှိတာက ဌာနချုပ်ရဲ့အစီအစဉ်ပါ။ ဒါပေမဲ့ ခုဖိုရမ်ကတော့ အဲလိုမဟုတ် ပါဘဲ အားလုံးလွတ်လွတ်လပ်လပ် နဲ့ သတင်းယူလို့ရပါတယ်''ဟု ဦးတင် လှိုင်က ပြောသည်။
ပါတီဌာနချုပ်မှအလုပ်သမား များအတွက် ရှေ့လုပ်ငန်းစဉ် ကိုးရပ်၊ လယ်သမားများအတွက် ရှစ်ရပ်၊ လူငယ်များအတွက် ကိုးရပ်ချ မှတ် ထားပြီး ယင်းသို့ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ရန်ကုန်တိုင်း နည်းတူ အခြား တိုင်းနှင့် ပြည်နယ်များတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကာ အလုပ်သမား၊ လယ်သမားများ၏ အခွင့်အရေးများ ရရှိ၍ အရပ်ဘက်အဖွဲ့အစည်းများ ထူထောင်နိုင်ရေးနှင့် အနာဂတ်လူ ငယ်များ၏ဘဝဖွံ့ဖြိုးတိုးတက်နိုင်ရေး ကို ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးတင်လှိုင်က ဆက်ပြောသည်။
#Democracytoday
No comments:
Post a Comment