ပထမစကားအရ စစ်တပ်က တစ်စုံတစ်ခုကို အလိုရှိလာပြီဆိုလျှင် မည်သို့သော အကြောင်းပြချက် သို့မဟုတ် ဆင်ခြေပေးမှုမျိုးကိုမျှ လက်သင့်မခံဘဲ အလိုရှိသည့်အရာကို မဖြစ်ဖြစ်သည့် နည်းလမ်းဖြင့် ဆောင်ကြဉ်းပေးရတော့မည့် သဘောကို ဆိုလိုခြင်း ဖြစ်သည်။
ဒုတိယစကားမှာမူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၈၈ ခုနှစ်က ပြောခဲ့ဖူးသော သမိုင်းဝင် စကားတစ်ခွန်း ဖြစ်သည်ကို အားလုံးသိပြီးသား ဖြစ်ပါလိမ့်မည်။ သမိုင်းဝင်သော စကားဟု ဆိုခြင်းထက် သမိုင်းဝင်ခဲ့သော ခြိမ်းခြောက်မှုဟုဆိုလျှင် ပိုမှန်မည် ထင်ပါသည်။
စစ်တပ်ဟူသည် ပြည်တွင်း၊ ပြည်ပ ရန်သူဟု သတ်မှတ်ပြီ ဆိုပါက မည်သို့မျှ သက်ညှာမှု ပေးမည် မဟုတ်ဘဲ ဆုံးခန်းတိုင်သည်အထိ အမြစ်ပြတ် ရှင်းလင်းသွားမည်ဟူသော သဘောမျိုး ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် စစ်တပ်၏ မာကျောခက်ထန်မှု ပြည့်ဝသော ပါဝါအမာ (Hard Power) ကို ဖော်ကျူးသည့် ဆိုရိုးစကားများပင် ဖြစ်ပါသည်။
မှန်ပါသည်။ စစ်တပ်က နှစ်ကာလအတန်ကြာ မင်းမူခဲ့သည့် အချိန်ကာလတွင် တပ်မတော်အစိုးရ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ၊ စစ်ဘက်အရာရှိကြီးများ၊ စစ်တပ်မှ အငြိမ်းစားယူကာ အစိုးရ ဝန်ကြီးဌာနပိုင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူများနှင
စစ်တပ် သို့မဟုတ် စစ်ဗိုလ်ဟု ဆိုလိုက်သည်နှင့် အဘယ့်ကြောင့် အရပ်ဘက် နိုင်ငံသားတို့၏ စိတ်ထဲတွင် နိုင်ငံနှင့် နိုင်ငံသားတို့ကို အကာအကွယ်ပေးလျက် ရှိသော လက်နက်ကိုင် အဖွဲ့အစည်းကြီးအဖြစ် ရှုမြင်ခြင်းထက် ထိတ်လန့် ကြောက်မက်ဖွယ်ကောင်းသော အာဏာရှိသူအဖြစ် ရှုမြင်ခဲ့ကြသနည်းဟု မေးရမည်ဆိုလျှင် တပ်မတော်သည် မည်သည့် အခါကမျှ ပါဝါအပျော့ (Soft Power) ကို ထိရောက်စွာ အသုံးမချနိုင်ခဲ့သလို အသုံးချရန်လည်း ထည့်သွင်း စဉ်းစားခဲ့ဟန် မရှိ၍ဟုပင် ဖြေရပါမည်။
ယနေ့ သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက် နိုင်ငံတကာ အသိုင်းအဝိုင်းက ထုတ်ဖော် ချီးမွမ်းခံခဲ့ရသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏
နိုင်ငံရေးအရသော် လည်းကောင်း၊ ဒီမိုကရေစီ နည်းလမ်းအရသော် လည်းကောင်း အငြင်းပွားဖွယ်ကိစ္စများ မည်သို့ပင် ရှိနေသော်ငြား မြန်မာ့ဒီမိုကရေစီ အနာဂတ်တွင် စစ်တပ်သည် ကြီးမားသည့် အခန်းကဏ္ဍ တစ်နေရာမှ အချိန်ကာလ တစ်ခုအထိ ဆက်လက် ပါဝင်နေဦးမည် ဖြစ်သည်ဟူသော အချက်ကို မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ စစ်ဘက်နှင့် အရပ်ဘက် ပုဂ္ဂိုလ်အားလုံး ရိပ်စားမိကြပြီး ဖြစ်ပါလိမ့်မည်။
ယနေ့အချိန်သည် နိုင်ငံရေးပညာရှင်များ အပြောများလာသည့် တပ်နှင့် ယုံကြည်မှု တည်ဆောက်ရမည့် ကာလတစ်ခုဖြစ်ရာ The Voice အယ်ဒီတာအဖွဲ့က မေတ္တာရပ်ခံလိုသည်မှာ စစ်တပ် အနေနှင့် ဘားတိုက်သို့ ပြန်သည်ဖြစ်စေ၊ မပြန်သည်ဖြစ်စေ အရပ်ဘက် မိဘပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် တပ်အကျင့်၊ တပ်စရိုက်များကို ဘားတိုက်တွင် ထားခဲ့ကြရန်နှင့် ငြိမ်းချမ်းမှု ထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာ့ လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရာတွင် Soft Power ကို ကောင်းစွာ ကျင့်သုံးရန် ဖြစ်ပါသည်။
ထိုသို့မဟုတ်ပါက တပ်မတော်သည် မြန်မာ့ဒီမိုကရေစီ အသွင်ကူပြောင်းရေး ဖြစ်စဉ်တွင် နိုင်ငံသားများအတွက် အပေါက်ပါသောရေဘူးနှင့် ရေခပ်ပေးနေရကိန်း ဆိုက်ရောက်သွားနိုင်ကြောင်း
အယ်ဒီတာ (၃၁-၇-၂၀၁၄)
--------------------------
(The Voice Weekly Editorial, Vol.10/No.29)

No comments:
Post a Comment