၎င်းသည် Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ခ်၏ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
“အခုအချိန်မှာ ဇမ်ဘီယာက လူဦးရေ ၁၅ ရာခိုင်နှုန်းကသာ အင်တာနက်ကို အသုံးပြုနိုင်ပါသေးတယ်။ ဒါကြောင့် သိပ်မကြာခင်မှာ လူတိုင်းဟာ အင်တာနက်ကို အခမဲ့ အသုံးပြုပြီး အလုပ်ရှာဖွေခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှု အကူအညီများရယူခြင်း၊ Facebook လိုမျိုး tool များကို အသုံးပြုပြီး ချစ်သူခင်သူများနှင့် ဆက်သွယ်မှု ပြုလုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတော့မယ်” ဟု ဇူကာဘတ်ခ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
Internet.org app ကို ဇမ်ဘီယာနိုင်ငံရှိ Airtel ကို သုံးစွဲသူများက ပထမဦးဆုံး အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။
သုံးစွဲသူများသည် Internet.org app ကို Android အတွက် download ပြုလုပ်ပြီးနောက် မတူညီသည့် ဆိုက် ၁၃ ခုကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် အဆိုပါ အစီအစဉ်ကို အခြားနိုင်ငံများတွင်လည်း အသုံးပြုနိုင်ရန် Facebook စီစဉ်လျက်ရှိသည်။
Ref: NBCNews


No comments:
Post a Comment