၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေပြင်နိုင်မယ် ယူဆကြောင်း ဦးရွှေမန်းပြော
လာမယ့်
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်နိုင်မယ်လို့ ယူဆကြောင်းနဲ့ ပြည်ထောင်စု လွှတ်တော်ထံတင်ပြဖို့
ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီက ပြင်ဆင်နေတာ အခုဆိုရင် ၈၀
ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက
သူရဦးရွှေမန်းက ပြောပါတယ်။
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇမ္မူသီရိခန်းမဆောင်မှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
"၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့
ပတ်သက်ပြီး အားလုံပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်၊
ကြိုးစားပြီးလည်းဆောင်ရွက်နေတယ်၊ ပေးထားတဲ့ကတိအတိုင်းဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊
ဘယ်လောက်အထိပြီးပြီလဲဆိုတာ အတိအကျမပြောနိုင်ပေမဲ့ လောလောဆယ် လွှတ်တော်ကို
တင်ပြနိုင်ဖို့ကို ၈ဝ ရာခိုင်နှုန်း ပြီးနေပါပြီ၊ ဒါကြောင့် လာမယ့်
လွှတ်တော်ကာလမှာ ဥပဒေကြမ်းအဖြစ် တင်သွင်းနိုင်ဖို့ စပြီးတော့ဆောင်ရွက်ပါမယ်"
ဒါ့အပြင် ငြိမ်းချမ်းရေးရမှ ရွေးကောက်ပွဲစနစ်ကိုပြင်မယ်၊
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲပြီးမှ ရွေးကောက်ပွဲစနစ်ကို
ပြင်မယ်ဆိုတာမျိုးမဟုတ်ဘဲ ရွေးကောက်ပွဲစနစ်ကို ပြင်သင့်တဲ့အချိန်မှာ
ပြင်ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒီအတောအတွင်း
ပြည်သူလွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲစနစ်သစ် ပေါ်ပေါက်ရေး
လေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ဟာ မနေ့က ပထမဆုံးအကြိမ်
အစည်းဝေးလုပ်ခဲ့ပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေဟာ အခုသြဂုတ်လအတွင်း
ပြန်လည်တွေ့ဆုံပြီး ရွေးကောက်ပွဲစနစ်တွေကို လေ့လာသုံးသပ်ဖို့
စီစဉ်ထားတယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။
No comments:
Post a Comment