ရန်ကုန်၊ ဇူလိုင် ၃၁-ရန်ကုန်မြို့ရှိမော်တော်ယာဉ်များ သက်တမ်းတိုး
ရာတွင်One Stop Service အဖြစ် ဆောင်ရွက်မှုကို လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်
စတင်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာန
ဒုတိယဝန် ကြီးဦးချန်မောင်ကပြောသည်။
ဇူလိုင် ၃၁ရက်က ကျင်းပပြုလုပ်
သည့် ပထမအကြိမ်အမျိုးသား လွှတ် တော်ဒသမ ပုံမှန်အစည်းအဝေး ၃ရရက်
မြောက်နေ့အစည်း အဝေးတွင် ရန်ကုန် တိုင်းဒေ သကြီး မဲဆန္ဒနယ်အမှတ် (၃)မှ
လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်း မြင့်အောင် ၏ ရန်ကုန် တိုင်းဒေသကြီး
အတွင်းရှိ မော်တော် ယာဉ်များ သက် တမ်းတိုးရာ တွင် မော်တော်ယာဉ်အာ မခံ
(သူတစ်ပါး ထိခိုက်မှု အာမခံ)ကို မြန်မာ့အာမခံ ရုံးတွင်
သွားရောက်ပြုလုပ်နေရသဖြင့် One Stop Service အဖြစ် လုပ်ကိုင် ပေးနိုင်
ရန်အစီအစဉ် ရှိ/မရှိ မေးခွန်း အား ရထားပို့ဆောင်ရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြား ရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဦးချန်မောင်က '' ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများမှာ
One Stop Service နဲ့ ဆောင်ရွက်နိုင်ရေးအတွက် ပရီမီယံ ကြေးလက် ခံနိုင်
ဖို့ မြန်မာ့ အာမခံ ရုံးချုပ်နဲ့ Network ချိတ်ဆက်ခြင်း၊ လုံလောက်တဲ့ဝန်
ထမ်း အင်အား ဖြည့် စွက်ခန့်ထားခြင်းနဲ့ ကွန်ပျူတာ၊ ဆာဗာနဲ့
ဆက်စပ်ပစ္စည်းများ ရရှိရန် လိုအပ်ခြင်းတို့အတွက် ပြင်ဆင်ရန် ဆောင်ရွက်ရ
မည့်ဖြစ်တဲ့ အကြောင်း နဲ့ အဲဒီလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက်
၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်မှစပြီး ရန်ကုန်မြို့မှာ နှစ်လဲ သက်တမ်း
တိုးဆောင်ရွက်ပေးတဲ့ ကညနရုံးတွေ မှာ မြန်မာ့အာမခံလုပ် ငန်းက One Stop
Service အဖြစ် ပါဝင်လုပ် ကိုင် ဆောင်ရွက်ပေး မယ် လို့
ညှိနှိုင်းရခဲ့ပါတယ်'' ဟု ဆိုသည်။
သတင်းအပြည့်အစုံသို့ - http://www.dailydemocracytoday.com/2014-03-04-06-50-07/item/399-2014-08-01-07-14-18
#Democracytoday
No comments:
Post a Comment