“မန္တလေးက ဆိုင်တစ်ဆိုင်ပါပဲ။ အဲဒီ ဆိုင်က ကူးတဲ့အချပ်ရေကလည်း များတယ်။ ဂီတအစည်းအရုံးမှာ အနုပညာရှင်တွေ အားလုံးကို ခေါ်တယ်။ အစည်းအဝေးလုပ်ပြီးတော့ ဒါကို တရားမလမ်းကြောင်းနဲ့စွဲမယ်။ ငါတို့ရဲ့အကျိုးစီးပွား နစ်နာတယ်။ နစ်နာကြေးရအောင်တောင်းမယ်ဆိုပြီး အားလုံးက သဘောတူတယ်။ အဲဒီတရားခံကို နစ်နာကြေးရလိုမှုနဲ့ တရားမလမ်းကြောင်းနဲ့ စွဲတာ။ ဒီနေ့စီရင်ချက်ချတော့ နစ်နာကြေး ကျပ် ၉၃၈ သိန်း ပေးစေဆိုပြီး အဲဒီလိုစီရင်ချက်က ကျသွားပြီ။ နောက်လည်း ဒီလိုပဲ ဆက်လုပ်သွားမှာပါ”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံးအသစ် ပြန်လည်ဖွဲ့ပြီးသည့်အချိန်တွင်
မူပိုင်ခွင့် ချိုးဖောက်မှုကာကွယ်တားဆီးရေးကော်မတီ ဖွဲ့စည်းလိုက်ပြီး
ယင်းကော်မတီအောက် ၌ ခိုးကူးခွေနှိမ်နင်းရေးအဖွဲ့ကို
ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခိုးကူးခွေနှိမ်နင်းရန် မြန်မာ
နိုင်ငံဂီတအစည်းအရုံးက ရဲအရာရှိဟောင်း နှစ်ဦးကို ခန့်အပ်ပြီး Hot Line
တစ်ခုဖွင့်ကာ သတင်းများ စုဆောင်းခြင်း၊ သက်ဆိုင်ရာ
မြို့နယ်ရဲစခန်းများနှင့် ဆက်သွယ်ဖမ်းဆီး ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ခိုးကူးခွေနှင့်ပတ်သက်ပြီး နစ်နာကြေး တောင်းသည့်အမှုကို နစ်နာကြေးရလိုမှုဖြင့် တရားမလမ်းကြောင်းဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်ကျော်ကြာမြင့်သည့်အမှုတစ်ခု ဖြစ်သည်။ ယင်းအမှုအတွက် တရားရုံးက သက်သေခေါ်ယူရာတွင် မြန်မာနိုင်ငံဂီတ အစည်းအရုံးမှ ၁၂ ယောက် ခေါ်ယူခဲ့ပြီး ထုတ်လုပ်သူ၊ အဆိုတော်၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ခေါ်ယူခဲ့ကာ ဇူလိုင် ၃၀ ရက် တွင် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။
တရားရုံးက စီရင်ချက်ချမှတ်ပြီးဖြစ်သော်လည်း လက်ရှိ၌ တရားခံသည် ထွက်ပြေးနေခြင်းကြောင့် လိုအပ်သည့် တရားရုံး ထုံးစံဖြင့် လိုက်လံဖမ်းဆီးမည်ဖြစ်သည်။ နောက်ထပ်ခိုးကူးအမှုများကို ယင်းကဲ့သို့ တရားမလမ်းကြောင်းဖြင့် တရားစွဲဆိုသွားမည်ဖြစ်ပြီး “ကြိုက်သလောက် ခိုးကူးပါ။ မိလျှင် ကျသလောက်ရှင်းရမည်” ဆိုသည့်မူဖြင့် ဆက်လက်ဖမ်းဆီးမည်ဖြစ်သည်။
Mizzima
Ref; ဟာဂျူလီ ကသာ (Facebook)

No comments:
Post a Comment