Wednesday, July 30, 2014

နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုရန်အတွက် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်း သားပါတီများ၊ ကျောင်းသားအဖွဲ့အစည်းများပါဝင်သော ဆွေးနွေးပွဲပြုလုပ်မည်


ရန်ကုန်၊ ဇူလိုင် ၂၉- နိုင်ငံရေး အကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုရန်အတွက် နိုင်ငံရေးအင်အားစုများ၊ တိုင်း ရင်းသားပါတီများ ၊ ကျောင်းသား အဖွဲ့အစည်းများ ပါဝင်သော ဆွေး နွေးပွဲကို ဩဂုတ်လအတွင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း ဦးဆောင် အဖွဲ့အစည်းများထံမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲ အား ဩ ဂုတ်လတတိယပတ်အတွင်းပြုလုပ် သွားမည်ဖြစ်ပြီးယင်းဆွေးနွေးပွဲမှရရှိလာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် သတ်မှတ်ချက်အား အစိုးရ အဖွဲ့အစည်းများထံ တင်ပြသွားမည် ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့က ဦးသက်ဦးက ပြောသည်။
''ကျွန်တော်တို့ နှစ် ဖွဲ့ဆွဲထား တဲ့ မူကြမ်းတွေရှိတယ်။ အဲဒါတွေ ကို workshop မှာချပြမယ်။ ဖြုတ် သင့်တာဖြုတ်ပြင်သင့် တာပြင် သူ တို့ဘက်က ဆွေးနွေးတာတွေအားလုံး နဲ့ပေါင်းစည်းပြီး နိုင်ငံရေးအကျဉ်း သားအဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုထွက် လာအောင် ဆွေးနွေး ကြမှာပါ''ဟု ယင်းက ပြောသည်။
workshop တွင် AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့(FPPS)တို့မှ ရေးဆွဲထားသော နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့် ဆိုချက်မူကြမ်းနှစ်ခုအားဆွေးနွေးသွားမည်ဖြစ်ပြီး တက်ရောက်လာ သည့် အဖွဲ့အစည်းများမှအကြံပြု ချက်များ၊ တင်ပြချက်များ၊ အချက် အလက်များ အားလုံးကို စုစည်းကာ နိုင်ငံရေးအကျဉ်းသား သတ်မှတ် ချက် ရေးဆွဲသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့မှရေးဆွဲထားသည့်မူကြမ်း တွင် အဓိကအားဖြင့် နိုင်ငံရေးအရ ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးထောင်ချခံရသူများ၊ နိုင်ငံရေးယုံကြည်မှုအရ ဆောင်ရွက်နေသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ် မှတ်ကြောင်း ဦးသက်ဦးကဆိုသည်။
နိုင်ငံရေး အကျဉ်းသားအဓိ ပ္ပာယ်ဖွင့်ဆိုမှု workshop တွင် တိုင်းရင်းသား ပါတီများ၊ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီတွင် ပါဝင်သည့်အဖွဲ့အစည်း များ၊ ဗကသ၊ တကသအဖွဲ့များ၊ ဥပဒေ ပညာရှင် များနှင့်နိုင်ငံရေးအကျဉ်း သားဟောင်းများ အပါအဝင် ၅ဝဦးခန့် ဆွေးနွေး ရန်စီစဉ်ထားပြီး ဆွေးနွေး ပွဲအား နှစ်ရက်ပြုလုပ်သွားမည်ဖြစ် သည်။
နိုင်ငံရေးအကျဉ်းသားဟူသည့် အဓိပ္ပာယ် တိတိကျကျသတ်မှတ်နိုင် ရန်အတွက် မတ် ၁ရက်က ပြုလုပ် သော လက်ကျန်နိုင်ငံရေးအကျဉ်းသား များ စိစစ်ရေးကော်မတီ အစည်း အဝေးတွင်သဘောတူညီချက်ရရှိခဲ့ ခြင်းဖြစ်သည်။
SYMZ
‪#‎Democracytoday‬

No comments:

Post a Comment