စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ခုနစ်ဦးနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဒီနေ့ မနက် ၁၀ နာရီက နေပြည်တော် လယ်တောရိပ်သာမှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုမှာ သမ္မတက ပထမအချက်အနေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သတင်းထောက်တွေ နစ်နာမှုမရှိစေဖို့ သမ္မတလုပ်ပိုင်ခွင့် ထဲကနေ ကူညီသွားမယ်လို့ ဆိုပါတယ်။ ဘယ်လိုကူညီမှုတွေ ပေးသွားမယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
ဒုတိယအချက်အဖြစ် အစိုးရ အဖွဲ့နဲ့ Media ကြားမှာ စာနယ်ဇင်းကောင်စီကို ကြားခံအဖွဲ့အစည်း အဖြစ်လည်း အသိအမှတ်ပြုတယ်လို့ သမ္မတက ဆိုပါတယ်။
နောက်ဆုံးအချက် အနေနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်နဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကြားမှာ လွဲချော်နေတဲ့ နားလည်မှုတွေ၊ ပဋိပက္ခတွေ မရှိစေဖို့အတွက် အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေ ကျင်းပပေးမယ်လို့ ကတိပြုသွားတယ်လို့ သိရပါတယ်။

No comments:
Post a Comment