ကျွန်တော်နှင့် ကျိန်စာသင့် ပညာရေး
ကျွန်တော်တို့ရဲ့ ယနေ့ခေတ် ပညာရေးနိမ့်ကျသွားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ပပညာရှင်တွေနဲ့ အစိုးရရဲ့ ပညာရေးအသိုင်းအ၀ိုင်းထဲက ပုဂ်္ဂိုလ်ကြီးငယ်တွေကိုယ်တိုင်
သူတို့ကြုံရသမျှတွေကို မီဒီယာများစွာကနေ ရှုထောင့်အဖုံဖုံနဲ့
တင်ပြနေကြပါတယ်။ ဒါကြောင့် ထင်ပါရဲ့ ပြည်ထောင်စု လွှတ်တော်ကြီးခမျာ
ငိုင်မနေသာတော့ဘဲ ပညာရေးပြုပြင်ပြောင်းလဲဖို့ဆိုပြီး ဘတ်ဂျက်တွေမကြုံစဖူး ထူးကဲစွာချပေးလိုက်တာ ခုဆိုရင် တက္ကသိုလ်တွေမှာ ပါ/
ချုပ်တွေကစလို့ သူ့ရဲ့အပေါင်းပါ စီမံခန့်ခွဲတည်ဆောက်ပြုပြင်
အာဏာရှင်အလတ်စားများပါ ကားတွေဝယ်စီးကုန်ကြတာကို မုဒိတာပွား
ဝမ်းမြောက်ဖွယ်ရာတွေ့မြင်ကြရပါပြီ။
အဲ . . ပညာရေးကြီးကတော့ မိဒ္ဓ၀ိန္ဒကထုံး နှလုံးမူပြီး ငရဲပန်းကို
နတ်ပန်းထင်ဆဲ တရွေးသားမျှ ပြောင်းမသွား သေးကြောင်းပါ။
မပြောင်းမယ့်သာမပြောင်းတာပါ၊
ပညာရေးပြောင်းလဲ တိုးတက်ဖို့ရယ်လို့ မျှော်မှန်းချက် ၁၂ ရပ် ဘောင်ခတ်ပြီး
နှစ်စဉ် နေပြည်တော်၊ ရန်ကုန်၊ တောင်ကြီး၊ မော်လမြိုင် စတဲ့အရပ်တွေမှာ
ဝန်ကြီး ဦးဆောင်တဲ့ အခွင့်ထူးခံအရာရှိကြီးတွေ နှီးနှောဖလှယ် အကောင်အထည်
ဖော်ခဲ့ကြတာ ဆယ်စုနှစ်တစုခွဲလောက်ရှိပါပြီ။
ဒါတောင်မှ ကျဆင်းနေတဲ့ ဖြစ်တဲ့ ပညာရေးအတွက် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။
အားလုံးကတော့ ရည်မှန်းချက် (စေတနာ)ကောင်း (၁၂)ရပ်ကြီးတောင် ရှေ့ထားပြီး
လုပ်ဆောင်ခဲ့ကြတာမို့ ဘယ်သူ့ကိုမှ အပြစ်တွေ ပုံမချသာပါဘူး။ အဓိကတရားခံက
အင်္ဂလိပ်ခင်ဗျ။ ဒီကောင်က ဟိုတုန်းက နှစ်တရာမက ကျူးကျော်ပြီး
မြန်မာနိုင်ငံတော်ကြီးကို ဒုက္ခပေးခဲ့တာ အားမရလို့ လွတ်လပ်ရေးပေးလိုက်
ရပြီးမှ ခုတခါ တကျော့ပြန် ဒုက္ခတွေပေးခဲ့ပြန်တာ နှစ်ပေါင်းအစိတ်
လောက်ရှိပါပြီ။ ဟိုတုန်းက လက်နက်နဲ့ကျူးကျော်ဒုက္ခပေးတာဖြစ်ပြီး ခုတော့ ကျွန်တော်တို့က သူတို့ကိုပင့်ဖိတ်ကာ ဒုက္ခအပေးခံတာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ Lecture တပုဒ်(ကိုယ့်အာဘော်သုံးသပ်ချက်အပါအ၀င်) ဖြောင့်အောင်မရေးနိုင်တဲ့ ကူးရေးဖတ်ပြ ဆရာ/မတွေက
ကျောင်းပြီးဖို့သာ အဓိက ပညာရေးဟာ သာမညဆိုတဲ့ ဂျင်းဘောင်းဘီဝတ်
ဆံပင်ဆေးဆိုး တတ်တူးထိုးလူငယ်တွေကို မြန်မာစာကလွဲလို့ ကျောင်းသင်ဘာသာ
ရပ်အားလုံး အင်္ဂလိပ်လို သင်ပေးကြသတဲ့။ ကျွန်တော့်မိတ်ဆွေကြီး (ဟိုတုန်းက)
ခြောက်ထပ်ကွမ်း လူရည်ချွန်(ခုတော့) ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး
ကိုဖေသက်ခင်(**ရာထူးမှ နူတ်ထွက်သွားသည်မှာ ရက်ပိုင်းသာရှိသေးသည်**)က
ပြောဖူးပါတယ်။ ““တို့နိုင်ငံကလူတွေ ဟာ ကျယ်ရမယ့်အရာက မကျယ်ဘဲ မကျယ်ရမဲ့အရာက
ကျယ်နေတယ်။ အဲဒါ မျက်လုံးနဲ့ဖင်ခေါင်း””တဲ့ခင်ဗျ။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရ မည်ဆိုတာလိုပေါ့ခင်ဗျာ။ မြန်မာ့ပညာရေး ကမ္ဘာကိုမွှေးစေရမယ်ထင်ပြီး ဖြတ်လမ်းနည်းသုံးနေကြတာလို့ ပါ/ချုပ် တချို့က ကွယ်ရာမှာ ဟားနေကြ ပါတယ်။
ယနေ့များမှာ တွေ့နေရတာကတော့ ၀ိဇ္ဇာ၊ သိပ္ဗံ၊ ဥပဒေနဲ့ စီးပွားရေး ဆိုင်ရာ
စာတမ်းတွေကို အင်္ဂလိပ်ဘာသာနဲ့သာ တင်ခွင့်ပြုပြီး အဲဒီစာတမ်း တွေကို
အင်္ဂလိပ်စာပါမောက္ခက ဦးစွာတည်းဖြတ်ဝေဖန်စာ အရေးအသား မှန်ကန်ကြောင်း
သီးသန့်ထောက်ခံပေးနေရတာခင်ဗျ။ ဒါဟာ စာတမ်းရှင်ရဲ့ အင်္ဂလိပ်လို ကျွမ်းကျင်မှု အားနည်းချက်ကို အကဲဖြတ်ဒိုင်က ကြိုတင် အဆင့်ချထားတာဖြစ်ပါတယ်။ ဒီကိစ္စက ပါမောက္ခနဲ့ ပါ/ချုပ်တွေရဲ့
Level မှာကို ဖြစ်နေတာခင်ဗျ။ အောက်ဆင့်တွေကိုတော့ ထည့်တောင်ပြောဖို့
မလိုတော့ပါဘူး။ အလုပ်ဖြစ်အောင် အဖြစ်လုပ်နေတဲ့ ပညာရေးနဲ့
သုတေသနလုပ်ငန်းတွေဆိုတာ တက္ကသိုလ်စာကြည့်တိုက်တွေထဲက စာကြမ်းပိုး
ဖုန်မှုန့်တွေ အသိဆုံးပါ။ ကျွန်တော်တို့က ဟိုပင်သည်ပင်ကူးပါလို့ ပညာ
ရေးမျောက်ကြီးကျယ်ဖြစ်နေကြဆဲကာလတွေမှာ ဂျပန်ကိုလှမ်းကြည့်လိုက်တော့
““၁၉၄၅ ခု ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့ စစ်ရှုံးသွားပြီးနောက်
ဂျပန်ဘုရင်မင်းမြတ် ဟီရိုဟီတိုသည် တိုင်းပြည်၏အဖိုးတန်ရတနာ
အနာဂတ်လူငယ်များအား အကောင်းဆုံးနှင့် ပထမတန်းစား ပညာရပ်များ
သင်ကြားပေးနိုင်ရန် နယ်ပယ်စုံမှ ပညာရှင်များ၏ အကူအညီကိုရယူပြီး
ပညာရေးစီမံကိန်းများ စံနစ်တကျ ချမှတ်ဆောင်ရွက်စေခဲ့၏။ ပညာရေး
ဆိုင်ရာမူဝါဒများကို ပညာရှင်များစိတ်ကြိုက် အသေးစိတ်ရေးဆွဲအကောင်
အထည်ဖော်စေခဲ့ရာ ပညာရှင်များကလည်း တိုင်းပြည်အပေါ် သစ်္စာရှိရှိ လွတ်လပ်စွာ
စေတနာထားဆောင်ရွက်ခဲ့ကြ၏။ အခြေခံပညာမှစ၍ တိကျ သောမူဝါဒများ၊
ခေတ်မီသောသင်ရိုးညွှန်းတမ်းများ
ပြဋ္ဌာန်းကာ မြို့နယ်၊ ပြည်နယ်၊ တိုင်းအလိုက် မူ၊ လယ်၊ ထက်
သင်ကြားရေးစာအုပ်များကို ဒေသခံပညာရှင်များက ပြုစုထုတ်ဝေလျက် မြို့နယ်၊
ပြည်နယ်၊ တိုင်း အချင်းချင်း ပြိုင်ဆိုင်ကြပြီး အဆင့်မြင့်အရည်အသွေးမြင့်
ပညာရေးဖြစ် အောင် ဆောင်ရွက်ခဲ့ကြလေသည်””ဆိုပြီး
လေ့လာမှတ်သားရပါတယ်။ ဂျပန်တွေဟာ အဲဒီခေတ်ကတည်းက ယနေ့တိုင်အောင်
ကမ္ဘာနဲ့ရင်ဘောင်တန်းဖို့ ကျောင်းသင်ပညာရပ်တွေကို
အင်္ဂလိပ်လိုသင်မှဖြစ်မယ်ဆိုပြီး ဆရာ/မကိုရော၊
ကျောင်းသားကိုပါ Language Barrier နဲ့ နပန်းလုံး အချိန်ဖြုန်းစေမယ့်
ရူးကြောင်ကြောင်အတွေးမျိုး တခါမျှမတွေးခဲ့ကြဖူးပါဘူး။ အဲဒါကြောင့်လည်း
သူတို့နိုင်ငံဟာ ကမ္ဘာ့ထိပ်သီးစက်မှုနိုင်ငံကြီးဖြစ်
လာရတာ မဟုတ်ပါလား။ ပညာရှင်နဲ့ လူငယ်ကျောင်းသားတွေအပေါ် အထူးအလေးထားခဲ့တဲ့
အလွန်မတန်လေးစားထိုက်တဲ့ ခေါင်းဆောင်မှုအစီ အမံတွေဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့နိုင်ငံမှာတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဆယ်စု နှစ်တွေကစလို့ လူငယ်ကျောင်းသားလေးတွေကို နှိပ်ကွပ်လာလိုက်တာ ဘယ်လောက်တောင်ဖြစ်သွားသလဲဆိုရင်
မြန်မာနိုင်ငံ လွတ်လပ်ပြီးစကနေ ယနေ့ထိပညာရေးသမိုင်းဟာ
ကျောက်သားသွေးနဲ့ရေးတဲ့ နိုင်ငံရေးသမိုင်း ဖြစ်သွားရတဲ့အထိပါပဲ။
ကျွန်တော်ဟာ သဘာဝတရားကြီးရဲ့ လျှို့ဝှက်ချက်တွေကို ယုံကြည်ပါတယ်။ တပါးသူကို
သွားထိခတ်ခဲ့ရင် ကိုယ့်ဆီကို ပြန်သက်ရောက်လာမယ်ဆိုတဲ့ သဘောတရားအနေနဲ့ပါ။
အဲဒီသဘော တရားကြောင့်ပဲ ပညာရေးနဲ့ ကျောင်းသားကို ညစ်ထေးစေခဲ့မှုတွေအတွက်
ကျိန်စာဟာ ထက်ကြပ်မကွာ လိုက်ပါလာတာ အားလုံးအသိဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဆိုင်းဘုတ်တွေ၊ ကြေညာချက်တွေ၊ ကျီးဘုတ်မြှောက်
ဘုတ်ကျီးမြှောက်တွေ ပလူပျံနေကြပေမယ့် အနှစ်သာရကတော့ ဗလာ ပါပဲ။ အဲဒါဟာ
ကျောင်းသားဆိုတဲ့ တိုင်းပြည်ရဲ့ အဖိုးတန်ရတနာလူငယ် များနဲ့ ပညာရေးကို
နှိပ်ကွက်ခဲ့လို့ဆိုတာ ထူးပြောစရာလိုမယ်မထင်ပါဘူး။
ကျောင်းသားကို နှိပ်ကွက်ခဲ့ကြသူတွေထဲမှာ ဆရာတွေကိုယ်တိုင်ပါနေခဲ့
ကြတာကိုလည်း ကျွန်တော်ကိုယ်တိုင် ဆရာဘ၀နဲ့ ကြုံခဲ့ရတာမို့ အတော့် ကို
အံ့သြမဆုံး ယူကျုံးမရဖြစ်ခဲ့ရဖူးပါတယ်။
၁၉၉၃ ဇူလိုင်လကပါ။
ကျောင်းအုပ်ကြီးရဲ့ အမိန့်တရပ်ထွက်လာပါ တယ်။ ဆန္ဒပြကျောင်းသားကို ဖမ်းပေးရင်
ပရိုမိုးရှင်းတိုးပေးမတဲ့။ အဲဒီ အကြောင်း လုံခြုံရေးအတူတွဲကျနေတဲ့
ကိုဝေမင်းက ကျွန်တော့်ကို ဘယ်လိုသဘောရသလဲလို့မေးလာပါတယ်။ ကိုယ်မရေးနိုင်တဲ့သမိုင်းကို
ကျောင်း သားတွေ ရေးကြတာရေးပါစေ။ အဲဒီပရိုမိုးရှင်းကိုလည်း
မလိုချင်ပါဘူးလို့ ပြောလိုက်ပါတယ်။ သူကတော့ လိုချင်တယ်တဲ့။
ရိုးရိုးအတိုင်းဆိုရင် နောက် ငါးနှစ်ကြာမှ ပရိုမိုးရှင်းရမှာတဲ့။
မစောင့်နိုင်ဘူးတဲ့။ အခွင့်အရေးရတုန်း လက်လွတ်မခံနိုင်ဘူးတဲ့လေ။ ကျွန်တော်
တိတ်တိတ်ပဲနေလိုက်ပါတယ်။ ဒီလိုနဲ့ ဆဲဗဲန်းဇူလိုင်နေ့မှာတော့ ကျောင်းသား/သူလေးအချို့
ဆန်္ဒပြကြပါတယ်။ ကိုသန်းမြင့် တာဝန်ကျရာ နားနေဆောင်ဘက်ကစ,ပြတာပါ။
ကိုသန်းမြင့်က တားရင်း ခေါင်းဆောင်ကောင်လေးကို ၀င်ဖက်ပါတယ်။
ကျောင်းသူလေးတွေက ကိုသန်းမြင့်ကို ၀ိုင်းဆွဲဖယ်ကြပါတယ်။ ခေါင်း
ဆောင်ကောင်လေး လွတ်သွားပြီး ခွပ်ဒေါင်းအလံလွှင့်၊ ကြွေးကြော်သံ တိုင်ရင်း
ဆန္ဒဆက်ပြကြပါတယ်။ အဲဒီအချိန်မှာ ကိုစိုးလွင်တို့၊ ကိုထွန်းနိုင် တို့
ဆရာလေး၊ ငါးယောက် နှစ်ထပ်ပေါ်ကပြေးဆင်းလာကပြီး ကျောင်း သားတွေနောက်
အမြန်လိုက်ကြပါတယ်။ ကိုထွန်းနိုင်က အလံကိုလု၊ ကိုစိုးလွင်က
ခေါင်းဆောင်ကောင်လေးကို အတင်းဝင်လုံးပြီးဖမ်းပါတယ်။
ကိုဝေမင်းက ကျောင်းသားလေး ရုန်းထွက်လို့မရအောင် ပူးပြီးကာထားပေး ပါတယ်။
အဲဒီနောက်တော့ နယ်မြေဘောင်းဘီဝတ်တွေရော၊ မော်ကွန်း
ထိန်းရုံးကလူတွေရောရောက်လာပြီး ကျောင်းသားခေါင်းဆောင်ကောင်လေး
ကို ၀ိုင်းထိုး၊ ၀ိုင်းရိုက်ကြပါတော့တယ်။ ကျွန်တော်လည်း ဆက်မကြည့်
ရက်တော့တာမို့ သူတို့ဆီကိုပြေးသွားပြီး ၀င်တိုးဟန်ဆောင်ရင်း တုတ်တွေ၊
လက်သီးတွေကို တွန်းလွှတ်ဖယ်ရှားပါတယ်။ နောက်ဆုံးတော့ ဖူးရောင်နေ တဲ့
ခေါင်းဆောင်ကောင်လေးကို ကျောင်းအုပ်ကြီးရုံးခန်းရှိရာ ပထမထပ် ပေါ် ၀ိုင်းချုပ်ပြီးခေါ်သွားပါတော့တယ်။ သူ့နောက်က ကျောင်းသား/သူတွေ
အားလုံးကတော့ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ သက်သေခံ စာရွက်စာတမ်း၊
ခွပ်ဒေါင်းအလံနဲ့ သူ့ကျောင်းသားကတ်ကလေးကို စားပွဲ ပေါ်တင်လိုက်တော့
ကျွန်တော် သေသေချာချာမှတ်ထားလိုက်ပါတယ်။ မောင်ဉာဏ်ဝင်းအောင်၊ ဒုတိယနှစ်စီးပွားရေးတက္ကသိုလ်၊ လှိုင်နယ်မြေတဲ့။ လိပ်စာက အင်းစိန်ဆိုတာလေးပဲ မြင်လိုက်ရသေးတယ်။ မျက်နှာစိမ်းတွေ ရောက်လာလို့ ကျွန်တော် ကျောင်းအုပ်ကြီးရုံးခန်းထဲက အသာထွက်လာခဲ့ ပါတော့တယ်။ ကျွန်တော်က ကျူတာပေါက်စလေ။ ဘာမျှအရေးပါတဲ့ ကောင် မဟုတ်တော့ မောင်းထုတ်ခံရမှာကြောက်ရတာကို။ ဒီလိုနဲ့ နောက် ၈-၇-၉၃ မှာတော့ ကျွန်တော် ကျူတိုရီယယ်လ်ရှင်းပြနေတဲ့ လက်ချာခန်း ကို မော်ကွန်းထိန်းဦးဆောင်ပြီး နယ်မြေကလူတွေနဲ့လာဝိုင်းကြပါတော့ တယ်။ ပြီးတော့မှ ကျောင်းသားတွေကို စံနစ်တကျထွက်ခိုင်းရင်း ကျွန်တော့်ကို သိမ်မွေ့စွာဖမ်းလိုက်ပါတော့တယ်။
အဲဒီဖမ်းတဲ့သူတွေထဲမှာ အဖွဲ့ အစည်းလို့ အနက်ထွက်တဲ့ ပါဠိအမည်နဲ့
ဒီကနေ့ထုတ်ဝေနေတဲ့ ဂျာနယ်ကြီးတစောင်မှာ အယ်ဒီတာလည်းလုပ်၊
ပင်တိုင်ဆောင်းပါးရှင်လည်းဖြစ်နေတဲ့ ပုဂ်္ဂိုလ်ကြီးတောင် တက်ကြွစွာ ပါဝင်ခဲ့ပါသေးတယ်။
Eco ကျောင်းသားတွေက သွပ်ဆူးကြိုးခြံစည်ရိုးလေးသာခြားတဲ့
ကျွန်တော်တို့ ကျောင်းထဲဝင် ဆန္ဒပြရာမှာ ပါဝင်ပတ်သက်နေသူဆိုတဲ့ စွဲချက်နဲ့
ကျွန်တော့်ကိုဖမ်းတာပါ။ မနေ့ကလိုပဲ ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ
ထောက်လှမ်းရေးတွေနဲ့ အတူ ကျောင်းအုပ်ကြီးအပါအ၀င် ဌာနမှူးအချို့နဲ့ပါ
ကျွန်တော့်ကိုစစ်ဆေး ကြပါတော့တယ်။ နောက်ဆုံးတော့ ကျွန်တော့်ကို
ရူးကြောင်ကြောင်ကောင်ဆိုတဲ့ သုံးသပ်ချက်နဲ့ ပြန်လွှတ်ပေးလိုက်ကြပါတယ်။ ဒါပေမဲ့ ဌာနနာမည် ပျက်အောင်လုပ်တဲ့ကောင်ဆိုပြီး ကျွန်တော့်ကို ဘာကျူတိုရီယယ်လ်မှ ပေးမ၀င်တော့ဘဲ ဂျူတီတွေချည်း လှိမ့်စောင့်ခိုင်းထားခဲ့ပါတော့တယ်။ ကျွန်တော့်မှာတော့ ဉာဏ်ဝင်းအောင်လေးကို ၀ိုင်းထိုး၊ ၀ိုင်းရိုက်နေတဲ့ မြင်ကွင်းတွေသာ ရင်ထဲမှာ နာကျင်စွာဖျောက်မရအောင်ဖြစ်ပြီး
ညဘက် အိပ်မပျော်တဲ့ ဝေဒနာကို လနဲ့ချီခံစားခဲ့ရပါတယ်။ သူ့ကို
ဝိုင်းဖမ်းပေးလိုက် သူတွေကတော့ တပတ်အတွင်းမှာပဲ ရာထူးတွေတိုးသွားကြပါတယ်။
ကိုဝေမင်းတယောက် ဆုတောင်းပြည့်သွားပြီး ကိုစိုးလွင်၊ ကိုသန်းမြင့်နဲ့
ကိုထွန်းနိုင်တို့ ဆရာတသိုက်လည်း ရာထူးတိုး။ အခြားပုဂ်္ဂိုလ်ကြီးငယ်တွေ လည်း
ရာထူးတိုး။ သူတို့အထဲက အချို့ဆို ဘာမှူး၊ ညာမှူး၊ ဘာချုပ်၊ ညာချုပ်တွေထိ
ရာထူးကြီးတွေအဆင့်ဆင့်တိုးသွားကြပါတော့တယ်။ ဉာဏ်ဝင်းအောင်လေးတယောက်တော့ ဘယ်သောင်ဘယ်ကမ်း ဘယ် စခန်းကို ဆိုက်သွားတယ်ဆိုတာ ခုချိန်ထိ ကျွန်တော်မသိရတော့ပါဘူး။
ဒါလေးက တက္ကသိုလ်ဆရာဘ၀မှာ ကျွန်တော် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့
များစွာသောအခြေအနေတွေထဲက တခုသောဖြစ်ရပ်ကလေးပါ။ အကြောင်းတိုက်ဆိုင်တိုင်း
ဒီဖြစ်ရပ်ကလေးကို သတိရနေမိပြီး ပညာရေး ကြီးဟာ ကျိန်စာဆိုးတွေသင့်နေရတာပါလား။ ဒီကျိန်စာတွေ မကုန်ဆုံး မချင်းတော့ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့
ပညာရပ်ဝန်းတရပ်ပေါ် လာနိုင်မယ်မဟုတ်ဘူးလို့သာ ထင်မြင်နေမိပါတယ်။
တဆက်တည်းမှာပဲ ကျွန်တော်တို့ဟာ ဂျပန်တို့ရဲ့ စစ်ပညာနည်းနာကို ယနေ့အထိ
အသုံးချနေကြပါလျက် ဂျပန်တို့ရဲ့ ပညာရေးနည်းနာကိုတော့
ဘာကြောင့်ယူမသုံးကြသလဲဆိုတာတွေးရင်း မရိုးသားကြတော့တာလား။ အမှားတွေဝန်ခံဖို့ သတ်္တိ မရှိကြတာလား။ အဖြေရှာမရနိုင်အောင် ဖြစ်နေရကြောင်းပါခင်ဗျား။
ကိုမာကျော
မှတ်ချက်- ပုဂ္ဂိုလ်ရေးမထိခိုက်မိစေရန် ဆရာများ၏ အမည်များကို လွှဲထားသည်။
No comments:
Post a Comment