Friday, August 1, 2014

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်တစ်ခု ပေါ်ပေါက်ရန် လေ့လာသုံးသပ်ရေး ကော်မရှင်ကိုစတင်ဖွဲ့စည်း

ရန်ကုန်၊ ဇူလိုင် ၃၁- ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့်လိုက်လျော ညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် တစ်ခု ပေါ်ပေါက်လာစေရန်အ တွက် လေ့လာသုံးသပ်ရေးကော်မရှင်ကို ဇူလိုင်၃၁ ရက်နေ့တွင်ပြုလုပ် သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး ၃၈ရက်မြောက်နေ့တွင်စတင် ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယင်းလေ့လာသုံးသပ်ရေး ကော် မရှင်အား ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးတင်မောင်ဦး (ရွှေပြည် သာမဲဆန္ဒနယ်)က ဥက္ကဋ္ဌအဖြစ် ဦး ဆောင်၍ ဦးသန်းဝင်း(သာပေါင်း)၊ ဦးဆိုင်းကျောက်(မိုင်းဖြတ်)၊ ဦးခင် မောင်ဝင်း (လမ်းမတော်)၊ ဒေါက် တာ ဇော်မြင့်မောင်(ကျောက်ပန်းတောင်း)၊ ဦးဉာဏ်ဆွေ ဟိန်း (ကျောက်ကြီး)၊ ဦး စိုးဝင်း(စမ်းချောင်း)၊ ဗိုလ်မှူးချုပ်တင် စိုး(တပ်မတော် သားကိုယ်စားလှယ်)၊ ဒေါ်ဒွဲဘူ(အင်ဂျန်းယန်)၊ ဒေါ်ဇာတ လန်း (ထန်တလန်) ၊ ဒေါ်မိမြင့်သိန်း(ရေး)၊ ဦးထွန်းအောင်ကျော်(ပုဏ္ဏားကျွန်း)၊ ဦးစိုင်းမောင်တင် (လဲကြား)၊ ဦး အောင်သိန်း(ရွာငံ)၊ ဦးခင်မောင် သောင်း (ပင်လောင်း)၊ ဦးစောသိန်း အောင်(လှိုင်းဘွဲ့)၊ ဦးအောင်ဇင် (ပုဇွန်တောင်)နှင့်ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့မှ ဦးဝင်းသန်း၊ ဦးဝင်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးတင်ဝင်း၊ ဦးအောင် မြင့်ထွန်းတို့နှင့် အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦး(အမရပူရ)၊ တွဲဖက်အ တွင်းရေးမှူးဦးသန်းဝင်း(တောင်တွင်း ကြီး)တို့ဖြင့် ဖွဲ့စည်းလိုက်သည်။
ကော်မရှင်၏ သက်တမ်းကိုစတင် ဖွဲ့စည်းသည့်နေ့မှစပြီး ရက်ပေါင်း (၆၀)သတ်မှတ်ထားကြောင်း သတ်မှတ် ကာလအတွင်း ပြီးစီးစေရန် ဆောင် ရွက်ရမည်ဖြစ်ပြီး ပညာရှင်များ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ ဆက်စပ် သက်ဆိုင်သောအဖွဲ့ အစည်းများမှ သင့်လျော်သော ပုဂ္ဂိုလ် များနှင့် မြန်မာနိုင်ငံသားမည်သူ့ကို မဆို ဖိတ်ကြားမေးမြန်းဆွေးနွေး နိုင် ပြီး ကော်မရှင် အဖွဲ့ဝင်များသည်အစည်းအဝေး များတွင် ၂၀၀၈ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် မဆန့်ကျင်လျင် လွတ်လပ်စွာပြော ဆိုဆွေးနွေးခွင့် ရှိ ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ် များ က ပြောသည်။
ကော်မရှင်၏ ရုံးလုပ်ငန်း ကိစ္စ များ ဆောင်ရွက်ရာတွင်ကုန်ကျသော အသုံးစရိတ်များ ကော်မရှင်မှ ဖိတ် ကြားသော ပြင်ပ ပုဂ္ဂိုလ်များ၏ တည်းခို နေထိုင်စရိတ်နှင့် ခရီးစရိတ်များ အား ပြည်သူ့လွှတ်တော်လွှတ်တော် ရုံး၏ အသုံးစရိတ်မှကျခံ ရမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြအတည်ပြု ဖွဲ့ စည်းခဲ့ကြောင်း သိရသည်။
ယင်းကော်မရှင်ဖွဲ့စည်းခြင်း နှင့် ပတ်သက်ပြီး ပုသိမ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က ''မြန်မာနိုင်ငံနဲ့လိုက်ဖက် မယ့်ရွေး ကောက်ပွဲစနစ်တစ်ခုဖော်ဆောင်ဖို့ အတွက် ဒီကော်မရှင်ကိုအကောင် အထည်ဖော်တာ။ PR လဲဖြစ်ချင် ဖြစ်မယ်။ FPTP လဲဖြစ်ချင်ဖြစ် မယ်။ ကော်မရှင်ရဲ့အစီရင်ခံစာကို ပြည်သူ့လွှတ်တော်မှာဆုံးဖြတ်မယ်။ ပြီးရင်ပြည်ထောင်စုလွှတ်တော်မှာ ထပ်ပြီး အဆုံးဖြတ်လုပ်မယ်။ဖွဲ့စည်း ပုံအခြေခံ ဥပဒေနဲ့ ညီမညီဖွဲ့စည်း ပုံ အခြေခံဆိုင်ရာခုံရုံးထိလုပ် သွားရဦးမယ်''ဟု ပြောသည်။
ယင်းကော်မရှင်ဖွဲ့စည်းရန် အ တွက် ဇူလိုင်၂၈ရက်တွင်ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် လွှတ် တော်၏ အဆုံးအဖြတ်ရယူခဲ့ခြင်းဖြစ် သည်။
MP
‪#‎Democracytoday‬

No comments:

Post a Comment