Friday, August 1, 2014

လယ်ယာလုပ်ငန်းခွင်ပြဿနာ ဖြေရှင်းကာကွယ်ရေးဥပဒေပြဋ္ဌာန်းပေးရန် အကြံပြုမည်

အာင်သူ (ဒေးဒရဲ) - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၉)။
တောင်သူလယ်သမားများ ၏ လယ်ယာလုပ်ငန်းခွင်အတွင်း ဆုံး ရှုံးနစ်နာမှုမရှိစေရန်အတွက် လယ် ယာလုပ်ငန်းခွင်အခက်အခဲပြဿနာ ဖြေရှင်း ကာကွယ်ရေးဥပဒေတစ်ခု ပြဋ္ဌာန်းပေးရန် ပြည်ထောင်စုလွှတ် တော်ဥပဒေပြုရေးကော်မတီအား အကြံပြုချက်များ ပေးပို့သွားမည်ဖြစ် ကြောင်းသိရသည်။
လယ်ယာလုပ်ငန်းခွင်အတွင်း လယ်သမားများဖြေရှင်းပေးသည့် ဥပဒေမရှိသေးသည့် အတွက် အဆိုပါ ဥပဒေအား အတည်ပြုပြဋ္ဌာန်းပေးနိုင် ရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ် ကြောင်း လွတ်လပ်သောတောင်သူ လယ်သမားအသင်းဥက္ကဋ္ဌ ဦးသိန်း အောင်က ပြောသည်။
ယင်းက''ဒီဥပဒေကြမ်းကိုလွှတ် တော်ကိုတင်ပြီးအတည်ပြုပေးနိုင် အောင်ဦးကြီးတို့ အသင်းက အခုဆို ရင် ဥပဒေကြမ်းတစ်ခုရေးပြီးသွားပြီ'' ဟု ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် တောင် သူလယ်သမားများနှင့်ပတ်သက်သည့် ၂ဝ၁၂ လယ်ယာမြေအခြေခံဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေနှင့် တောင် သူလယ်သမားအခွင့်အရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေများသာ ပြဋ္ဌာန်းထားပြီး တောင်သူလယ်သမား များအတွက် လယ်ယာလုပ်ငန်းခွင် နှင့်ပတ်သက်သည့် ဥပဒေမရှိသေး သည့်အတွက် ယခုကဲ့သို့လုပ်ဆောင် ရခြင်းဖြစ်ကြောင်း ယင်းကဆိုသည်။
ဦးသိန်းအောင်က''လွှတ်တော် အမတ်ကနေတစ်ဆင့် တင်သွင်းရ တယ်ဆိုပေမယ့် ဒါကိုတင်သွင်းနိုင်ဖို့ အတွက် အကြံပြုပေးပို့ရတာဖြစ်တယ်'' ဟုပြောသည်။
လယ်ယာလုပ်ငန်းခွင်အတွင်း ရေကြီးနစ်မြုပ်ခြင်းများကြောင့် သီး နှံဆုံးရှုံးခြင်းများ၊ ရေထုတ်သည့်ကိစ္စ များ၊ ရေသွင်းသည့်ကိစ္စများ၊ ကုန် ထုတ်လမ်းကိစ္စများ၊ လယ်ထဲသို့သွား သည့်လမ်းများ၊ ရေငန်ဝင်နေသည့် အချိန်တွင် ရေငန်တားတာများ လုပ် ဆောင်ခြင်းများနှင့် ရေဝပ်ပြီး သီးနှံ များပျက်စီးခြင်း စသည့်လုပ်ငန်းများ အား ကာကွယ်မှုပေးနိုင်ရန် လိုအပ် ကြောင်း ယင်းကဆိုသည်။
ပဲခူးတိုင်းဒေသကြီးမှလယ်သ မားဦးသာဦးက ''ကျွန်တော်တို့ကတော့ ဥပဒေတွေလဲ နားမလည်ဘူး။ ရာသီ ဥတုဒဏ်ကြောင့် စိုက်ထားတဲ့သီးနှံ တွေဆုံးရှုံးတာကို ပြန်ပြီးပေးတယ် ဆိုရင် ကောင်းတယ်''ဟု ပြောသည်။ ယင်းကဲ့သို့လုပ်ငန်း အတွက် အဆင်ပြေစေပြီး ဆုံးရှုံးသွားသည့်သီးနှံ စရိတ်များအားပြန်ပေးပါက နောက် ထပ်ပြန်စိုက်ရန်အတွက် အရင်းအနှီး မရှာရတော့ကြောင်း ဦးသာဦးက ဆက်ပြောသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များနှင့်ပတ်သက်သည့် လျော်ကြေး ပေးမှုများ၊ သီးနှံလျော်ကြေးများနှင့် ပတ်သက်သည့် အာမခံစနစ်များနှင့် မိုးရေချိန်နှင့် ပတ်သက်သည့် အာမခံ များ လက်ရှိမြန်မာနိုင်ငံတွင်မရှိသေး ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံ၌ စိုက်ပျိုး ရေးကဏ္ဍတွင် စိုက်ပျိုးရေးနှင့်ပတ် သက်သည့်လျော်ကြေးပေးနိုင်မှုမရှိ ခြင်း၊ သီးနှံအာမခံမှုမရှိခြင်း၊ မိုးရေချိန် နှင့်ပတ်သက်သည့် အာမခံစနစ်မရှိ ခြင်းများကြောင့်လည်း မြန်မာနိုင်ငံ ၏လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုနည်း နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းမ် ဂျာနယ်နှင့်တွေ့ဆုံချိန် မြန်မာလယ်ယာ ကဏ္ဍအတွက်လိုအပ်နေသေးသည့် အချက်အလက်များအား ပြောဆိုခဲ့ သည်။

No comments:

Post a Comment