Friday, August 1, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းကြီးကို ဖြတ်သန်းမည့်ကားများ GPS တပ်ဆင်ရန် ကုမ္ပဏီများနှင့် ညှိနှိုင်းနေ

ရန်ကုန်-မန္တ လေးအမြန်လမ်းကြီးပေါ်၌ ဖြတ် သန်းသွားလာသည့် ကားများကို ခြေရာခံသည့်စနစ် (GPS Tracking System) အား တပ်ဆင်နိုင်ရန်ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း ရန်ကုန်-မန္တလေးအမြန်လမ်း (ပြင်၊ ထိန်း)အဖွဲ့ က ပုဂ္ဂလိကကုမ္ပဏီများနှင့် ညှိနှိုင်း နေကြောင်း သိရသည်။
''ကျွန်တော်တို့လမ်းပေါ်ကိုကားတစ်စီးဝင်လာတာနဲ့ ချောချော မွေ့မွေ့လမ်းပေါ်က ထွက်သွားမှ ကျွန်တော်တို့ တာဝန်ကျေတယ်လို့ ယူဆတယ်။ ခရီးသည်တင်ကားကြီး တွေမှာ အရင်တပ်ဆင်ပေးမယ်။ နောက်ပိုင်းမှာ ယာဉ်ငယ်လေးတွေ မှာပါတပ်နိုင်မှာပါ။ ကိရိယာငှားခ ကိုတော့ အများသူငါငှားနိုင်တဲ့ သက်သာတဲ့နှုန်းထားရအောင် ဝန် ဆောင်မှုပေးမယ့် ကုမ္ပဏီနဲ့ ညှိနေ ပါတယ်''ဟု အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောသည်။
အမြန်လမ်းမတွင်မောင်းနှင် သည့် ယာဉ်များ၏ အရှိန်နှင့်အမြန် နှုန်းတိုင်းတာမှု၊ ဘရိတ်အသုံးပြုမှု၊ လမ်းတစ်လျှောက်တွင် ရပ်နားမှုစ သည်တို့ကို ခြေရာခံသတင်းပေးပို့ နိုင်မည့် နည်းစနစ်သုံး စက်ပစ္စည်း တစ်ခုကို ကားများတွင်တပ်ဆင်ပေး သွားရန် စီစဉ်နေခြင်းဖြစ်ပြီး ကနဦး တပ်ဆင်မှုအဖြစ် အဝေးပြေးခရီး သည်တင် ယာဉ်လိုင်းများတွင်တပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ စနစ်ကို အကယ်ဒမီ အဝေးပြေးယာဉ်လိုင်း တွင် တပ်ဆင်အသုံးပြုရာအောင်မြင် လျက်ရှိပြီး အမြန်လမ်းမတွင်လိုအပ် သည့် အခြေခံအဆောက်အအုံများ ဖြစ်သည့် Traffic Information Centre နှင့် GSM Network များရရှိသည်နှင့် တခြားယာဉ်လိုင်းများ တွင်ပါ ငှားရမ်းတပ်ဆင် အသုံးပြုနိုင် ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
''အရင်တုန်းကတော့ ဒီကိစ္စအ တွက်ယာဉ်လိုင်းတွေကို အစည်းအဝေး ခေါ်ဖူးသေးတယ်။ အခုအကောင် အထည်ဖော်တော့မယ်ဆိုတော့ ခရီး သည်အတွက် ပိုပြီးလုံခြုံမှုရှိတာပေါ့။ တစ်ခုခုဖြစ်ရင် အချိန်နဲ့တစ်ပြေးညီ သိနိုင်တော့ အကူအညီပေးဖို့ ထိ ရောက်မှာပါ။ ဒါပေမဲ့ ဒီစက်ငှားရမ်းခကြီးက ကျွန်တော်တို့အတွက် ဝန် ထုပ်ဝန်ပိုးကြီးဖြစ်နေမယ် ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူး'' ဟု နယူး မန္တလာထွန်းယာဉ်လိုင်းမှ တာဝန်ခံ ဦးသိန်းဆွေက ပြောသည်။
အမြန်လမ်းမပေါ်တွင်၂ဝ၁၃ခုနှစ်ကကားစီးရေ လေးသန်းနီးပါးခန့် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော် တဆမှု ၂၅၉မှုကြောင့် ၁ဝ၃ဦး သေ ဆုံးခဲ့ကာ ၂ဝ၁၄ခုနှစ်စပိုင်းမှ ဇူလိုင် အထိ ကားစီးရေ နှစ်သန်းခွဲခန့် ဖြတ် သန်းခဲ့ပြီး မတော်တဆမှု ၂၅၈ မှု တွင် ၉၆ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်- မန္တလေး အမြန်လမ်း (ပြင်၊ ထိန်း)အဖွဲ့၏ စာရင်းဇယားများအရ သိရ သည်။
ZMO (Myitmaha)
‪#‎Democracytoday‬

No comments:

Post a Comment