မြန်မာပြည်သူတို့၏ ငွေတန်ဖိုးနည်း၊ ဝန်ဆောင်မှု ကောင်းသောဖုန်း မျှော်လင့်ချက်မှာ ကြီးမားသည့်အတွက် Ooredoo ဖုန်းကတ်များ စတင်ရောင်းချချိန်တွင် စုပြုံဝယ်ယူနေသောကြောင့် အချို့ဖုန်းဆိုင်များက Ooredoo ၏ သတ်မှတ်ချက်မဟုတ်သော ကန့်သတ်ချက်များနှင့် ဖုန်းကတ်များကို ရောင်းချလာကြသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ရောင်းချသောဖုန်းကတ်နှင့် ဝန်ဆောင်မှုအပေါ် အကြီးအကျယ် စိတ်ပျက်နေကြသော ပြည်သူတို့အတွက် Ooredoo နှင့် Telenor တို့သည် ဆက်သွယ်ရေး မျှော်လင့်ချက်အသစ်များ ဖြစ်နေသည်။
“Ooredoo မှ၊ Telenor မှ ရယ်မဟုတ်ဘူး။ ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် အခုလို ဝင်လာတာကို ကြိုဆိုတယ်။ အဓိကက ကုမ္ပဏီထက် ယှဉ်ပြိုင်မှု ရှိလာတာကို ကြိုဆိုတာပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးရဲမြတ်သူက ဆိုသည်။
Ooredoo ဖုန်းကတ်များကို ယနေ့ (သြဂုတ်လ ၂ ရက်) တွင် တရားဝင် စတင်ရောင်းချမည် ဖြစ်ကြောင်း Ooredoo က ကြေညာထားသော်လည်း မန္တလေးနှင့် နေပြည်တော်တို့တွင် ဇူလိုင် ၂၉ ရက်နေ့တွင် စတင်ရောင်းချနေပြီး ရန်ကုန်မြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့က ဆိုင်အချို့တွင် စတင်ရောင်းချသည်။
ထို့ကြောင့်ပင် Ooredoo ဖုန်းကတ်များ စရောင်းပြီး နာရီပိုင်းအတွင်းတွင် ဖုန်းကတ်များ ကုန်သွားပြီး လူတစ်ဦးချင်းစီမှ ကတ်များစွာ ဝယ်ယူမှုများရှိကာ မှောင်ခိုဈေးကွက်တစ်ခုပင် ချက်ချင်းပေါ်လာသည်။
မန္တလေးမြို့ရှိ ဖုန်းဆိုင်များတွင် ဖုန်းကတ်များ ကုန်သွားချိန်၌ ပြင်ပဈေးကွက်မှ Ooredoo ဖုန်းကတ်ကို မှောင်ခိုဈေး တစ်ကတ်လျှင် ၅၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ဈေးနှုန်းရှိခဲ့ကြောင်း Ooredoo ဖုန်းကတ် စတင်ရောင်းချသည့်နေ့တွင် ဝယ်ယူသုံးစွဲခဲ့သူ မန္တလေး ကွန်ပျူတာပညာရှင်များအသင်းမ
“တချို့က တစ်ယောက်တည်းနဲ့ ကတ် ၂၀ နီးပါးလောက်ဝယ်ပြီး တစ်ကတ်ကို ၅၀၀၀ ကျပ်နဲ့ ရောင်းတာမျိုးတွေလည်း ရှိတယ်” ဟု ၎င်းကဆိုသည်။
ဝယ်လိုအားများပြီး ရောင်းလိုအား နည်းနေသည့်အတွက် ဖုန်းကတ် ၈၀၀ ကျော်ကို နှစ်နာရီအတွင်း ရောင်းချခဲ့ရပြီး ထပ်မံဝယ်ယူသူ များပြားလွန်းသည့်အတွက် ဖုန်းကတ်ရောင်းချသည့်ပုံစံက
နေပြည်တော်တွင်လည်း ဇူလိုင်လ ၂၉ ရက်နေ့တွင် Ooredoo ဖုန်းကတ်များကို စတင်ရောင်းချခဲ့ရာ ဖုန်းကတ် ဝယ်လိုအား များလွန်းသည့်အတွက် နာမည်စာရင်း ပေးထားရပြီး ပြင်ပဈေးကွက်တွင် ဝယ်မည်ဆိုပါက ၅၀၀၀ မှ ၆၀၀၀ ကျပ်ဝန်းကျင် ရှိကြောင်း နေပြည်တော်ရှိ ဆိုင်ကယ်ကယ်ရီသမား ဦးမျိုးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် MPT ကသာ တစ်လျှောက်လုံး လွှမ်းမိုးချုပ်ကိုင်ခဲ့ရာမှ
နိုင်ငံတကာစံနှုန်း၊ နိုင်ငံတကာ ဝန်ဆောင်မှုများ၊ ဈေးကွက်ထိုးဖောက်မှု ဗျူဟာများနှင့် ဆက်သွယ်ရေး ဈေးကွက်အတွင်း ပထမဦးဆုံး ဝင်ရောက်လာသည့် Ooredoo နှင့် နောက်ထပ် ယှဉ်ပြိုင်ဘက်ဖြစ်သူ Telenor တို့ဈေးကွက်အတွင်း ဝင်ရောက်လာပါက ဆက်သွယ်ရေးဈေးကွက် ပြိုင်ပွဲမှာ ပိုမိုကြည့်ကောင်းလာမည်ဖြစ်
စားသုံးသူများအနေနှင့် သတိပြုရမည့်အချက်မှာ ပြည်ပဆက်သွယ်ရေး အော်ပရေတာများနှင့် ကိုယ်စားလှယ်၊ ဖြန့်ချိရေးစာချုပ် ချုပ်ထားသူများ၏ ဖုန်းကတ်ရောင်းချမှုပုံစံပင်
MPT မဟုတ်သည့် အခြားဖုန်းကတ်ကို ကိုင်ဆောင်လိုစိတ်များမှုကို
“ဖုန်းကတ်ဝယ်ပြီးတာနဲ့ ဖုန်းပြောလို့ရအောင် ကျွန်တော်တို့က တစ်ခါတည်း Register (မှတ်ပုံတင်) လုပ်ပေးရမှာ။ အဲဒီအတွက် စာရွက်စာတမ်းကြေး နည်းနည်းပါးပါး ရှိနိုင်တယ်။ ဘယ်လောက် ကျမယ်ဆိုတာတော့ စရောင်းတဲ့နေ့ကျမှပဲ သိနိုင်မယ်” ဟု ရွှေဘုံသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မ
ရွေးချယ်စရာမရှိသည့် အခြေအနေမှ ရွေးချယ်ဝယ်ယူနိုင်မည့် အခြေအနေသို့ ပြောင်းလဲလာချိန်တွင် ဝန်ဆောင်မှုနှင့် စားသုံးသူဆက်ဆံရေး ညံ့ဖျင်းခဲ့သော MPT ထက်အခြားကုမ္ပဏီနှစ်ခု၏ ဖုန်းကတ်ကို စောင့်မျှော်နေသူများကြောင့
“စီးပွားရေးအရ ဆိုတော့ ဆိုင်တွေရဲ့အပြစ်လို့တော့ ပြောလို့မရဘူး။ Ooredoo ဘက်ကဆိုင်တွေကို ကြပ်မတ်ဖို့တော့ ကောင်းတယ်။ ဒါမှ ဝယ်ယူအသုံးပြုတဲ့လူ တွေလည်း အဆင်ပြေသွားမယ်။ ဈေးကွက်လည်း ငြိမ်သွားမယ်။ လိုအပ်သလောက် ဖြည့်ဆည်းပေးနိုင်မှ အမှန်တကယ် အသုံးပြုလိုသူတွေ အဆင်ပြေမယ်” ဟု ဖုန်းအရောင်းအဝယ် လုပ်ကိုင်နေသူ ချမ်းအေးသာစံမြို့နယ်မှ ဦးမျိုးသူရ ဆိုသည်။
ဗွေဆော်ဦး ဈေးကွက်အတွင်း ဝင်လာသည့် Ooredoo ၏ ဝန်ဆောင်မှုများမှာ နိုင်ငံတကာတွင် လက်ရှိပေးနေသည့် ဝန်ဆောင်မှုများနှင့် မကွာခြားသော်လည်း မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရရှိသည့် ဝန်ဆောင်မှုများ ဖြစ်နေသည့်အတွက် လူအများ၏ စိတ်ဝင်စားမှုကို ခံနေရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင် ဦးရဲမြတ်သူက ပြောကြားသည်။
MPT ဖုန်းကတ်အသုံးပြုသူများ မရရှိသေးသော ဝန်ဆောင်မှုများကို Ooredoo ဖုန်းကတ် ကိုင်ဆောင်သူများ သုံးစွဲနိုင်ပြီဖြစ်ကာ အသံကြည်လင်ခြင်း၊ ရုပ်သံဖုန်းခေါ်ဆိုနိုင်ခြင်
Ooredoo ဖုန်းကတ်သည် 3G ကွန်ရက် ချိတ်ဆက်မှု ဖြစ်သည့်အတွက် 3G ထောက်ကူမှုပေးသော ဖုန်းဟန်းဆက်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ခလုတ်ဖုန်း (Key Pad) အတော်များများနှင့် အသုံးပြုနိုင်မည် မဟုတ်ပေ။
ဖုန်းခေါ်ဆိုခနှုန်းထားမှာ Ooredoo ဖုန်းကတ်အချင်းချင်း ခေါ်ဆိုပါက တစ်မိနစ် ၂၅ ကျပ်၊ တခြားဖုန်းကတ်ကို ခေါ်ဆိုပါက တစ်မိနစ် ၃၅ ကျပ်နှင့် SMS ပေးပို့မှု တစ်စောင်လျှင် ၂၅ ကျပ်ကျသင့်မည် ဖြစ်ပြီး အင်တာနက်အသုံးပြုမှုကို MPT က ကောက်ခံသော အချိန်မိနစ်အစား အချက်အလက်သုံးစွဲမှု (Data Usage) အပေါ်မူတည်၍ 1 MB လျှင် ၂၅ ကျပ်နှုန်း ကျသင့်မည် ဖြစ်သည်။
ပညာခေတ်၊ အိုင်တီခေတ်၊ နည်းပညာခေတ်ဖြစ်သော ယနေ့ခေတ်တွင် ဆက်သွယ်ရေးသည် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူ ပြုနေသော ကဏ္ဍတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် လူသည်တစ်ဦးတစ်ယောက်တည်း မနေနိုင်ဘဲ အစုအဖွဲ့နှင့် နေထိုင်တတ်သော၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်တတ်သော သတ္တဝါဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကပင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ နည်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် အဆက်အဆံ အဆက်အသွယ် ပြုခဲ့ကြသည်။
နည်းပညာ တိုးတက်နေသော ယခုလိုအချိန်မျိုးတွင် ဆက်သွယ်ရေး ကဏ္ဍသည်လည်း နည်းပညာအကူအညီနှင့် တစ်ရှိန်ထိုး ပြောင်းလဲတိုးတက်လာပြီး ကမ္ဘာ့နေရာအသီးသီးတွင် နေထိုင်ကြသူ အချင်းချင်း ဖုန်း၊ အင်တာနက်၊ ဖက်စ် စသည့် ဆက်သွယ်မှု ပုံစံအမျိုးမျိုးဖြင့် ဆက်သွယ်နေနိုင်ပြီ ဖြစ်သည်။
နိုင်ငံတကာတွင် ဆယ်စုနှစ်များစွာကတည်းက ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ နိုင်ငံရေး အပြောင်းအလဲနှင့်အတူ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှု အချို့ကြောင့် ယခုအချိန်မှသာ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုတစ်ခုကို စတင်ရရှိခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ဆက်သွယ်ရေး မိုနိုပိုလီ တစ်စခန်းရပ်သွားပြီး မကြာမီကာလတွင် ယှဉ်ပြိုင်သူအသစ်များနှင့် ဆက်သွယ်ရေး ပြိုင်ပွဲကို မြိုင်မြိုင်ဆိုင်ဆိုင် မြင်တွေ့ရတော့မည် ဖြစ်သည်။
တစ်ခုသတိထားရမည်မှာ ယခုအချိန်ထိ အစိုးရဌာန တစ်ခုအနေနှင့် တည်ရှိနေသေးသော MPT သည် ဂျပန်ကုမ္ပဏီ KDDI နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး ဝန်ဆောင်မှုအသစ်၊ ဈေးကွက်ဗျူဟာ အသစ်များနှင့် ယှဉ်ပြိုင်ရာတွင် မျှမျှတတဖြစ်ရန်၊ ကြီးကြပ်သူနေရာမှ ဘောင်ကျော်ကာ ခြေမထိုးရန် လိုသည်။
“ဈေးကွက်မှာ သိက္ခာရှိရှိ ပြိုင်ကြတာကို လက်ခုပ်တီး အားပေးနေမှာပါ။ သို့သော် နိုင်အောင် မကန်နိုင်လို့ လူချသလို ဈေးကွက်မှာ အောင်မြင်တဲ့သူတွေကို အာဏာသုံးပြီး ခက်အောင်၊ ထစ်အောင် ကျပ်အောင်၊ ညစ်တာတွေ လူလည်ကျတာတွေကိုတော့ အခုထိမဖြစ်သေးပေမဲ့ ဖြစ်လာရင် ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များ အသင်းမှ အလုပ်အမှုဆောင် ဦးရဲမြတ်သူက ဆိုသည်။
တရားဝင် စရောင်းချိန်တွင်လည်း ကြိတ်ကြိတ်တိုးနေကြဦးမည်။ ယင်းသည်ပင် ဆက်သွယ်ရေး ခေတ်သစ်တစ်ခု၏ အစဖြစ်ကြောင်း ပြယုဂ်ဖြစ်သည်။
(စစ်ငြိမ်းသူ၊ နေလင်း)


No comments:
Post a Comment