
၂ဝ၁၄-၁၅ ဘောလုံးရာသီအ တွက် အီတလီစီးရီးအေပွဲစဉ်များကို ထုတ်ပြန်ကြေညာခဲ့ရာ ပွဲဦးထွက်ပွဲ စဉ်တွင် ရိုးမားနှင့် ဖီအိုရင်တီးနား၊ အေစီမီလန်နှင့် လာဇီယိုတို့ ရင်ဆိုင် တွေ့ဆုံနေသည့် ပွဲစဉ်များပါဝင်လာခဲ့သည်။
၂ဝ၁၄-၁၅ စီးရီးအေရာသီသစ် ကို သြဂုတ် ၃ဝ-၃၁ရက်များမှ စတင်ကျင်းပမည်ဖြစ်ပြီး ၂ဝ၁၅ခုနှစ် မေ ၃၁ရက်၌ ပြီးဆုံးမည်ဖြစ်သည်။
ထုတ်ပြန်ခဲ့သော ပွဲစဉ်ဇယား အရ ကြားရက်တွင်ကစားမည့်ပွဲစဉ် လေးပွဲပါဝင်လာခဲ့ပြီး စက်တင်ဘာ ၂၄၊ အောက်တိုဘာ ၂၉၊ ဇန်နဝါရီ ၆နှင့် ဧပြီ ၂၉ရက်များတွင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
လက်ရှိချန်ပီယံ ဂျူဗင်တပ်အ သင်းသည် အဖွင့်ပွဲစဉ်တွင် ချီယေဗို နှင့်အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင် ကစားရမည်ဖြစ်ကာ ပွဲစဉ် ၃တွင် အေ စီမီလန်၊ ပွဲစဉ် ၆တွင် ရိုးမားအသင်း တို့နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ပွဲစဉ် အနေအထားအရ အသင်းကြီးများ သည် ပွဲကျပ်ကာလကို ကစားရန်မ ရှိဘဲ နောက်ဆုံးပွဲစဉ်၌ နာပိုလီ-လာ ဇီယို၊ ဗီရိုနာ-ဂျူဗင်တပ်၊ ရိုးမား-ပါ လာမိုတို့ပွဲစဉ်များ ပါဝင်နေခဲ့ကြောင်း သိရသည်။
ပွဲစဉ် (၁)
၃ဝ-၃၁/၈/၂ဝ၁၄
*************
အတ္တလန္တာ - ဗီရိုနာ
စီဆီနာ - ပါးမား
ချီယေဗို - ဂျူဗင်တပ်
ဂျီနိုအာ - နာပိုလီ
မီလန် - လာဇီယို
ပါလာမို - ဆမ်ဒိုးရီးယား
ရိုးမား - ဖီအိုရင်တီးနား
ဆက်ဆူအိုလို - ကယ်ကလီယာရီ
တိုရီနို - အင်တာ
အူဒီးနီးစ် - အမ်ပိုလီ
AST
No comments:
Post a Comment