''ရွာက ကျောင်းမှာ ဆရာ၊ ဆ ရာမဦးရေ က မနှစ်က ၁ဝဦးလောက် ရှိတယ်။ အဲဒီမှာရွာခံဆရာက ရှစ် ဦးလောက်ပါပြီး အဝေး က နှစ်ဦးပဲ ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေထဲက ကျောင်းသားမိဘတွေက တိုင်ဖို့လုပ် ခဲ့ကြသေးတယ်။ ကိုယ့်ရွာနဲ့ကိုယ့်ဆ ရာဖြစ်လို့ ပိုပြီး စေတနာထားမလား ဆိုပြီးထိန်းနေကြတာ။ သူတို့ ဆရာအ ချင်းချင်းမှာလဲ ပြဿနာတွေရှိနေ တယ်။ ပြီးတော့ ရွာခံဆရာမ သုံးဦး လောက်က စာသင်ချိန်မှာအချိန်ပြည့် ရှိမနေဘူး။ ကလေးတွေ နောင်ရေးအ တွက် ကျွန်တော်တို့မိဘဖြစ်သူတွေက အကြိမ်ကြိမ် တိုင်ခဲ့ပေမယ့် ထိရောက် တဲ့ အရေးယူမှုမရှိခဲ့ဘူး။ မြို့နယ်က လာစစ်တော့လဲ တိုင်တဲ့သူတွေကို စရိတ်တောင်း တယ်။ ဒါကို ခရိုင်ကို တက်တိုင်တော့ မဆိုင်သလိုနဲ့ ဆက် ဆံတာက တစ်မျိုး၊ ဒါတွေကြောင့် ကျွန်တော်တို့ ရွာတွေမှာ ကလေးတွေ ပညာသင်နေရတဲ့အဖြစ်ကို သိရှိဖို့နဲ့ ဒီလိုမျိုး လိုအပ် မှုတွေနဲ့မဖြစ် သင့် တာတွေကို ပြုပြင်ပေးနိုင်ဖို့ ဆန္ဒထုတ် ဖော်ခွင့် တင်ရတာပါ''ဟု ဆန္ဒထုတ် ဖော်ခွင့်လျှောက်ထားသူ ဦးမြင့်စိုး က ပြောသည်။
ယင်းသို့ ဆန္ဒထုတ်ဖော် ခွင့် တင် ပြရခြင်းသည် ဟင်္သာတမြို့နယ်တံတားဦးကျေး ရွာအုပ်စုအတွင်းရှိ သုံး ခွတွဲဖက် အခြေခံပညာ အလယ်တန်း ကျောင်း၏ ပညာသင်ကြားရေးနှင့် ဆက်စပ်ပြီး ပညာရေးဌာန၏ ဆောင် ရွက်မှု တချို့နှင့် ကျေး လက်ဒေ သများ ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာ သင်ကြားရေး အခက်အခဲတချို့ ကို မိဘများကိုယ်စား တံတားဦးကျေး ရွာအုပ်စု ရှိ ကျောင်း သားမိဘတချို့က ဆန္ဒထုတ်ဖော်၍ ပညာရေးဌာနနှင့် ပတ် သက်သော အချက်(၅)ချက်ကို တောင်းဆိုသွားရန် စီစဉ် ရခြင်းဖြစ် ကြောင်း ဦးဆောင် သူတို့က ဆိုသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ရန်အ တွက် ဇူလိုင် ၃၁ရက်တွင် ဟင်္သာတမြို့ နယ်ရဲ တပ်ဖွဲ့မှူးရုံးသို့ လျှောက်ထား တင်ပြခဲ့ပြီး ဩဂုတ် ၅ရက်တွင် ကျောင်း သား မိဘများနှင့် ဒေသခံများ အင်အား (၁၅၀)ခန့်ဖြင့် ဆန္ဒထုတ်ဖော်သွားရန် စီစဉ် ထားကြောင်း ယင်းဦးဆောင်သူ တို့ထံမှ သိရသည်။
AKK
#Democracytoday

No comments:
Post a Comment