သရီးဂျီစနစ်ကို အသုံးပြုရန် ခလုတ်နှိပ်ဟန်းဆက်တစ်လုံး၏ အ နိမ့်ဆုံးဈေးနှုန်းမှာ ကျပ်လေးသောင်း ခန့်ရှိပြီး ဟွာဝေးဟန်းဆက်များမှာ ကျပ်တစ်သိန်းကျော်တန်များမှသာ လျှင် သရီးဂျီစနစ်ကို အသုံးပြုနိုင် သည့် ဟန်းဆက်ရနိုင်သည်။
အော်ရီဒူးဆင်းမ်ကတ်သည် သရီးဂျီစနစ်ဖြစ်သည့်အတွက် သာမန် ဟန်းဆက်များဖြင့် အသုံးပြု၍ မရဘဲ ဈေးနှုန်းမြင့်မားသည့် ဟန်းဆက်များဖြင့်သာ အသုံးပြုနိုင်သော ကြောင့် အခြေခံလူတန်းစားများအ နေဖြင့် အသုံးပြုရန် မလွယ်သေး ကြောင်း တယ်လီဖုန်းအရောင်းဆိုင် ဝန်ထမ်းတစ်ဦး ၏ ပြောကြားချက် အရ သိရသည်။
''ဟန်းဆက်နှစ်သောင်းတန် လောက်နဲ့သုံးဖို့ဆိုပြီး လာဝယ်တာ ပါ။ ဟန်းဆက်ဖိုးဈေးကြီးတော့ ဆင်းမ်ကတ်လည်း မဝယ်ခဲ့တော့ပါ ဘူး။ တန်ဖိုးနည်းတယ်ဆိုပြီး သုံး မယ်စိတ်ကူးခဲ့ပေမယ့် စိတ်ကူးနဲ့ လက်တွေ့ လွဲခဲ့ရတာပေါ့။ အခြေခံ လူတန်းစားတွေ သုံးနိုင်အောင် ထည့်စဉ်းစားပေးကြပါလို့ တောင်း ဆိုချင်ပါတယ်'' ဟု မြောက်ဥက္က လာပမြို့နယ်မှ လှည်းတန်းသို့ အော်ရီ ဒူးဆင်းမ်ကတ်ဝယ်ယူရန်လာသည့် အသက်၄၂ နှစ်အရွယ် ဦးခင်မောင် သန်းက ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် နေပြည် သူတစ်ဦးက ''ဆင်းမ်ကတ်က ၅ဝဝဝ ကျပ်နဲ့ဝယ်ရတယ်။ ဟန်းဆက်ကျ တော့ ကိုယ်က ၃ဝဝဝဝ လောက်နဲ့ ရမလားမှတ်တယ်။ ၄ဝဝဝဝဆို တော့ ဟိုမမီဒီမမီဖြစ်သွားတယ်'' ဟု ပြောသည်။
လသာမြို့နယ်နေ ဦးမျိုးသူက ''ရှိတဲ့ဟန်းဆက်က နှစ်ကတ်ထည့် ရတာ။ အော်ရီဒူးဂျီအက်စ်အမ်ထပ် ထည့်မလားမှတ်တယ်၊ 3G မရ တော့ နောက်တစ်လုံးထပ်ဝယ်ရ တော့မယ်ဗျာ''ဟု ပြောသည်။
အော်ရီဒူးကုမ္ပဏီထုတ်ကျပ် ၁၅ဝဝ တန်ဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်မှစတင်၍ ပြည်သူ များကိုစတင်ရောင်းချပေးခဲ့သော် လည်း တချို့အော်ရီဒူးဆင်းမ်ကတ် အရောင်းကိုယ်စားလှယ်များက သတ် မှတ်ထားသည့် ဈေးနှုန်းအတိုင်းရောင်း ချခြင်းမရှိဘဲ ဈေးနှုန်းမြှင့်၍ ရောင်း ချမှုကြောင့် ပြည်သူအများဈေးပိုပေး ၍ဝယ်ယူနေကြရကြောင်း သိရသည်။
အော်ရီဒူးဆင်းမ်ကတ်အရောင်း ကိုယ်စားလှယ်တစ်ဦးက ''ကျွန်တော် တို့ကဈေးကွက်ကြည့်ပြီး ရောင်းရ တာလေ။ ဆိုင်အတွက်ဆင်းမ်ကတ် ခွဲတမ်းရှစ်ရာရခဲ့ပါတယ်''ဟု ပြော သည်။
NH
#Democracytoday

No comments:
Post a Comment