ရန်ကုန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံ မှု အများဆုံးပါဝင်သည့် မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် မကြာမီ ကာလအတွင်း ပြည်တွင်းသို့ ဝင်ရောက်လုပ်ကိုင်လာတော့မည့် နိုင်ငံခြား ဘဏ်လုပ်ငန်းများကို ယှဉ်ပြိုင်နိုင်ရန် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် ထိုသို့ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့ခြင်းအပြင် ဘဏ်ခွဲများကို ထပ်မံတိုးချဲ့ဖွင့်လှစ်ကာ ရင်းနှီးမြှုပ်နှံမှုပိုင်း တွင်လည်း ငွေကျပ်ဘီလီယံ ၅ဝကျော်အထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဟု အဆိုပါဘဏ်မှဦးဆောင်ညွှန်ကြားရေးမှူးဦးဝင်းမြင့်က ပြောသည်။
''နိုင်ငံခြားက ဘဏ်လုပ်ငန်းရှင်တွေက ပြည်တွင်းရဲ့ဘဏ်လုပ်ငန်း တွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြတော့မယ့်အချိန်မှာ ပြည်တွင်းက ဘဏ် လုပ်ငန်းတွေအနေနဲ့ သူတို့နဲ့မဖြစ်မနေ ယှဉ်ပြိုင်ရတော့မယ်။ ဒါတွေကို ကြို တင်ပြင်ဆင်တဲ့အနေနဲ့ လုပ်ငန်းတွေ ချဲ့ထွင်လိုက်တဲ့သဘောပါ'' ဟု ¤င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် ထိုသို့ဘဏ်ခွဲများ တိုးမြှင့်ဖွင့် လှစ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရခြင်းမှာ ပြည်တွင်းဘဏ်လုပ်ငန်း အတွင်း နိုင်ငံခြားဘဏ်များဝင်ရောက်လုပ်ကိုင်လာသည့်အချိန်တွင် ဖြစ် ပေါ်လာသော စိန်ခေါ်မှုများအား ယှဉ်ပြိုင်နိုင်ရန်အတွက် အစပျိုးလုပ် ဆောင်ခြင်းဖြစ်သည်။
¤င်းဘဏ်အနေဖြင့် ဘဏ်ခွဲများအပြင် မိုဘိုင်းဘဏ်စနစ်လုပ်ငန်း များကိုလည်း လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် ဘဏ်ခွဲပေါင်း ၁၄ ခုဖွင့်လှစ်ထားရှိပြီးဖြစ်ကာ ယခုဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲပေါင်း ၂ဝခန့် တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်သည်။

No comments:
Post a Comment