Friday, August 1, 2014

ခရိုင်တရားသူကြီး၏နေအိမ် ခြံဝင်းအတွင်း၌ထားရှိသည့် တရားရုံးက ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆီးထား သော ကားဘက္ထရီအိုးများ ၀င်ရောက်ခိုးယူခံရ

သတင်း၊ ကိုတိုးကြီး
ကသာ၊ ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ ခရိုင်တရားသူကြီး၏ နေအိမ်အနောက်ဘက်ဝင်းအတွင်း၌ ထားရှိသည့် တရားရုံးက ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆီးထားသော ကားဘက္ထရီအိုးများကို ဇူလိုင် ၂၉ ရက်နေ့ မနက် ၅ နာရီအချိန်က ၀င်ရောက်ခိုးယူခံရကြောင်း သိရသည်။
တရားရုံးက ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆီးထားသော ကားဘက္ထရီအိုးများ ၀င်ရောက်ခိုးယူခံရသည့်အတွက် ကသာမြို့နယ်တရားရုံး ဘိလစ်စာရေးကြီး ဒေါ်စိုးစိုးအေး ဆိုသူက တရားလိုပြုလုပ်၍ ကသာမြို့မရဲစခန်း တွင် ဇူလိုင် ၂၉ ရက်နေ့က အမှုဖွင့်တိုင်တန်းခဲ့သည်။ ၎င်းအမှုအား ကသာမြို့မရဲစခန်းက(ပ)၁၄၉/ ၂၀၁၄ အရ အမှုကိုရေးဖွင့်ပြီး ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)အ ရ အရေးယူဆောင်ရွက်ခဲ့သည်။
ကသာခရိုင်တရားသူကြီး၏ နေအိမ်ခြံဝင်းအတွင်း၌ နေထိုင်သူ ဆင့်စာလုလင် ဦးစိုးသန်း ဆိုသူသည် ကသာမြို့နယ်တရားရုံး ဘိလစ်စာရေးကြီး ဒေါ်စိုးစိုးအေး၏ နေအိမ်သို့ရောက်ရှိလာပြီး ဇူလိုင် ၂၉ ရက်နေ့ မနက် ၅ နာရီအချိန်က ခရိုင်တရားသူကြီး၏ နေအိအနောက်ဝင်းအတွင်း၌ ထားရှိသော တရားရုံးက ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းဆီးထားသည့် ၁၂ ဗို့ကားဘက္ထရီအိုး(အကြီး) ၁၃ လုံးအား အမျိုးသားတစ်ဦးနှင့် အမျိုးသ မီးတစ်ဦးတို့က ၀င်ရောက်သယ်ယူနေသည်ကို နေအိမ်မီးရောင်အောက်တွင် ဦးစိုးသန်းက မြင်တွေ့လိုက်ခဲ့ ခြင်းဖြစ်သည်။
ထို့ကြောင့် ဘက္ထရီးအိုးသယ်ဆောင်နေသူများကို ဆင့်စာလုလင် ဦးစိုးသန်းဆိုသူက “ ဟေ့..ဟေ့ ..ဘယ်သူတွေလဲ..” ဟုအော်ဟစ်ခဲ့သည်။ ထိုအချိန်တွင် ဘက္ထရီအိုးသယ်ယူနေသူများက ထွက်ပြေးသွား ကြသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစိုးသန်းက ကသာမြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်ကာ အ ကြောင်းကြားခဲ့သည်။ ထို့နောက် နယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်လင်းဦးနှင့်အဖွဲ့က ဘက္ထရီအိုးခိုးယူခဲ့ သူများထွက်ပြေးသွားသည့်လမ်းကြောင်းအတိုင်း ထပ်ကျမကွာလိုက်လံရှာဖွေခဲ့သော်လည်း ဘက္ထရီအိုး ခိုး ယူသူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ခိုးယူခံရသည့် ဘက္ထရီအိုးများအား ဦးစိုးသန်းနှင့် ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းရှာဖွေခဲ့ရာ ခရိုင်တရားသူကြီး၏ နေအိမ်ခြံဝင်းအရှေ့ဘက်တွင် ၁၂ဗို့ကားဘက္ထရီအိုး(၁၀)အိုး၊ မြောက်တွင်(၂)အိုးနှင့် နေအိမ်ဝင်းအတွင်း ပစ်ချထားခဲ့သော ဘက္ထရီအိုး(၁)အိုး၊ စုစုပေါင်း ဘက္ထရီအိုး(၁၃)အိုးအား ပြန်လည်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ခိုးယူခံရသည့် ၁၂ ဗို့ ကားဘက္ထရီအိုးများသည် တရားရုံးမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားရှိသော သက်သေခံကားများမှ ဖြစ်ကြောင်း သိရှိရသည်။ထို့ကြောင့် ရဲတပ်ဖွဲ့မှ ဘက္ထရီအိုး ခိုးယူသူများကို အပူတပြင်းလိုက်လံ စုံးစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။

Ref ; ဟာဂျူလီ ကသာ (Facebook)

No comments:

Post a Comment