
အပိုင်း (၁)။
မင်းဟိန်းထက် - Flower News ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၉)။
၂ဝ၁၄ ခုနှစ်မကုန်မီတွင် တိုင်းနှင့်ပြည် နယ်များရှိ လစ်လပ်မဲဆန္ဒနယ် မြေများ အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမည့် အပြင်၂ဝ၁၅ခုနှစ်တွင် လည်းကမ္ဘာတစ်ဝန်းကစိတ်ဝင်တစားစောင့်ကြည့်ကြမည့်အထွေထွေရွေးကောက်ပွဲကြီး ရောက်ရှိလာတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန် ယူကာ ကြီးကြပ်ကျင်းပပေးမည်ဖြစ်သည်။
၂ဝ၁၄ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲနှင့်၂ဝ၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲကြီးကိုလွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများဖြစ်အောင်ဆောင်ရွက်ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြောဆိုထားသည်။
သို့သော် ၂ဝ၁၂ ခုနှစ်မှ လက်ရှိအချိန်အထိ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ ရပ် တည်ချက်များအပေါ် နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်မှုများမေးခွန်းထုတ်စရာ များဖြစ်လာခဲ့သည်။
၂ဝ၁၃ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် တပ်မတော် အရာရှိ ၆၁ ဦးကို ခန့်အပ်ခဲ့သည်။ ကော်မရှင်တွင် စစ် ဘက်ဆိုင်ရာ အရာရှိများခန့်အပ်ခဲ့ခြင်းကို နိုင်ငံရေး ပါတီများက ကန့်ကွက်နေကြပြီး အများပြည်သူလေးစား ပြီး သမာသမတ်ကျသည့် ပုဂ္ဂိုလ်များနှင့် အစားထိုးကာ ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပေးရန်နှင့် ကော်မရှင်တွင် ပါဝင်မည့်သူများသည် ကျင်းပရန်ရှိသည့် ရွေး ကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီဝင်အဖြစ်မှ ငါးနှစ်ကင်း လွတ်သူများဖြစ်သင့်ကြောင်း တောင်းဆိုနေကြသည်။
ထို့ပြင် မကြာမီလပိုင်းအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် များ လိုက်နာရန်အချက် ၂ဝ ပါဝင်သည့် ရွေးကောက်ပွဲ ဆိုင်ရာစုဝေးဟောပြောခွင့်၊ မဲဆွယ်စည်းရုံးခွင့်ညွှန်ကြား ချက်များကို နိုင်ငံရေးပါတီများကပြင်ဆင်ပေးရန် ကန့် ကွက်နေသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်မှ ဇူလိုင် ၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများက အဆိုပါညွှန်ကြားချက်များသည် ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသည့်အပြင် ကန့်သတ်တား ဆီးမှုများပါဝင်နေသောကြောင့် လက်ရှိအချိန်အထိ ပြင်ဆင်ပေးရန် တောင်းဆိုနေကြသည်။ သို့သော်အဆို ပါရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များနှင့်ပတ်သက် ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် တစ်စုံတစ်ရာကန့်ကွက်ပြောဆိုခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲကြီး တွင်မမျှတမှုများရှိခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲရလဒ်များကြောင့် ရွေးကောက်ပွဲကော်မ ရှင်အပေါ်ဝေဖန်မှုများ လျော့ကြခဲ့ကြသည်။ သို့သော် ကော်မရှင်တွင် စစ်ဘက်ဆိုင်ရာအရာရှိများခန့်အပ်ခြင်း နှင့် ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများထုတ်ပြန်ရာ တွင် ကန့်သတ်ချက်များပါဝင်နေသောကြောင့် လာမည့် ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတမှု မရှိ ဖြစ်မည်ကို နိုင်ငံရေးပါတီများက စိုးရိမ်နေကြသည်။
''ကော်မရှင်မှာ ဝန်ထမ်းတွေခန့်တာ အရင် တုန်းက ဘာမှမပြောခဲ့ကြဘူး။ စစ်ဘက်ဆိုင်ရာကလူတွေ ခန့်တယ်ဘာလို့ပြောကြလဲ။ ယုံကြည်မှုလျော့ကျနေလို့ ပေါ့။ ညွှန်ကြားချက်ထုတ်တယ်။ ကန့်သတ်ချက်တွေအ ရမ်းများတယ်။ ကန့်ကွက်ကြတယ်။ ဒါဟာ ဘာကိုပြနေ လဲဆိုရင် တရားမျှတပြီး လွတ်လပ်မှုမရှိဘူးဆိုတာပြနေ တာပဲ''ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်ကဆိုသည်။
နိုင်ငံရေးပါတီများမဲဆွယ်စည်းရုံးရာတွင် ရွေး ကောက်ပွဲမတိုင်မီ ရက်ပေါင်း ၃ဝ ရရှိမည်ဖြစ်ပြီး သက် ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၏ခွင့်ပြုချက်ဖြင့် သတ်မှတ်ထား သည့်နေရာ၊ သတ်မှတ်ထားသည့်နေရာများသို့ ယာဉ်များ နှင့် လှည့်လည် စုဝေးဟောပြောခွင့်၊ ကော်မရှင်၏ခွင့်ပြု ချက်ဖြင့် မီဒီယာမှ တစ်ဆင့် ဟောပြောစည်းရုံးခွင့်၊ သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ရေးသားထုတ်ဝေစည်းရုံး ခွင့်တို့ကိုပြုလုပ်ရမည်ဟု ရွေးကောက်ပွဲဆိုင်ရာညွှန်ကြား ချက်တွင် ရေးသားထားသည်။
''ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်မှာ ကန့်သတ်ချက်တွေ အရမ်းများနေလို့ ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်တောင် ပြန်စဉ်းစားနေရတယ်။ မဲဆွယ် စည်းရုံးတဲ့ရက်က ကြားဖြတ်အတွက်ဆိုရင်တောင် အရမ်း နည်းနေတယ်။ ပါတီငယ်တွေအတွက်အခက်အခဲဖြစ်နေ တယ်။ free and fair ဖြစ်အောင်လုပ်မယ်လို့ သူတို့ ပြောခဲ့တယ်။ ဒါပေမဲ့ ခုလိုကန့်သတ်တာ လုပ်နေတော့ သံသယဖြစ်စရာပဲ'' ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က ဆက်ပြောသည်။
ထို့ပြင် ညွှန်ကြားချက်၌ ကော်မရှင်အဖွဲ့ခွဲ အသီးသီးသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ထောက်ရှု၍ လိုအပ်ပါ က ခွင့်ပြုမိန့်ပါသတ်မှတ်ချက်များနှင့် စည်းကမ်းချက်များ ကိုပြင်ဆင်ခြင်း သို့မဟုတ် ခွင့်ပြုမိန့်ကိုရုပ်သိမ်းနိုင်သည် ဟုရေးသားထားသည်။
ညွှန်ကြားချက်တွင် ကန့်သတ်ချက်များ၊ တား ဆီးမှုများ ပါဝင်နေသောကြောင့် ညွှန်ကြားချက်ပါအချက် ၁ဝ ချက်ကို ပြင်ဆင်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဇူလိုင် ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် တိုင်းရင်းသားပါတီ ၂ဝ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားများဖက်ဒရေး ရှင်းအဖွဲ့ ကလည်း ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ခဲ့သည့်ညွှန်ကြားချက်ကို ကန့်ကွက်ကြောင်းနှင့် ပြင်ဆင် ပေးရန် ဇူလိုင်၁၈ရက် တွင် ကြေညာချက်ထုတ်တောင်း ဆိုခဲ့သည်။
''ညွှန်ကြားချက်မှာ ကန့်သတ်ချက်တွေများ နေတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်အောင်လုပ်မယ်ဆိုပြီး ခုလိုပါတီတွေရဲ့ လှုပ်ရှားမှု ကို လိုက်ကန့်သတ်နေတာ ထူးဆန်းနေပါတယ်။ ကန့် သတ်မှုတွေပါနေမှတော့ လွတ်လပ်ပြီး မျှတပါတော့မ လား'' ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေး ဆိုခွင့် ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့်က ဆိုသည်။
''အချုပ်အခြာအာဏာဆိုတာ ပြည်သူတွေ ရဲ့လက်မှာပါ။ ပြည်သူတွေ မဲပေးနိုင်အောင်မဲဆွယ်ဖို့ ရက်က မလုံလောက်ပါဘူး။ ဒါဟာ ပြည်သူတွေကိုမဲမပေး နိုင်အောင်ကန့်သတ်လိုက်တာပဲ။ မဲဆွယ်ကာလကို နိုင်ငံ တကာမှာ တစ်ပတ်ကနေ သုံးပတ်အထိပဲယူတယ်ဆိုတာ ဒီမိုကရေစီကို အသားကျပြီးသားအပြင် ဘယ်ပါတီက ဘယ်လိုမူဝါဒတွေရှိတယ်ဆိုတာသိပြီးသားပါ။ ဒီမှာက သေချာမသိကြသေးပါဘူး။ မဲဆွယ်ကာလကိုတော့ နိုင်ငံ တကာစံနဲ့ယှဉ်ရင် အခြားအရာတွေပါ ယှဉ်ပေါ့။ ဥပမာ ဖွဲ့စည်းပုံပဲယှဉ်ကြည့်'' ဟု ဦးဝင်းမြင့်ကဆက်ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲများနှင့်ပတ်သက်သည့် လိုက်နာ ကျင့်သုံးရမည့် ရွေးကောက်ပွဲဆိုင်ရာနိုင်ငံတကာ စံနှုန်းအချက် ၂၅ ချက်ကို မြန်မာနိုင်ငံသည် လက်မှတ် ရေးထိုးထားခြင်းမရှိကြောင်း The Voice Weekly ဝက်ဘ်ဆိုက်တွင်ရေးသားထားသည်။
အဆိုပါ အချက် ၂၅ ချက်သည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင်ပါဝင်သည့် အချက်များဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော် မှလက် မှတ်ရေးထိုးထားခြင်းဖြစ်သည်။
ထို့ပြင်ရွေးကောက်ပွဲများနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်များကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပြည့်အဝ အကာအကွယ် ပေးထားသည့်အတွက် ကော်မရှင်၏လုပ်ဆောင်ချက် များကို ဝေဖန်ထောက်ပြရုံသာ လုပ်နိုင်သည့်အနေအ ထားဖြစ်သည်။
၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉
(က) လွှတ်တော် ရွေးကောက်ပွဲများကျင်းပခြင်း၊
(ခ) လွှတ်တော်ရွေးကောက်ပွဲများကိုကြီးကြပ်ခြင်း၊ ကော် မရှင်အဖွဲ့ခွဲအသီးသီးကို ဖွဲ့စည်းခြင်းနှင့်ကြီးကြပ်စေခြင်း၊
(ဂ) မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ် ခြင်း၊
(ဃ) မဲစာရင်းများ ပြင်ဆင်ခြင်းနှင့် ပြုစုခြင်း၊
(င) သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရ သော်လည်းကောင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင် ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကိုရွှေ့ ဆိုင်းခြင်း၊
(စ) ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေး ပါတီများဆိုင်ရာ နည်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီလည်းကောင်း၊ လုပ် ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်စသည်များကို သက် ဆိုင်ရာဥပဒေများနှင့်အညီလည်းကောင်း ထုတ်ပြန်ခြင်း၊
(ဆ) ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများကို စစ်ဆေး နိုင်ရေးအတွက်ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း အစရှိသည့်အချက်များကို ပြဋ္ဌာန်းထားသည်။
******* အပိုင်း (၂) ဆက်လက်ဖတ်ရှုပါရန်။ *******
No comments:
Post a Comment