Wednesday, July 30, 2014

ပုဒ်မ-၄၃၆ ပြင်ဆင်ရေးထောက်ခံမဲလက်မှတ် ၄ဒသမ၂သန်းဝန်းကျင်ရရှိပြီဟု NLD ဆို


ရန်ကုန်၊ ဇူလိုင် ၂၉- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူ ကောက်ခံခဲ့သည့် ပုဒ်မ-၄၃၆ပြင် ဆင်ရေး ပြည်သူ့ထောက်ခံဆန္ဒမဲ လက်မှတ်ပေါင်း လေးဆယ့်နှစ်သန်း ဝန်းကျင်ရရှိပြီဟု တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဇူလိုင် ၂၈ရက်အထိ ကောက်ခံရရှိသော စာရင်းများအရ သိရှိရသည်။
ယခုကောက်ခံရရှိခဲ့သည့် တိုင်း ဒေသကြီးနှင့်ပြည်နယ်များမှာ ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန် ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ချင်းပြည် နယ်မှဖြစ်ပြီး မြို့နယ်ပေါင်း ၃၃ဝ ဝန်းကျင်တွင် ၂၄၄ မြို့နယ်မှ ထောက် ခံဆန္ဒမဲအရေအတွက် ၄၁၉၅၆၅၆ ရရှိခြင်းဖြစ်သည်။
''တိုင်းဒေသကြီးနဲ့ ပြည်နယ် ၂၄၄ မြို့နယ်က ရရှိလာတဲ့ ဆန္ဒမဲလက်မှတ် အရေအတွက် ၄ဒသမ၂သန်း ဝန်းကျင် ရရှိပါပြီ''ဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောသည်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်များ မှ မြို့နယ်ပေါင်း ၁ဝ၂ မြို့နယ် ကောက်ယူစဉ်က လက်မှတ်ပေါင်း ၁၇ဝ၂၈၅၄ ရရှိပြီးဖြစ်ကြောင်း ဇူ လိုင် ၂၅ရက်ထုတ်စာရင်းများအရ သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကမူ ပုဒ်မ-၄၃၆ ပြင်ဆင်ရန် ထောက်ခံ ဆန္ဒထုတ်ဖော်ထားသည့် လက်မှတ်ဦး ရေ (၁ဝ)သန်းရရှိမည်ဟု မီဒီယာတစ် ခုသို့ ခန့်မှန်းပြောကြားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက်ကျောင်သားများ ပူး ပေါင်းဆောင်ရွက်နေသည့် ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လက်မှတ် ထိုးဆန္ဒထုတ် ဖော်မှုကို မေ ၂၇ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကောက်ခံခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး ထောက်ခံ ဆန္ဒမဲ လက်မှတ် အရေအတွက်ကို ဇူလိုင်လနောက် ဆုံးပတ်(သို့မဟုတ်) သြဂုတ်လ ဆန်း၌ အပြီးသတ် ဆန္ဒမဲစာရင်းထုတ် ပြန်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က သတင်းထုတ်ပြန်ထားသည်။
KM (MMK)

No comments:

Post a Comment