Monday, July 28, 2014

G20 အစည်းအဝေးကို မြန်မာကပထမဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်တက်ရောက်မည်


စိုးမြင့်နိုင် - Flower News ဂျာနယ် အတွဲ (၁၀)၊ အမှတ် (၂၉)။
ရန်ကုန်၊ ဇူလိုင် ၂၆ - သြစတြေးလျနိုင်ငံ၌ ကျင်းပမည့် (၉)ကြိမ်မြောက် G20 (Group of Twenty) အစည်းအဝေးကို နိုင်ငံတော် သမ္မတဦးသိန်းစိန်တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။
တစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပလျက်ရှိသည့် ကမ္ဘာ့ထိပ်သီးခေါင်းဆောင် များ တက်ရောက်မည့် အဆိုပါအစည်းအဝေး ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုအခြေခံ အဆောက်အအုံ၊ လုပ်သားနှင့် အခွန်အ ကြောင်းအရာများကိုပါ တင်ပြဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကြောင့် ဒီပွဲကိုတက် ခွင့်ရတာပါ။ ယေဘုယျအားဖြင့် ကမ္ဘာ့စီး ပွားရေးရော စစ်ရေးအင်အားပါ တောင့်တင်းတဲ့နိုင်ငံကြီးတွေက ခေါင်းဆောင်တွေပဲ G20 ကိုတက်ရောက်ခွင့်ရှိပြီး ကမ္ဘာ့နိုင်ငံရေး နဲ့စီးပွားရေးအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးကြတာဖြစ်တယ်'' ဟု နိုင်ငံ တော်သမ္မတစီးပွားရေးအကြံပေးတစ်ဦးဖြစ် သူဒေါက်တာအောင်ထွန်းသက်က ပြောသည်။
(၉)ကြိမ်မြောက်ကျင်းပမည့် G20 အစည်းအဝေးကြီးအား သြစတြေး လျနိုင်ငံ မြငျဘညေန မြို့၌ လာမည့်နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် နှစ်ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး အာဆီယံကိုယ်စားပြုအ နေဖြင့် ပထမဆုံးအကြိမ် သမ္မတဦးသိန်းစိန် တက်ရောက်ခြင်းဖြစ်သည်။
အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီအစရှိ သည်နိုင်ငံကြီးများတွင် တစ်နှစ်လျှင် တစ် ကြိမ်အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပ ကာလာမည့် ၂ဝ၁၅ခုနှစ်တွင် အိမ်ရှင်အဖြစ် တူရကီနိုင်ငံက လက်ခံကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment