
ရန်ကုန်၊ ဇူလိုင် ၂၇ ။ ။ အကောက်ခွန် နှုန်းထက် ဝက် လျှော့ပေါ့ပေး ထား သော်လည်း တရားမဝင်ဟန်းဆက် တင်သွင်းမှုများ ရှိနေဆဲဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရ သည်။ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်အတွင်း တရားမဝင်ဟန်းဆက် တင်သွင်းမှုများ လျော့နည်းစေရေး ဟန်းဆက်တင် သွင်းမှုအတွက် အ ကောက်ခွန်နှုန်းထားများကို ၁၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ ထက်ဝက်လျှော့ချပေးခဲ့ခြင်းဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာန မှ သိရသည်။
အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက '' ဇူလိုင်လ ၁၆ ရက်က မန္တလေးကျောက်ချော စစ်ဆေးရေးစခန်းမှာ ခန့်မှန်းကျပ်
၂၂၂ ဒသမ၈ သိန်း တန် ဖိုး ရှိ တရုတ် နိုင်ငံထုတ်ဟန်းဆက် ၉၅၀ လောက် ကိုတားဆီးနိုင်ခဲ့ပါတယ်'' ဟု ဆို သည်။
လက်ရှိ အကောက်ခွန်ဦးစီး ဌာနအနေဖြင့် ရန်ကုန်အပြည် ပြည်ဆိုင် ရာလေဆိပ်၊ ရေဆိပ်နှင့် အကောက်ခွန်နယ်မြေအသီးသီး တွင် ခွင့်ပြုချက် တစ်စုံတစ်ရာမပါ ရှိဘဲ တင်သွင်းလာသောကုန်ပစ္စည်း များကို စစ်ဆေးရှာဖွေ မှုများပြု လုပ်လျက်ရှိပြီး ဇူလိုင်လ ၁၀ ရက် မှ ၂၀ ရက်အတွင်း ခန့်မှန်းတန် ဖိုး ကျပ် ၁၈၅ဒသမ၈၁ သန်း တန်းဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်း များကို ဖမ်းဆီးရမိခဲ့ကြောင်းသိရ သည်။
အဆိုပါ ဖမ်းဆီးရမိမှုများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်မှ ၁၂ မှု၊ ခန့်မှန်းတန်ဖိုး ၁၄ဒသမ၈ သန်း၊ ဆိပ်ကမ်းများမှ ၄ မှု၊ ခန့်မှန်းတန်ဖိုး ၁၄ဒသမ၉ရ သန်းနှင့် နယ်စပ်ဒေသများမှ ၁၅မှု ခန့်မှန်းတန်ဖိုး ၁၅၆ဒသမဝ၄ သန်းဖြင့် အမှုပေါင်း ၃၁မှု ခန့် မှန်းတန်ဖိုး ၁၈၅ဒသမ၈၁ သန်း ဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ ထုတ်ပြန်ထားသည်။
ဟန်းဆက်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက''အခု ဟန်းဆက် တွေ တရားမဝင်တင်သွင်းတယ်ဆို တာ အခွန်နဲ့တော့ သိပ်မဆိုင်ဘူး ထင်တယ်၊ ဟန်းဆက်တင်သွင်းမှု ဆိုင်ရာမူဝါဒကြောင့် တရားမဝင်တင် သွင်းတာတွေရှိနေ တာ၊ အခုအချိန် မှာ ဖုန်းလိုင်းကတ်တွေဈေးပေါ တော့ ဟန်း ဆက်ကောင်းကောင်း လေးကို ကိုင်ချင်လာတော့ဟန်း ဆက်က ဈေး ကွက်မှာ လိုအပ်ချက် မြင့်လာတယ်၊ ဒါပေမဲ့ ဟန်းဆက် ကို တရားဝင်တင်သွင်းဖို့ဆိုရင် ဝန်ကြီးဌာန နှစ်ခုလောက်က ခွင့် ပြုရမှ သွင်းခွင့်ရတယ်၊ ဈေးကွက် ထဲမှာလဲ တရားမဝင်သွင်းတာတွေ ကရှိနေတော့ တရားဝင်တင် သွင်း ရောင်းတဲ့ လူတွေလဲ မှောင်ခိုနဲ့ ယှဉ်ပြီး ရောင်းဖို့အဆင်မပြေဘူး၊ တိုင်းပြည်အတွက်လည်း အခွန် မရတော့နစ်နာတယ်'' ဟု ဆို သည်။
#Democracytoday
No comments:
Post a Comment