Wednesday, July 30, 2014

ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ကို ရာထူးမှ နုတ်ထွက်ခွင့်ပြု



သမ္မတဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ ၂ ဦးကို ရာထူးမှ နုတ်ထွက် အနားယူခွင့်ပြုလိုက်ကြောင်း ယနေ့ ည ၈ နာရီ အစိုးရရုပ်မြင်သံကြားသတင်းဌာနက ကြေညာသွားသည်။ သမ္မတဦးသိန်းစိန်သည် ၀န်ကြီးများ နှင့် ဒုဝန်ကြီးများ ဖယ်ရှားရာတွင် မိမိဆန္ဒအရ ရာထူးမှ နုတ်ထွက်ခွင့်ပြုသည်ဆိုသော စကားရပ်ကိုသာ အများဆုံး သုံးစွဲလေ့ရှိသည်။

No comments:

Post a Comment