Tuesday, July 29, 2014

ရန်ကုန်မြို့လယ်၌ လူပေါင်း ရာနှင့်ချီစုဝေးမှု ဖြစ်


ရန်ကုန်၊ ဇူလိုင် ၂၈

ရန်ကုန်မြို့လယ် ဆူးလေစေတီ အနီး မဟာဗန္ဓုလလမ်းလမ်းဘေး တွင် ရပ်ထားသည့် ကားများကို လမ်းပြောင်းပြန် မောင်းဝင်လာသော ကား တစ်စီးက ဆင့်တိုက်ခဲ့ပြီး ဆူးလေး စေတီဘက်ကို ကွေ့ထွက်ပြေးရာ ကုန်သည်ကြီးများ ဟိုတယ် အနီး လမ်းလယ်ကျွန်းတွင် ရှိနေသည်လူများကို တိုက်သွားသဖြင့် ယင်းနေများ တွင် လူပေါင်း ရာနှင့်ချီ စုဝေးမှု ဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ဇူလိုင်လ ၂၈ရက်နေ့ ည ၁၀နာရီ ၃၀မိနစ်ဝန်းကျင်က အမျိုးသမီး ၄ ဦးနင့် အမျိုးသား ၂ ဦးလိုက်ပါလာသော ပရိုဘောက် ငွေရောင် 9D- 6213 ကားသည် ဆူးလေ ဘုရားအနီးကနေ မဟာဗန္ဓုလမ်းသို့ လမ်းပြောင်းပြန်ဝင်လာကာ လမ်ဘေးတွင် ရပ်ထားသည့် ကားလေးစီး ဝန်းကျင်ကို တိုက်ခဲ့ပြီးနောက် ဗိုလ်ဆွန်ပက် လမ်းထိပ်တွင် ကားပြန်ကွေ့၍ ဆူးလေစေတီကို ကွေ့ပတ်ကာ ဆူးလေလမ်းအတိုင်း မောင်းထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသား တစ်ဦးက ဆိုသည်။

ဆူးလေးဘုရားလမ်းအတိုင်း မောင်းထွက်ပြေးလာသည့် အဆိုပါ ကားသည် ကုန်သည်ကြီးများ ဟိုတယ်(ယခု ဆူးလေ-ရှန်ဂရီလာ) အရှေ့ လမ်းဆုံရှိ လူရပ်သည့် လမ်းလယ်ကျွန်းကို ဖြတ်ကျော်တက်ကာ ယင်းနေရာတွင် ရှိသည့် လူခုနှစ်ဦးကို တိုက်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် အမျိုးသမီးကြီး တစ်ဦးက ပြောကြားသည်။
------
------
--------
မနက်ဖြန်တွင် ထွက်ရှိမည့် The VOICE သတင်းစာတွင် သတင်း အပြည့်အစုံဖော်ပြပေးပါမည်။


 
 

No comments:

Post a Comment