Tuesday, July 29, 2014

" အောင်ပန်းမြို့ ဆက်သွယ်ရေးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား "


ရှမ်းပြည်နယ်တောင်ပိုင်းက အောင်ပန်းမြို့တွင် ဇူလိုင်၂၆ နေ့မနက်ပိုင်းတွင် ဆက်သွယ်ရေးရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အောင်ပန်းမြို့ ၄၀၇ ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးမှ ``၂၆ရက်နေ့မှာဖေါက်ခွဲလိုက်တဲ့ဗုံးမှာ အန္တရယ်ရှိနိုင်ပြီး အသက်အန္တရယ်စိုးရိမ်ရသည် အထိဖြစ်နိုင်ပါတယ်။´´ဟုပြောကြားသည်။
 

အောင်ပန်းမြို့ပြည်သာယာရပ်ကွက်နေ ကိုဇေယျာမှလဲ``အောင်ပန်းမှာဒါပထမဆုံး ဗုံးပေါက်တာပါ။ တော်တော်တော့ ထိတ်လန့်စရာကောင်းပါတယ်။´´ဟုပြောကြားသည်။

ဆက်သွယ်ရေးရုံးကတော့ အထိအခိုက်အပျက်အစီးများပြားခဲ့ပြီး ထရန်စဖော်မာ ပေါက်ကွဲခဲ့သောကြောင့် လျှပ်စစ်မီးခေတ္တပျက်တောက်နေခဲ့သည်။

သတင်း ၊ ဓာတ်ပုံ - အောင်သက်ခိုင်(အောင်ပန်း)


 
 
 
 

No comments:

Post a Comment