Monday, July 28, 2014

ရှမ်းပြည်နယ်တွင် ဆရာဝန် ၁၅ဝနီးပါး ခန့်အပ်ရန်စီစဉ်


ရန်ကုန်၊ ဇူလိုင် ၂၇- ရှမ်းပြည်နယ် တွင် ဆရာဝန် ၁၅၀ နီးပါး ခန့်အပ် သွားရန်ရှိကြောင်း ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက် တာမျိုးထွန်းက ပြော ကြားသည်။
အဆိုပါဒေသ တွင် လိုအပ်နေ သော လက်ထောက်ဆရာဝန်များ၊ တိုက် နယ်ဆရာဝန်များ၊ သွားဆရာဝန်များနေ ရာတွင်ဖြည့် တင်းသွားမည်ဖြစ်ကြောင်း သိရသည်။
''ရှမ်းပြည်နယ် အစိုးရအဖွဲ့အ နေနဲ့တော့ ဆရာဝန်တွေဖြည့်တင်းဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုတင်ပြထားပါတယ်။ ဘယ်တော့ခေါ် မယ်ဆိုတာတော့ အတိအကျမပြော နိုင်သေးပါဘူး။ မဖြစ်မနေကိုခန့်ရမှာပါ'' ဟု ဒေါက်တာမျိုးထွန်းက ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ် ၌ လက် ထောက်ဆရာဝန် ၆၁ ဦး၊ တိုက်နယ် ဆရာဝန် ၃၆ ဦးနှင့် သွားဆရာဝန် ၃၉ ဦးတို့ လိုအပ်နေကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ် မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ''တချို့နေရာတွေကျတော့ ဆရာဝန်တွေက မသွားကြတာ။ တချို့ နေရာတွေကျတော့ ရာထူးအသစ်ခန့် ရမှာကိုမခန့်တာပါ။ နေရာတော်တော် များများမှာတော့ ဆရာဝန်တွေ လိုအပ် နေပါသေးတယ်''ဟု ပြောသည်။
အဆိုပါ ဆရာဝန်များအား ယခုနှစ် အတွင်းခန့်အပ်နိုင်ရန် ခန့်မှန်းထား ကြောင်း၊ ရှမ်းပြည်နယ်အပါအဝင်စစ် ကိုင်းတိုင်းဒေ သကြီး၊ တနင်္သာရီတိုင်း ဒေသကြီး တို့တွင်လည်း ဆရာဝန်များ ခေါ်ယူရန် ပြင်ဆင်နေမှု များရှိနေကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်တွင် ခရိုင်ပေါင်း ၁၃ ခရိုင်တည်ရှိပြီး၊ မြို့နယ်ပေါင်း ၅၅ မြို့နယ်ရှိကာ ဆေးရုံပေါင်း ၁၅၆ ရုံရှိ ကြောင်း သိရသည်။
AA
‪#‎Democracytoday‬

No comments:

Post a Comment