Sunday, July 27, 2014

၂ဝ၁၄ ကြားဖြတ်၌ ပြည်သူ့ဆန္ဒခံယူရန် နိုင်ငံရေးပါတီများအသင့်ရှိနေ


ဗိုဟိန် (မြစ်မခ)

ရန်ကုန်၊ ဇူလိုင် ၂၅- ၂ဝ၁၄ ကြားဖြတ် ရွေးကောက်ပွဲကိုယှဉ်ပြိုင်ရန်အသင့်အနေ အထား၌ရှိနေပြီး ၂ဝ၁၅ ရွေးကောက်ပွဲအ တွက်လည်းပြင်ဆင်ထားသည်ဟု နိုင်ငံရေး အင်အားကြီးပါတီအချို့နှင့် တိုင်းရင်းသား ပါတီတစ်ခုမှတာဝန်ရှိသူများက ဆိုသည်။

၂ဝ၁၄ ကြားဖြတ်ရွေးကောက် ပွဲကျင်းပမည်ဆိုပါက လစ်လပ်နေရာအပြည့် ယှဉ်ပြိုင်ရန်အသင့်ရှိကြောင်းကို ဇူလိုင်လ ဆန်းပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့်ကိုယ်စားလှယ် လောင်းနှင့် နိုင်ငံရေးပါတီများမဲဆွယ်ကာ လဆိုင်ရာ လိုက်နာသင့်သည့် စည်းကမ်းများ ကိုသတင်းထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP ) ရန်ကုန်တိုင်းကော်မတီဝင် ဦးတင် လှိုင်က ပြောကြားလိုက်ခြင်းဖြစ်သည်။
'' ကြားဖြတ်ရွေးကောက်ပွဲကလဲ လုပ်မယ်ဆိုတာနဲ့ ပြိုင်မှာပါပဲ။ ပါတီကြီးတစ် ခုလဲဖြစ်ပါတယ်။ နိုင်တာ ရှုံးတာကတော့ ပြည်သူတွေရဲ့သဘောထားပါပဲ။ ပြည်သူအ များစုဆန္ဒအတိုင်း ကျွန်တော်တို့က လက်ခံ မှာပါ။ ပြိုင်တာကတော့ ကျွန်တော်တို့ နေ ရာအပြည့်ပြိုင်မှာပါ''ဟု ¤င်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီအနေဖြင့် ¤င်းတို့ပါတီအောင် နိုင်ရေးအတွက် မဲရုံကိုယ်စားလှယ်၊ မဲဆွယ် စည်းရုံးမှုနှင့်ရွေးကောက်ပွဲဥပဒေများ သင် ကြားပို့ချပေးသည့် ပြည်သူ့မဟာဗျူဟာဖော် ဆောင်ရေး ဆင့်ပွားသင်တန်းများကိုလည်း ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပို့ ချနေသည်ဟု သိရသည်။

''တစ်ကြိမ်ကို လူ ၄ဝဝ နဲ့ ရှစ် ကြိမ်ဖွင့်မှာ။ အခုခုနစ်ကြိမ်ရောက်နေပါပြီ။ ရှစ်ကြိမ်ပြီးရင်တော့ မြို့နယ်တွေမှာ ထပ်ပြီး ဖွင့်ပါမယ်။ ဒီလူတွေက ပြန်ဆင့်ပွားပြီးတော့ မြို့နယ်မှာ ဖွင့်ပါမယ်။ မြို့နယ်မှာကတော့ မဲရုံတွေ အရေအတွက်ကို လိုက်ပြီးတော့ မဲရုံမှာ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ဖို့ လျာထားတဲ့သူတွေ ဒါတွေအားလုံးကိုဖိတ် ကြားပြီးတော့မှ အားလုံးဟာ သင်တန်းတက် ပြီးသားဖြစ်နေအောင် ကြိုပြီးတော့ သိနေ အောင် ဒါတွေကို အခုကတည်းက စပြီး တော့ စီမံထားပါတယ်''ဟု ရန်ကုန်တိုင်းကော် မတီဝင် ဦးတင်လှိုင်က ဆက်ပြောသည်။

လက်ရှိလွှတ်တော်အတွင်း ကိုယ် စားလှယ်နေရာအများဆုံးရရှိထားသည့် အင် အားကြီးပါတီဖြစ်သည်နှင့်အညီ ၂ဝ၁၅ရွေး ကောက်ပွဲကိုလည်း နေရာအပြည့်ဝင်ပြိုင် သွားမည်ဖြစ်ကြောင်းနှင့် ထွက်ရှိလာမည့် ရွေးကောက်ပွဲကြေညာစာတမ်းအတိုင်း ပြည် သူကိုချပြဆောင်ရွက်သွားမည်ဖြစ်သော် လည်း ပြည်သူအဆုံးအဖြတ်အတိုင်း အနိုင် အရှုံးရလဒ်ခံယူသွားမည်ဟု ပြည်ခိုင်ဖြိုးပါ တီမှတာဝန်ရှိသူက ဆိုသည်။
အလားတူ ၂ဝ၁၂ ကြားဖြတ်ရွေး ကောက်ပွဲကာလက လစ်လပ်မဲဆန္ဒနယ်အားလုံးနီးပါးအနိုင်ရထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကလည်း ၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်ဟု သိရသည်။
ချင်းပြည်နယ်အတွင်း၌ ကြားဖြတ် ရွေးကောက်ပွဲအတွက် ဟားခါး၊ တီးတိန်မဲ ဆန္ဒနယ်များကို လစ်လပ်မဲဆန္ဒနယ်များအ ဖြစ် ကြေညာထားသော်လည်း လစ်လပ်မဲ ဆန္ဒနယ်တစ်ခုဖြစ်သည့် ဖလန်းမဲဆန္ဒနယ် အတွက် ကြေညာခြင်းမရှိသေးပေ။

''ကြားဖြတ်မှာတော့ ချင်းပြည် နယ်မှာ သုံးနေရာစလုံးဝင်ပြိုင်ဖို့စီစဉ်ထား ပါတယ်။ ရွေးကောက်ပွဲက ဒေါ်အောင်ဆန်း စုကြည်ပြောသလိုမနန တော့ တစ်စုံတစ်ရာ ဖြစ်ချင်ဖြစ်မယ်။ င်္ငေမ ဖြစ်မယ်တော့မထင် ဘူး။ ရွေးကောက်ပွဲမှာ လှည့်ကွက်တွေအများ ကြီးရှိနိုင်တယ်။ ကြံ့ခိုင်ရေးက နိုင်ငံတကာ လှည့်ပြီး သင်တန်းတက်နေတာ''ဟု ချင်းအမျိုး သားဒီမိုကရက်တစ်ပါတီမှ တွဲဖက်အတွင်းရေး မှူး ဆလိုင်းကျဲအိုဘိစ်ထောင်က ပြောသည်။
၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲ အတွက် လစ်လပ်မဲဆန္ဒနယ် ၃ဝ ကျော်ရှိ ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရက် ၉ဝ ကြိုတင်အကြောင်းကြားမည်ဖြစ် ပြီး နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလဆန်း ပိုင်းအတွင်း ကြားဖြတ်ရွေးကော်ပွဲကျင်းပ ဖွယ်ရှိသည်ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦး လှမောင်ချိုက အတည်ပြုပြောသည်။


 

No comments:

Post a Comment