Monday, July 28, 2014

ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ တွင် ဒေသခံဘွဲ့ရတိုင်းရင်းသားများ ဦးစားပေး အလုပ်ခန့်ထားသင့်ဟုဆို


ရန်ကုန်၊ ဇူလိုင် ၂၇- ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနများ၌ ဒေသ ခံဘွဲ့ရလူငယ်များကို ဦးစား ပေးခန့်ထားပါက ယင်းဒေသပိုမိုဖွံ့ ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း လောက် ကိုင်မဲဆန္ဒနယ်ပြည် သူ့ လွှတ် တော်ကိုယ်စားလှယ် ဦးကျော်နီ နိုင်က ဒီမိုကရေစီတူဒေးသတင်းစာ သို့ ပြောသည်။
''ဒီဒေသမှာ ရဲတွေဆိုရင်လည်း ဒေသခံတွေကို အများဆုံးခန့်တယ်။ ကျန်းမာရေးဘက်မှာဆိုလည်း ဒေသခံ တွေကို အများဆုံး ခန့်ပေးတယ်။ ဒေသခံတွေက ဘာသာစကားအနေ နဲ့ရော နယ်မြေအပိုင်းမှာပါ ကျွမ်း ကျင်ပြီး ဒေသနဲ့လည်းလိုက်လျော ညီထွေဖြစ်တဲ့အတွက် အဲ့ဒီနေရာ တွေမှာ ဒေသခံကို ဦးစားပေးခန့် အပ်ပေးဖို့ လိုအပ်ပါတယ်''ဟုယင်း က ဆိုသည်။
ယခင်အချိန်များတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် မြန်မာဘာသာ စကားအရလည်း ကျွမ်းကျင်မှုနည်းပါးခြင်း၊ ဘွဲ့ရ ပညာတတ် တိုင်းရင်းသားများ နည်းပါးခဲ့သည့်အတွက် ဒေသဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ ခြင်းမ ရှိသော်လည်း ယခုအခါဒေသခံ တိုင်းရင်းသားဘွဲ့ရပညာတတ် များစွာ ပေါ်ထွက် လာပြီ ဖြစ်သည့် အတွက် ထိုသူတို့ကို အဓိကအရေး ပါသော နေရာများတွင် ဦးစားပေးခန့်အပ် ဆောင်ရွက်ပေးရန်နှင့် ထိုသို့ဆောင် ရွက်ပေးမှသာလျှင် ယခင်ထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟု ယင်း ကဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဝ အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီမှ
ဦးညီ ပ လုပ် က''ဒေသခံ တိုင်း ရင်းသားတွေကို ခန့်အပ် တာကောင်း ပါတယ်။ ဒါပေမဲ့ တကယ့်အရည် အချင်းရှိတဲ့သူတွေကို ခန့်အပ်နိုင် ဖို့က ပိုအဓိကကျ ပါတယ် ။ ဒါမှဒေသ ကို ပိုပြီးတော့ ဖွံ့ဖြိုးအောင် လုပ် ဆောင်နိုင် မှာဖြစ်တယ်''ဟုဆိုသည်။
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ခြောက်ခုရှိပြီး ရှမ်း ပြည်နယ်တွင် ငါးခုနှင့် နာဂဒေသ တို့ဖြစ်သည်။ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ တိုင်းနှင့် ဒေသ များရှိ ဒေသခံတိုင်း ရင်းသားဘွဲ့ရလူငယ်များမှာ မိမိ တို့ဒေသ ဖွံ့ဖြိုးတိုးတက် ရန်အတွက် လုပ်ငန်း တာဝန်များ ထမ်းဆောင် ရန် အဆင့် သင့်ဖြစ်နေပြီဖြစ်ကြောင်း လည်း သိရသည်။
TGT
‪#‎Democracytoday‬

No comments:

Post a Comment