
မကွေး၊ ဇူလိုင် ၂၇- မကွေးတိုင်းဒေ သကြီး ရေနံချောင်းမြို့နယ် ကျေးရွာ တချို့တွင် ဧရာဝတီမြစ်ကမ်းပါးပြို လျက်ရှိပြီး နေအိမ် များ ပြောင်းရွှေ့ နေ ရကြောင်း မာန်မြေကျေးရွာအုပ်စု မှ ဒေသခံတစ်ဦး က ပြောသည်။
''ဇူလိုင်လဆန်း ကစပြီး ယခု ရက်အထိ တစ်ရက်ခြားဆိုသလို ဧရာဝတီ မြစ် ကမ်းက ပြိုနေတာ။ တစ်ရွာတစ်ရွာမှာ လူနေအိမ် ၁၀ အိမ်မှ ငါးအိမ် အထိ ပြောင်းရွှေ့ နေရတယ်။ မြေနေရာကလဲ ဝယ်ပြီး နေရတယ်။ ဒီမြေကွက်ကို အပြင် က ဝယ်ရတယ်။ ဘယ်သူကမှ အလ ကားမပေးဘူး''ဟု မာန်မြေကျေးရွာ မှ ဒေသခံတစ်ဦးက ဆိုသည်။
မာန်မြေကျေးရွာတွင် နှစ်စဉ် မြစ်ကမ်းပြို မှုကို ကြုံတွေ့နေရပြီး ယမန် နှစ် အောက် တိုဘာလမှ နိုဝင်ဘာ လအထိ အိမ်ခြေ၅ဝနီး ပါး ပြောင်း ရွှေ့ခဲ့ရသည်။
''စိုက်ပျိုးရေးကို အခြေခံပြီး လုပ်ကိုင်စားသောက်တဲ့ရွာပါ။ ယခု ရက်ပိုင်း မြစ် ကမ်းပြိုမှုကြောင့် ကိုင်း မြေ ဧက၅ဝခန့် ပျက်စီး ခဲ့တော့ တော် သလင်းလမှာ စိုက်ဧကလျော့တော့ မှာပါ''ဟု ဒေသခံ ကိုနိုင်မင်းထွန်းက သုံး သပ်ပြောကြား သည်။
မြစ်ကမ်းပြိုခြင်းကို ရေနံချောင်း မြို့နယ်တွင် မာန်မြေကျေးရွာ၊ ရွာ သာကုန်းကျေး ရွာများအပြင် သူဌေး ကုန်းနှင့် သမ္ပာန္တင်ကျေး ရွာများ၌ နှစ် စဉ် ကြုံတွေ့နေရပြီး ယခုနှစ်တွင် ကိုင်းမြေနှင့် အိမ်ဝိုင်းမြေများ ပိုမို ၍ ပျက်စီးဆုံးရှုံးကြောင်း သိရသည်။
SN
#Democracytoday
No comments:
Post a Comment