Tuesday, July 29, 2014

“ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်သော အချိုးကျ ကိုယ်စားပြုစနစ် ကို



ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် “ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်သော အချိုးကျ ကိုယ်စားပြုစနစ်
ကို အခြေခံသည့် ရွေးကောက်ပွဲ နည်းလမ်းကို ပြည်သူ့လွှတ်တော်
ရွေးချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေး” အဆိုနှင့်
စပ်လျဉ်း၍ လွှတ်တော်တွင် ဆွေးနွေးမည်
အခြေခံဆရာ၊ ဆရာမများ သင်ကြားမှုစွမ်းဆောင်ရည် မြင့်မားရေး
သင်တန်းများကို စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးရေးကိစ္စ၊ တက္ကသိုလ်ကျောင်းများရှိ လက်တွေ့ခန်းများ၌ သိပ္ပံပစ္စည်းများ ဝယ်ယူရန် ဘတ်ဂျတ်ခွဲဝေသုံးစွဲမှု အခြေအနေကိစ္စ၊ လူငယ်များမျိုးချစ်စိတ်ဓာတ်၊ အတွေးခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးအတွက်
နိုင်ငံတော်မှ မည်ကဲ့သို့ စီမံဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် စပ်လျဉ်းသော မေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦး
တို့ကမေးမြန်းကြမည်ဖြစ်ပြီး “မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဥပဒေကြမ်း”၊ “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ
ဥပဒေကြမ်း” တို့ကို ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းမည်။

အစည်းအဝေးအစီအစဉ်အပြည့်အစုံ Download ရယူရန်
http://pyithuhluttaw.gov.mm/sites/default/files/agenda/2014/07/29/Agenda%2029-7-2014_%2837%29.pmd_.pdf

No comments:

Post a Comment