Monday, August 25, 2014

မြန်မာနိုင်ငံအရေး ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ပြောဆိုလိုက်ပြီလဲ

၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံ အနာဂတ်အရေးကို ဆုံးဖြတ်မယ့်ကာလ ဖြစ်တယ်လို့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
စာပေအနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံ အနာဂတ်အတွက် အဆုံးအဖြတ်ပေးချိန်မှာ အများယူဆသလို ၂၀၁၅
ခုနှစ် မဟုတ်ဘဲ ၂၀၁၄ ခုနှစ်က အဆုံးအဖြတ် ပေးမယ်လို့ သူက ဆိုပါတယ်။

လက်ရှိအချိန်ဟာ နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်တဲ့အတွက် ၂၀၁၄
ခုနှစ်မှာ လမ်းမှန်ပေါ်သို့ ရောက်ရှိမှသာ ၂၀၁၅ခုနှစ်မှာ လိုချင်တဲ့
ပန်းတိုင်သို့ ရောက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“စာပေအနုပညာရှင်များဟာ အားလုံး ဝိုင်းဝန်းပြီးတော့ ကျွန်မတို့နိုင်ငံ
အခုရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ကူညီစေချင်တယ်။
ပါဝင်စေချင်တယ်။ တက်တက်ကြွကြွနဲ့ ဦးဆောင်မှု ပေးစေချင်ပါတယ်”လို့ သူက
တိုက်တွန်းပါတယ်။

စာပေအနုပညာရှင်တွေနဲ့ တွေ့ဆုံခြင်းမှာ နိုင်ငံတိုးတက်ရေး
လမ်းကြောင်းပေါ်သို့ ရောက်ရှိရေး ဘယ်လို့ ဝိုင်းဝန်းလုပ်ဆောင်သင့်လဲ
အဖြေတစ်ခုရှာဖွေဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

မြန်မာနိုင်ငံလို့ အားလုံးဝိုင်းဝန်း ရုန်းကန်လုပ်ဆောင်ရမယ့် အချိန်မှာ
အနုပညာရှင်တွေ အနုပညာ သက်သက်အတွက်ပဲ ရပ်တည်မှုမျိုး မဖြစ်စေဖို့နဲ့
အားလုံးလက်တွဲ လုပ်ဆောင်နိုင်ဖို့အတွက် တွေ့ဆုံတာလို့လည်း သူကဆက်ပြောပါတယ်။

ရန်ကုန်မြို့တော် ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ဩဂုတ်လ
၂၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေ အနုပညာရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။
Credit - The Voice

မြန်မာနိုင်ငံအရေး ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ပြောဆိုလိုက်ပြီလဲ

- See more at: http://thevoicemyanmar.com/index.php/news/item/2244-das#sthash.miU5kfhU.dpuf
    
၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံ အနာဂတ်အရေးကို ဆုံးဖြတ်မယ့်ကာလ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စာပေအနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံ အနာဂတ်အတွက် အဆုံးအဖြတ်ပေးချိန်မှာ အများယူဆသလို ၂၀၁၅ ခုနှစ် မဟုတ်ဘဲ ၂၀၁၄ ခုနှစ်က အဆုံးအဖြတ် ပေးမယ်လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်ဟာ နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်တဲ့အတွက် ၂၀၁၄ ခုနှစ်မှာ လမ်းမှန်ပေါ်သို့ ရောက်ရှိမှသာ ၂၀၁၅ခုနှစ်မှာ လိုချင်တဲ့ ပန်းတိုင်သို့ ရောက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“စာပေအနုပညာရှင်များဟာ အားလုံး ဝိုင်းဝန်းပြီးတော့ ကျွန်မတို့နိုင်ငံ အခုရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ကူညီစေချင်တယ်။ ပါဝင်စေချင်တယ်။ တက်တက်ကြွကြွနဲ့ ဦးဆောင်မှု ပေးစေချင်ပါတယ်”လို့ သူက တိုက်တွန်းပါတယ်။
စာပေအနုပညာရှင်တွေနဲ့ တွေ့ဆုံခြင်းမှာ နိုင်ငံတိုးတက်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိရေး ဘယ်လို့ ဝိုင်းဝန်းလုပ်ဆောင်သင့်လဲ အဖြေတစ်ခုရှာဖွေဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
မြန်မာနိုင်ငံလို့ အားလုံးဝိုင်းဝန်း ရုန်းကန်လုပ်ဆောင်ရမယ့် အချိန်မှာ အနုပညာရှင်တွေ အနုပညာ သက်သက်အတွက်ပဲ ရပ်တည်မှုမျိုး မဖြစ်စေဖို့နဲ့ အားလုံးလက်တွဲ လုပ်ဆောင်နိုင်ဖို့အတွက် တွေ့ဆုံတာလို့လည်း သူကဆက်ပြောပါတယ်။
ရန်ကုန်မြို့တော် ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ဩဂုတ်လ ၂၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေ အနုပညာရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

No comments:

Post a Comment